Unicode

တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာစစ်ဆေးခြင်း လုပ်ငန်းများကို ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်တုန့်ပြန်ရေးကာလ၏ သက်တမ်းမတိုးမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က့ပြောသည်။အစိုးရမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် အရေးပေါ်တုန့်ပြန်ရေးကာလကို ယခင်က ဧပြီ ၃၀ အထိသတ်မှတ်ခဲ့သော်လည်း ယခုအခါ ကူးစက်ပြန့်ပွားအခြေအနေအရ မေ ၁၅ အထိ သက်တမ်းတိုးမြှင့်ထားရာ ၎င်းကာလ နောက်ပိုင်းတွင် အခြေအနေအရသာ စာစစ်လုပ်ငန်းများဆောင်ရွက်နိုင်မည်ဖြစ်သည်။



“မေ ၂၀အထိ နောက်ဆုတ်လိုက်တယ်ဆိုတာ မဟုတ်ဘူး။ အခုက အရေးပေါ်တုန့်ပြန်ရေးကာလကို မေ၁၅အထိလုပ်ထားတယ်လေ။အဲ့ဒီရက်မှာ မကူးတော့ဘူး၊ရပ်ပြီဆိုရင် ၁၆ ၊ ၁၇ ဆိုစမှာ”ဟု ဦးမျိုးညွှန့်ကဆိုသည်။ ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ္လ ၂၀ရက်နေ့တွင်ဖြေဆိုပြီးစီးခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်းကြေညာသည့်ရက်မှာ မတ်လ ၂၃ ရက်နေ့ဖြစ်ပြီး ယင်းနောက်ပိုင်းမှစတင်ကာ အဖြေလွှာစစ်ဆေးခြင်းလုပ်ငန်းများကို ရပ်ဆိုင်းခဲ့သည်မှာ ယနေ့အထိ ဖြစ်သည်။


၂၀၂၀ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသားကျောင်းသူ ကိုးသိန်းကျော်ဝင်ရောက်ဖြေဆိုခဲ့ပြီး လက်ရှိအခြေအနေအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်မှသာ စာစစ်လုပ်ငန်းများစတင်နိုင်မည်ဖြစ်သည့်အတွက် အောင်စာရင်း ထုတ်ပြန်နေကျဖြစ်သည့် ဇြန္လ ဒုတိယအပတ်တွင် ထုတ်ပြန်နိုင်ရန်သေချာမှုမရှိတော့ ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှသိရသည်။ မတ်လ ၂၃ရက်မှစတင်ပြီး ဧပြီလ ၃၀ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်မှာ ၁၅၀ဦးရှိပြီး သေဆုံးသူ ၆ဦးရှိခဲ့သည်။


Zawgyi


တကၠသိုလ္ဝင္စာေမးပြဲ အေျဖလႊာစစ္ေဆးျခင္း လုပ္ငန္းမ်ားကို ကို႐ိုနာဗိုင္းရပ္စ္ အေရးေပၚတုန႔္ျပန္ေရးကာလ၏ သက္တမ္းမတိုးမွသာ ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးမ်ိဳးၫႊန႔္က ႔ေျပာသည္။အစိုးရမွ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမႈကို ထိန္းခ်ဳပ္ႏိုင္ရန္ အေရးေပၚတုန႔္ျပန္ေရးကာလကို ယခင္က ဧၿပီ ၃၀ အထိသတ္မွတ္ခဲ့ေသာ္လည္း ယခုအခါ ကူးစက္ျပန႔္ပြားအေျခအေနအရ ေမ ၁၅ အထိ သက္တမ္းတိုးျမႇင့္ထားရာ ၎ကာလ ေနာက္ပိုင္းတြင္ အေျခအေနအရသာ စာစစ္လုပ္ငန္းမ်ားေဆာင္႐ြက္ႏိုင္မည္ျဖစ္သည္။



“ေမ ၂၀အထိ ေနာက္ဆုတ္လိုက္တယ္ဆိုတာ မဟုတ္ဘူး။ အခုက အေရးေပၚတုန႔္ျပန္ေရးကာလကို ေမ၁၅အထိလုပ္ထားတယ္ေလ။အဲ့ဒီရက္မွာ မကူးေတာ့ဘူး၊ရပ္ၿပီဆိုရင္ ၁၆ ၊ ၁၇ ဆိုစမွာ”ဟု ဦးမ်ိဳးၫႊန႔္ကဆိုသည္။ ၂၀၂၀ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို မတႅ ၂၀ရက္ေန႔တြင္ေျဖဆိုၿပီးစီးခဲ့ၿပီး ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရေၾကာင္းေၾကညာသည့္ရက္မွာ မတ္လ ၂၃ ရက္ေန႔ျဖစ္ၿပီး ယင္းေနာက္ပိုင္းမွစတင္ကာ အေျဖလႊာစစ္ေဆးျခင္းလုပ္ငန္းမ်ားကို ရပ္ဆိုင္းခဲ့သည္မွာ ယေန႔အထိ ျဖစ္သည္။


၂၀၂၀ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ေက်ာင္းသားေက်ာင္းသူ ကိုးသိန္းေက်ာ္ဝင္ေရာက္ေျဖဆိုခဲ့ၿပီး လက္ရွိအေျခအေနအရ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမႈ ထိန္းခ်ဳပ္ႏိုင္မွသာ စာစစ္လုပ္ငန္းမ်ားစတင္ႏိုင္မည္ျဖစ္သည့္အတြက္ ေအာင္စာရင္း ထုတ္ျပန္ေနက်ျဖစ္သည့္ ျဇႏႅ ဒုတိယအပတ္တြင္ ထုတ္ျပန္ႏိုင္ရန္ေသခ်ာမႈမရွိေတာ့ ေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွသိရသည္။ မတ္လ ၂၃ရက္မွစတင္ၿပီး ဧၿပီလ ၃၀ရက္ေန႔အထိ ျမန္မာႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူအေရအတြက္မွာ ၁၅၀ဦးရွိၿပီး ေသဆုံးသူ ၆ဦးရွိခဲ့သည္။


Credit The Voice


Post a Comment

Previous Post Next Post