(Unicode)

ကိုယ်ဝန်ရလာတဲ့ နောက်ပိုင်း ကလေးကိုစိတ်မဝင်စားဘူးဆိုတာမျိုး သိလိုက်ရတော့ ပိုဆိုးသွားတယ်။ ညီမကို အခန်းမှာ ထားပြီး ပြန်ကို မလာတာ။ ဖုန်းဆက်လည်း သူပြန်မလာဘူးပေါ့။ ဖုန်းကလည်းကိုင်ချင်ကိုင်တယ် ။ ညီမ မိဘတွေဆီပြန်လာပြီးနောက်ပိုင်း သူ့ဘက် က လုံးဝဆက်သွယ်တာမရှိဘူး။ အဲ့ဒါကြောင့် ညီမက ကွာရှင်းခွင့်နဲ့ ရပိုင်ခွင့် တရားမှုနဲ့ တင်ထားတာပေါ့နော်”ဟု မခင်ငြိမ်းချမ်းကပြော သည်။

မခင်ငြိမ်းချမ်းသည် မောင်မောင်လွင်နှင့် လက်ထပ်ပြီး အဆင်မပြေမှုများကြောင့် ပြီးခဲ့သော မတ်လလယ်ခန့်က မိဘများဆီပြန်လာ ခဲ့ သည်။ထိုအချိန်ကတည်းက တရားစွဲဆိုရန် အစီအစဉ်ရှိခဲ့သော်လည်း ကိုဗစ်-၁၉ ကြောင့် ယခုမှ တရားစွဲဆို ရခြင်း ဖြစ်ကြောင်း သိရသည်။ မောင်မောင်လွင်အားဇနီးဖြစ်သူ ဒီဇိုင်နာ မခင်ငြိမ်းချမ်းမှ အနောက်ပိုင်းခရိုင်တရားရုံး နှင့် လှိုင်မြို့နယ်ရားရုံးတို့တွင် တရားစွဲဆိုထားသည်။



မောင်မော င်လွင် နှင့် မခင်ငြိမ်းချမ်းတို့သည် ပြီးခဲ့သောဖေဖော်ဝါရီလက တရားဝင်လက်ထက်ခဲ့ကြပြီး နောက်ပိုင်း၌ အဆင်မှုများ ရှိလာ ကာ မခင်ငြိမ်းချမ်းမှ ၄င်အား မေလ ၂၃ရက်နေ့တွင် အနောက်ပိုင်းခရိုင်တရားရုံးတွင် ကွာရှင်းပြတ်စဲခွင့်နှင့် ပစွည်းရယူပိုင်ခွင့်အတွက် တ ရားမမှုဖြင့်လည်း ကောင်း၊ မေလ ၂၅ရက်နေ့၌ လှိုင်မြိုနယ်တရားရုံးတွင် ပုဒ်မ ၄၁၇ဖြင့်လည်ကောင်း တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ကျနော့် ဇနီး နဲ့ ပြီး ခဲ့တဲ့ ဖေဖော်ဝါရီလ (၇) ရက်နေ့က မင်္ဂလာဦး ဆွမ်းကျွေးပြီး တရားဝင် လက်ထပ် ခဲ့ကြတာပါ။ ကျနော့် မိသားစု အ တွက် ပိုက်ဆံ ရှာနေတဲ့ အချိန်မှာ သူ့ကို အချိန်မပေးနိုင် ခဲ့ဘူး ဖြစ်ခဲ့တာပါ။ကျနော် တို့ ပေါင်းသင်း ခဲ့တာ (၃) လ ကျော်ကျော်ဘဲ ရှိပါသေး တယ်” လို့ ဇနီးဖြစ်သူ က ကွာရှင်း ပေးရန် ၊ နစ်နာမှု လျော်ကြေးငွေ ကျပ် သိန်း (၁,၀၀၀) တောင်းခံမှု အပေါ် ပြောလာတာပါ။

REF:   Myanmar Celebrity TV


(Zawgyi)









Post a Comment

Previous Post Next Post