(Unicode)

Case-185 လူနာကိုလာရောက်ပို့ဆောင်ခဲ့တဲ့ကားမှာ မြိတ်မြို့သို့ လည်းဝင်ရောက်ခဲ့တဲ့အတွက် ယာဉ်မောင်းနှင့်ထိတွေ့နိုင်သည့် နေရာ များကိုလိုက်လံစုံစမ်းနေ

တနင်္သာရီတိုင်းဒေသကြီးတွင် ပထမဆုံးအတည်ပြုလူနာအဖြစ် သတ်မှတ်ခဲ့ရသည့် Case -185 လူနာမှာ မလေးရှားနိုင်ငံမှ ရန်ကုန်မြို့သို့ ရောက်လာတာဖြစ်ပြီး ရန်ကုန်မှတဆင့်ထားဝယ်မြို့သို့ အောင်ကျော်မိုးကားလိုင်း( ပြည်မြို့ ) ခရီးသည်တင်ကားဖြင့် ရောက်လာခြင်းဖြစ်ကြောင်း သိရပါတယ်။

ထားဝယ်မြို့သို့ ရောက်ရှိစဉ် အတည်ပြုလူနာအဖြစ် ကြေငြာခဲ့ရပြီး ယာဉ်လိုင်းမှ ကားမှာ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသွားစဉ် လမ်းခရီးတွင် မြိတ်မြို့သို့မောင်းနှင်နေတဲ့ သီဟမင်း ယာဉ်လိုင်းမှ ကားမှာပျက်နေတာကို တွေ့ခဲ့ရကြောင်းသီဟမင်းယာဉ်လိုင်းမှ အကူအညီတောင်းခံတဲ့အတွက် ကုန်ပစ္စည်းများကို ပြန်လည် တင်ဆောင်ပေးကာ အောင်ကျော်မိုး ကားလိုင်းမှာမြိတ်မြို့သို့ ပြန်လည်မောင်းနှင်လာကြောင်း သိရပါတယ်။


မြိတ်မြို့အဝေးပြေးကားဝင်းရှိ သီဟမင်းကားဂိတ်တွင် ကုန်စိမ်းများ ပြန်လည်ချပြီးရန်ကုန်မြို့သို့ ချက်ချင်းထွက်ခွာသွားပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်မှာ Case-185 လူနာလိုက်ပါလာတဲ့ ကားတွင် ဖြစ်နေတဲ့အတွက် ရန်ကုန်မြို့တွင် ၂၁ ရက် Quarantine ဝင်နေ ကြောင်းသိရပါတယ်။

သို့ရာတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ထိတွေ့ခဲ့တဲ့ ကားဂိတ်၊ထမင်းဆိုင်၊ လက်ဘက်ရည်ဆိုင်များနှင့် တခြားနေရာ များလည်း ဖြစ်နိုင်တဲ့အတွက် တာဝန်ရှိသူများက လတ်တလော အခြေအနေတွင် လိုက်လံစုံစမ်းနေကြောင်း သိရပါတယ်။

ထားဝယ်မြို့မှာ ပိုးတွေ့ရှိခဲ့တဲ့လူနာနဲ့ ထိတွေ့ခဲ့တဲ့မိသားစုဝင် ၇ ဦးကို Quarantine ထားရှိပြီး swab ရယူ စစ်ဆေးမည်ဟုသိရပါတယ်။

မြတ်ထွဋ် (မြိတ်)


(Zawgyi)

Case-185 လူနာကိုလာေရာက္ပို့ေဆာင္ခဲ့တဲ့ကားမွာ ၿမိတ္ၿမိဳ့သို႔ လည္း၀င္ေရာက္ခဲ့တဲ့အတြက္ ယာဥ္ေမာင္းႏွင့္ထိေတြ႕နိုင္သည့္ ေနရာ မ်ားကိုလိုက္လံစုံစမ္းေန

တနသၤာရီတိုင္းေဒသႀကီးတြင္ ပထမဆုံးအတည္ျပဳလူနာအျဖစ္ သတ္မွတ္ခဲ့ရသည့္ Case -185 လူနာမွာ မေလးရွားနိုင္ငံမွ ရန္ကုန္ၿမိဳ့သို႔ ေရာက္လာတာျဖစ္ၿပီး ရန္ကုန္မွတဆင့္ထား၀ယ္ၿမိဳ့သို့ ေအာင္ေက်ာ္မိုးကားလိုင္း( ျပည္ၿမိဳ့ ) ခရီးသည္တင္ကားျဖင့္ ေရာက္လာျခင္းျဖစ္ေၾကာင္း သိရပါတယ္။

ထား၀ယ္ၿမိဳ့သို့ ေရာက္ရွိစဥ္ အတည္ျပဳလူနာအျဖစ္ ေၾကျငာခဲ့ရၿပီး ယာဥ္လိုင္းမွ ကားမွာ ရန္ကုန္ၿမိဳ့သို႔ ျပန္လည္ထြက္ခြာသြားစဥ္ လမ္းခရီးတြင္ ၿမိတ္ၿမိဳ့သို့ေမာင္းႏွင္ေနတဲ့ သီဟမင္း ယာဥ္လိုင္းမွ ကားမွာပ်က္ေနတာကို ေတြ႕ခဲ့ရေၾကာင္းသီဟမင္းယာဥ္လိုင္းမွ အကူအညီေတာင္းခံတဲ့အတြက္ ကုန္ပစၥည္းမ်ားကို ျပန္လည္ တင္ေဆာင္ေပးကာ ေအာင္ေက်ာ္မိုး ကားလိုင္းမွာၿမိတ္ၿမိဳ့သို႔ ျပန္လည္ေမာင္းႏွင္လာေၾကာင္း သိရပါတယ္။



ၿမိတ္ၿမိဳ့အေဝးေျပးကား၀င္းရွိ သီဟမင္းကားဂိတ္တြင္ ကုန္စိမ္းမ်ား ျပန္လည္ခ်ၿပီးရန္ကုန္ၿမိဳ႕သို႔ ခ်က္ခ်င္းထြက္ခြာသြားၿပီး ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္မွာ Case-185 လူနာလိုက္ပါလာတဲ့ ကားတြင္ ျဖစ္ေနတဲ့အတြက္ ရန္ကုန္ၿမိဳ့တြင္ ၂၁ ရက္ Quarantine ၀င္ေန ေၾကာင္းသိရပါတယ္။

သို့ရာတြင္ ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္တို့ ထိေတြ႕ခဲ့တဲ့ ကားဂိတ္၊ထမင္းဆိုင္၊ လက္ဘက္ရည္ဆိုင္မ်ားႏွင့္ တျခားေနရာ မ်ားလည္း ျဖစ္နိုင္တဲ့အတြက္ တာ၀န္ရွိသူမ်ားက လတ္တေလာ အေျခအေနတြင္ လိုက္လံစုံစမ္းေနေၾကာင္း သိရပါတယ္။



ထား၀ယ္ၿမိဳ့မွာ ပိုးေတြ႕ရွိခဲ့တဲ့လူနာနဲ႔ ထိေတြ႕ခဲ့တဲ့မိသားစု၀င္ ၇ ဦးကို Quarantine ထားရွိၿပီး swab ရယူ စစ္ေဆးမည္ဟုသိရပါတယ္။

ျမတ္ထြဋ္ (ၿမိတ္)



Post a Comment

Previous Post Next Post