(Unicode)

မေလ ၁၇ ရက်နေ့တွင် မရမ်းကုန်း မြို့နယ်နေ အသက် ၅၇ နှစ် ရှိသူသည် ခရီးသွား ရာဇဝင် မရှိ၊ ကူးစက်ခံရသူ နှင့် လည်း ထိတွေ့ခဲ့ခြင်း မရှိပါပဲလျှက် ကူးစက်ခံခဲ့ရသည်ဟု ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ကြေငြာခဲ့ပြီးနောက် အလားတူ ကူးစက်ခံရမှု မျိုး မတွေ့ရှိသည်မှာ ဆယ်ရက်အတွင်း ဝင်ရောက်လာပြီ ဖြစ်ပါတယ်။

သို့သော် မေလ ၁၆ ရက် မှ ၂၅ ရက်အတွင်း မလေးရှား၊ ယူအေအီး၊ အိန္ဒိယ နှင့် အီတလီ နိုင်ငံများမှ ပြန်လာသူများအထဲ ၂၅ ဦးထံတွင် ရောဂါပိုး တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ဗုဒ္ဓဟူးနေ့အထိ ၂၁,၅၉၃ ဦးအား စမ်းသပ်ခဲ့ရာတွင် စုစုပေါင်း ကူးစက်ခံထားရသူ ၂၀၆ ဦး၊ ပြန်လည် ကျန်းမာလာသူ ၁၂၄ ဦး နှင့် သေဆုံးသူ ၆ ဦး ရှိနေပြီ ဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန မှ ကြေငြာချက် ထုတ်ပြန်ထားပါတယ်။



အစိုးရမှာလည်း လုပ်ငန်းများ ပြန်လည်စတင်နိုင်ပြီး ပြည်တွင်း ငွေကြေးလည်ပတ်မှု အားကောင်းစေရန် ဦးစားပေး လုပ်ကိုင်ရန် ပြင်ဆင်ထားသည့် အခြေခံ အဆောက်အအုံ စီမံကိန်းများ အတွက် စီမံဘဏ္ဍာနှင့် စက်မှု ဝန်ကြီး ဌာနသည် စင်္ကာပူရှိ Infrastructure Asia (IA) နှင့် သဘောတူ စာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။ အဆိုပါ သဘောတူညီချက် အရ IA မှ မြန်မာ၏ ရေရှည် တည်တံ့မည့် အခြေခံ အဆောက်အအုံ စီမံကိန်းများတွင် ပါဝင် ရင်နှီးမြုပ်နှံနိုင်မည့် လုပ်ငန်းများကို ရှာဖွေ စီစစ် သွားမှာ ဖြစ်ပါတယ်။

အဆိုပါ သဘောတူ စာချုပ်ကို အွန်လိုင်း မှ လက်မှတ်ရေးထိုးပွဲသို့ မြန်မာဘက်မှ ဝန်ကြီး ဦးစိုးသိမ်း ၊ စင်္ကာပူ ဘက်မှ ဝန်ကြီးချုပ်ရုံး ဝန်ကြီး နှင့် ဒုတိယ ဘဏ္ဍာရေး ဝန်ကြီး မစ္စက် အင်ဒရာနီ ရာဂျာတို့ တက်ရောက် ခဲ့ကြပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါဆိုး လွန်မြောက်ပြီးသည့်အခါ ကျေးလက်နေ တောင်သူ လယ်သမားများအား ပြန်လည် အားဖြည့်ပေးနိုင် ရေး အတွက် စားနပ်ရိက္ခာ နှင့် လယ်ယာ စိုက်ပျိုးရေး စနစ် စီမံချက် အကောင်အထည် ဖေါ်ရန် ကမ္ဘာဘဏ်မှ ဒေါ်လာ သန်း ၂၀၀ ချေးငှားခွင့် ရယူနိုင်ခဲ့သည်။ ချေးငွေများအား လယ်ယာစိုက်ပျိုးရေး သုတေသန နှင့် ဖွံ့ဖြိုးရေး၊ တောင်သူများ အား အသိပညာ ဗဟုသုတများ ဖြန့်ဖြူးပေးရေး နှင့် လယ်ယာထွက်ကုန်များ အရည်အသွေး မြှင့်တင်ရေး များ တွင် အသုံးပြုသွားမယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ အတွက် စိုက်ထုတ် သုံးစွဲခဲ့ရသဖြင့် ငါးနှစ်အတွင်း အမြင့်ဆုံး ဖြစ်လာခဲ့သော ဘတ်ဂျက် လိုငွေပြမှုများ ထေမိစေရန် ကမ္ဘာငွေကြေး ရံပုံငွေ အဖွဲ့မှ ဒေါ်လာ သန်း ၇၀၀ ချေးငှားရန် လွှတ်တော်က အတည်ပြုပေးခဲ့ပြီ ဖြစ်ပါတယ်။



မေလဆန်းတွင် စီမံဘဏ္ဍာ ဒုဝန်ကြီး ဦးဆက်အောင်မှ စီးပွားရေးအား ပြန်လည် ကုစားနိုင်ရန် ရေးဆွဲထားသော CERP စီမံချက်များ အတွက် နိုင်ငံတကာ အဖွဲ့အစည်းများ မှ ဒေါ်လာ ၂ ဘီလီယံ ရရှိမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

နေပြည်တော်တွင် တရုတ်မှ လန်ကမ်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများအတွက် အထူးရံပုံငွေအဖြစ် ဒေါ်လာ ၆.၇ သန်း လွှဲပြောင်းပေးအပ်တဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပြန်ပါတယ်။

လန်ကမ်သည် ယူနန်ပြည်နယ်အတွင်းရှိ မဲခေါင်မြစ် အထက်ပိုင်းအား ခေါ်ဝေါ်သော အမည် ဖြစ်ပြီး အဆိုပါ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် တရုတ်၊ ကမ္ဘောဒီယား၊ လာအို၊ မြန်မာ၊ ထိုင်း နှင့် ဗီယက်နမ်တို့ ပူးပေါင်းဆောင်ရွက်ရန် ၂၀၁၆ တွင် သဘောတူညီခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါ သဘောတူညီချက်များအရ ၂၀၁၈ မှစ၍ မြန်မာ အား အထူးစီမံကိန်း ၅၁ ခု အတွက် ရံပုံငွေများ လွှဲအပ်ပေးလာခဲ့သည်မှာ စုစုပေါင်း ဒေါ်လာ ၁၆ သန်းကျော် ရှိသွားပြီ ဖြစ်တယ်လို့ ဆိုပါတယ်။ (လှစိုးဝေ)

(Zawgyi)

ေမလ ၁၇ ရက္ေန႔တြင္ မရမ္းကုန္း ၿမိဳ႕နယ္ေန အသက္ ၅၇ ႏွစ္ ရွိသူသည္ ခရီးသြား ရာဇဝင္ မရွိ၊ ကူးစက္ခံရသူ ႏွင့္ လည္း ထိေတြ႕ခဲ့ျခင္း မရွိပါပဲလွ်က္ ကူးစက္ခံခဲ့ရသည္ဟု က်န္းမာေရးဝန္ႀကီးဌာန က ထုတ္ျပန္ေၾကျငာခဲ့ၿပီးေနာက္ အလားတူ ကူးစက္ခံရမႈ မ်ိဳး မေတြ႕ရွိသည္မွာ ဆယ္ရက္အတြင္း ဝင္ေရာက္လာၿပီ ျဖစ္ပါတယ္။

သို႔ေသာ္ ေမလ ၁၆ ရက္ မွ ၂၅ ရက္အတြင္း မေလးရွား၊ ယူေအအီး၊ အိႏၵိယ ႏွင့္ အီတလီ ႏိုင္ငံမ်ားမွ ျပန္လာသူမ်ားအထဲ ၂၅ ဦးထံတြင္ ေရာဂါပိုး ေတြ႕ရွိခဲ့ရတယ္လို႔ ဆိုပါတယ္။ ဗုဒၶဟူးေန႔အထိ ၂၁,၅၉၃ ဦးအား စမ္းသပ္ခဲ့ရာတြင္ စုစုေပါင္း ကူးစက္ခံထားရသူ ၂၀၆ ဦး၊ ျပန္လည္ က်န္းမာလာသူ ၁၂၄ ဦး ႏွင့္ ေသဆုံးသူ ၆ ဦး ရွိေနၿပီ ျဖစ္တယ္လို႔ က်န္းမာေရး ဝန္ႀကီးဌာန မွ ေၾကျငာခ်က္ ထုတ္ျပန္ထားပါတယ္။



အစိုးရမွာလည္း လုပ္ငန္းမ်ား ျပန္လည္စတင္ႏိုင္ၿပီး ျပည္တြင္း ေငြေၾကးလည္ပတ္မႈ အားေကာင္းေစရန္ ဦးစားေပး လုပ္ကိုင္ရန္ ျပင္ဆင္ထားသည့္ အေျခခံ အေဆာက္အအုံ စီမံကိန္းမ်ား အတြက္ စီမံဘ႑ာႏွင့္ စက္မႈ ဝန္ႀကီး ဌာနသည္ စကၤာပူရွိ Infrastructure Asia (IA) ႏွင့္ သေဘာတူ စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ခဲ့ပါတယ္။ အဆိုပါ သေဘာတူညီခ်က္ အရ IA မွ ျမန္မာ၏ ေရရွည္ တည္တံ့မည့္ အေျခခံ အေဆာက္အအုံ စီမံကိန္းမ်ားတြင္ ပါဝင္ ရင္ႏွီးျမဳပ္ႏွံႏိုင္မည့္ လုပ္ငန္းမ်ားကို ရွာေဖြ စီစစ္ သြားမွာ ျဖစ္ပါတယ္။

အဆိုပါ သေဘာတူ စာခ်ဳပ္ကို အြန္လိုင္း မွ လက္မွတ္ေရးထိုးပြဲသို႔ ျမန္မာဘက္မွ ဝန္ႀကီး ဦးစိုးသိမ္း ၊ စကၤာပူ ဘက္မွ ဝန္ႀကီးခ်ဳပ္႐ုံး ဝန္ႀကီး ႏွင့္ ဒုတိယ ဘ႑ာေရး ဝန္ႀကီး မစၥက္ အင္ဒရာနီ ရာဂ်ာတို႔ တက္ေရာက္ ခဲ့ၾကပါတယ္။

ကိုဗစ္-၁၉ ကပ္ေရာဂါဆိုး လြန္ေျမာက္ၿပီးသည့္အခါ ေက်းလက္ေန ေတာင္သူ လယ္သမားမ်ားအား ျပန္လည္ အားျဖည့္ေပးႏိုင္ ေရး အတြက္ စားနပ္ရိကၡာ ႏွင့္ လယ္ယာ စိုက္ပ်ိဳးေရး စနစ္ စီမံခ်က္ အေကာင္အထည္ ေဖၚရန္ ကမာၻဘဏ္မွ ေဒၚလာ သန္း ၂၀၀ ေခ်းငွားခြင့္ ရယူႏိုင္ခဲ့သည္။ ေခ်းေငြမ်ားအား လယ္ယာစိုက္ပ်ိဳးေရး သုေတသန ႏွင့္ ဖြံ႕ၿဖိဳးေရး၊ ေတာင္သူမ်ား အား အသိပညာ ဗဟုသုတမ်ား ျဖန႔္ျဖဴးေပးေရး ႏွင့္ လယ္ယာထြက္ကုန္မ်ား အရည္အေသြး ျမႇင့္တင္ေရး မ်ား တြင္ အသုံးျပဳသြားမယ္လို႔ သိရပါတယ္။

ကိုဗစ္-၁၉ အတြက္ စိုက္ထုတ္ သုံးစြဲခဲ့ရသျဖင့္ ငါးႏွစ္အတြင္း အျမင့္ဆုံး ျဖစ္လာခဲ့ေသာ ဘတ္ဂ်က္ လိုေငြျပမႈမ်ား ေထမိေစရန္ ကမာၻေငြေၾကး ရံပုံေငြ အဖြဲ႕မွ ေဒၚလာ သန္း ၇၀၀ ေခ်းငွားရန္ လႊတ္ေတာ္က အတည္ျပဳေပးခဲ့ၿပီ ျဖစ္ပါတယ္။



ေမလဆန္းတြင္ စီမံဘ႑ာ ဒုဝန္ႀကီး ဦးဆက္ေအာင္မွ စီးပြားေရးအား ျပန္လည္ ကုစားႏိုင္ရန္ ေရးဆြဲထားေသာ CERP စီမံခ်က္မ်ား အတြက္ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ား မွ ေဒၚလာ ၂ ဘီလီယံ ရရွိမွာ ျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။

ေနျပည္ေတာ္တြင္ တ႐ုတ္မွ လန္ကမ္-မဲေခါင္ ပူးေပါင္းေဆာင္႐ြက္ေရး စီမံကိန္းမ်ားအတြက္ အထူးရံပုံေငြအျဖစ္ ေဒၚလာ ၆.၇ သန္း လႊဲေျပာင္းေပးအပ္တဲ့ သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့ၾကျပန္ပါတယ္။

လန္ကမ္သည္ ယူနန္ျပည္နယ္အတြင္းရွိ မဲေခါင္ျမစ္ အထက္ပိုင္းအား ေခၚေဝၚေသာ အမည္ ျဖစ္ၿပီး အဆိုပါ ေဒသဖြံ႕ၿဖိဳးေရး လုပ္ငန္းမ်ားအတြက္ တ႐ုတ္၊ ကေမာၻဒီယား၊ လာအို၊ ျမန္မာ၊ ထိုင္း ႏွင့္ ဗီယက္နမ္တို႔ ပူးေပါင္းေဆာင္႐ြက္ရန္ ၂၀၁၆ တြင္ သေဘာတူညီခဲ့ျခင္း ျဖစ္ပါတယ္။

အဆိုပါ သေဘာတူညီခ်က္မ်ားအရ ၂၀၁၈ မွစ၍ ျမန္မာ အား အထူးစီမံကိန္း ၅၁ ခု အတြက္ ရံပုံေငြမ်ား လႊဲအပ္ေပးလာခဲ့သည္မွာ စုစုေပါင္း ေဒၚလာ ၁၆ သန္းေက်ာ္ ရွိသြားၿပီ ျဖစ္တယ္လို႔ ဆိုပါတယ္။ (လွစိုးေဝ)

Credit Blacker

Post a Comment

Previous Post Next Post