(Unicode)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံ နန်းတော်ဂိတ်မှာ မေလ(၇)ရက် မနက်ပိုင်းမှာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား (၂၆၀) ဦးကို ရွှေလီမြို့ပြည်သူ့ရဲဌာန၊ ပြည်ဝင်/ထွက် နယ်စပ် ကာကွယ် စစ်ဆေးရေးအရာရှိ မစ္စတာအာဝေနဲ့ တာဝန်ရှိသူတွေက လွှဲပြောင်းအပ်နှံခဲ့ပါတယ်။



လွှဲပြောင်းအပ်နှံတဲ့မြန်မာနိုင်ငံသားများအနက် ၂၄၀ ကျော်ဟာ COVID-19 ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကို တရားဝင်လမ်း‌ကြောင်းနဲ့ သွားရောက်ခဲ့သူတွေ ၊ နေထိုင်ခွင့်သက်တမ်းကုန်ဆုံးခဲ့သူတွေ၊ သတ်မှတ်‌ နယ်မြေကျော်လွန်နေထိုင်သူတွေနဲ့ တရားမဝင်သွားရောက်အလုပ်လုပ်ကိုင်သူ‌တွေဖြစ်ပြီး ဝူဟန်အကျဉ်းထောင်က လွှတ်မြောက်လာသူတွေဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ မြန်မာနိုင်ငံသားတွေကို မူဆယ်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဌာနခွဲ(၇)ကြီးကြပ်ရေးမှူး ဦးကျော်နိုင်မြင့်နဲ့ တာဝန်ရှိသူတွေ စိစစ်လက်ခံခဲ့ပါတယ်။


တရုတ်နိုင်ငံရှိ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်စေ့ပြီးလို့ မြန်မာနိုင်ငံသား (၂၆၀) ကို မူဆယ်နယ်စပ်ဂိတ်မှတစ်ဆင့် ပြန်လည်လွဲပြောင်းပေးလာခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်မှ ၁၂၆ ဦးပါဝင်နေတယ်လို့လည်း သိရပါတယ်။


အဲဒီလိုပြန်လည်လွဲပြောင်းပေးလာတဲ့နိုင်ငံသားတွေကို မြန်မာနိုင်ငံဖက်မှ လူဝင်မှုကြီးကြပ်ရေးဦးစီးနဲ့ ကျန်းမာရေးဌာနတွေမှ တာဝန်ရှိသူတွေက စစ်ဆေးလက်ခံပေးခဲ့ပြီး သူတို့ဟာ ဝူဟန်မြို့မှာ သုံးလကြာတဲ့အထိ ကျန်းမာရေးစောင့်ကြည့်မှုကို ခံယူပြီးသူတွေဖြစ်သလို တရုတ်နိုင်ငံဖက်မှ ထုတ်ပေးထားတဲ့ ကျန်းမာရေး ထောက်ခံချက်လက်မှတ်တွေကို ကိုင်ဆောင်ထားကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

(Zawgyi)

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မူဆယ္ၿမိဳ႕၊ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံ နန္းေတာ္ဂိတ္မွာ ေမလ(၇)ရက္ မနက္ပိုင္းမွာ တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕ကို ေရာက္ရွိေနတဲ့ ျမန္မာႏိုင္ငံသား (၂၆၀) ဦးကို ေ႐ႊလီၿမိဳ႕ျပည္သူ႔ရဲဌာန၊ ျပည္ဝင္/ထြက္ နယ္စပ္ ကာကြယ္ စစ္ေဆးေရးအရာရွိ မစၥတာအာေဝနဲ႔ တာဝန္ရွိသူေတြက လႊဲေျပာင္းအပ္ႏွံခဲ့ပါတယ္။


လႊဲေျပာင္းအပ္ႏွံတဲ့ျမန္မာႏိုင္ငံသားမ်ားအနက္ ၂၄၀ ေက်ာ္ဟာ COVID-19 ေရာဂါစတင္ျဖစ္ပြားခဲ့တဲ့ တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕ကို တရားဝင္လမ္း‌ေၾကာင္းနဲ႔ သြားေရာက္ခဲ့သူေတြ ၊ ေနထိုင္ခြင့္သက္တမ္းကုန္ဆုံးခဲ့သူေတြ၊ သတ္မွတ္‌ နယ္ေျမေက်ာ္လြန္ေနထိုင္သူေတြနဲ႔ တရားမဝင္သြားေရာက္အလုပ္လုပ္ကိုင္သူ‌ေတြျဖစ္ၿပီး ဝူဟန္အက်ဥ္းေထာင္က လႊတ္ေျမာက္လာသူေတြျဖစ္တယ္လို႕ သိရပါတယ္။ အဲဒီ ျမန္မာႏိုင္ငံသားေတြကို မူဆယ္ၿမိဳ႕၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာနမွ ဌာနခြဲ(၇)ႀကီးၾကပ္ေရးမႉး ဦးေက်ာ္ႏိုင္ျမင့္နဲ႔ တာဝန္ရွိသူေတြ စိစစ္လက္ခံခဲ့ပါတယ္။


တ႐ုတ္နိုင္ငံရွိ အက်ဥ္းေထာင္အသီးသီးမွာ ျပစ္ဒဏ္ေစ့ၿပီးလို့ ျမန္မာနိုင္ငံသား (၂၆၀) ကို မူဆယ္နယ္စပ္ဂိတ္မွတစ္ဆင့္ ျပန္လည္လြဲေျပာင္းေပးလာခဲ့ျခင္းျဖစ္ၿပီး ရွမ္းျပည္နယ္မွ ၁၂၆ ဦးပါဝင္ေနတယ္လို့လည္း သိရပါတယ္။


အဲဒီလိုျပန္လည္လြဲေျပာင္းေပးလာတဲ့နိုင္ငံသားေတြကို ျမန္မာနိုင္ငံဖက္မွ လူဝင္မွုႀကီးၾကပ္ေရးဦးစီးနဲ႔ က်န္းမာေရးဌာနေတြမွ တာဝန္ရွိသူေတြက စစ္ေဆးလက္ခံေပးခဲ့ၿပီး သူတို့ဟာ ဝူဟန္ၿမိဳ့မွာ သုံးလၾကာတဲ့အထိ က်န္းမာေရးေစာင့္ၾကည့္မွုကို ခံယူၿပီးသူေတြျဖစ္သလို တ႐ုတ္နိုင္ငံဖက္မွ ထုတ္ေပးထားတဲ့ က်န္းမာေရး ေထာက္ခံခ်က္လက္မွတ္ေတြကို ကိုင္ေဆာင္ထားၾကသူေတြ ျဖစ္တယ္လို့ သိရပါတယ္။

Credit Original

Post a Comment

Previous Post Next Post