(Unicode)


မြန်မာနိုင်ငံရဲ့ ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ဝေဠုကျော် တစ်ယောက်ကတော့ သူ့ရဲ့ပင်မအလုပ်ဖြစ်တဲ့ အနုပညာအလုပ်ကိုတောင် ဘေးဖယ်ပြီးတော့ တစ်နိုင်ငံလုံးမှာလိုအပ်နေတဲ့ ကူညီမှုတွေအတွက် အမြဲတမ်း ရှေ့ကကာကွယ်ဖြည့်တင်းပေးနေသူတစ်ဦးဖြစ်ပါတယ်။


သူဟာဆိုရင် ရေကြီး ၊ မြေပြို ၊ ဘေးအန္တရာယ် အသွယ်သွယ်တွေ ကျရောက်တိုင်း သူ့ရဲ့ပရဟိတတပ်သားတွေနဲ့ ရောက်အောင်ချီတက်ပြီး လိုအပ်တာတွေကို ကူညီပေးတတ်တဲ့သူ တစ်ဦးလည်းဖြစ်တာကြောင့် ပရိသတ်က အချစ်ပိုခဲ့ကြပါတယ်။



ဒီလို ပရိဟိတမင်းသားကြီး ကိုယ်ခွဲမရှိပဲ နေရာတိုင်းရောက်နေခဲ့ရတာကြောင့် ပင်ပန်းတဲ့ဒဏ် ၊ ချွေးထွက်လွန်တဲ့ဒဏ်တွေကြောင့် အားနည်းပြီး အိပ်ယာထဲ လှဲကာအနားယူနေရတယ်လို့ သိရှိရပါတယ်။



လက်ရှိအချိန်အထိတော့ မိသားစု ဆရာဝန်နဲ့ အိမ်မှာ ကုသမှု ခံယူနေရင်း မကြာခင်မှာ ပြန်လည်သက်သာလာမယ်လို့လည်း မျှော်လင့်နေပါတယ်။



ဒါကြောင့် သူ့ကိုချစ်တဲ့ ပရိသတ်တွေအတွက် သိရှိအောင် သတင်းလေးပါးပေးပါတယ်နော်။ မြန်မြန်နေကောင်းဖို့လည်း ဆုတောင်းပေးပါဦးနော်။

နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ


(Zawgyi)
















Post a Comment

Previous Post Next Post