(Unicode)

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော စူပါဆိုင်ကလုန်းမုန်တိုင်းအန်ဖန်သည် မြောက်-အရှေ့မြောက်ဘက်ရွှေ့လျားခဲ့ရာ အလွန်အားကောင်းသောသောအခြေအနေမှ အနည်းငယ် အား လျော့လာပြီး မြောက်-အရှေ့မြောက်ဘက် ဆက်လက်ရွေ့လျားနိုင်ကာ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများကို ဖြတ်ကျော်နိုင်သည်ဟု မိုး/ဇလမှ ယနေ့မေ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

မုန်တိုင်း အန်ဖန်သည် အိန္ဒိယနိုင်ငံ ပါရပ်ဒစ်မြို့ဆောင်ဘက် ရေမိုင် ၂၈၀ ခန့်၊ ဒီဂါမြို့တောင်ဘက် ရေမိုင် ၃၆၀ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်ပူပါရာမြို့အနောက်-အနောက်တောင်ဘက်ရေမိုင် ၄၃၀ နှင့် မြန်မာနိုင်ငံ ပုသိမ်မြို့နဲ့ဂွမြို့ အနောက် – အနောက်တောင်ဘက်ရေမိုင် ၄၅၀ ခန့်အကွာ ပင်လယ်ပြင်တွင် ဗဟိုပြုနေသည်ဟု ဆိုင်ကလုန်း မုန်တိုင်း သတင်းကြေညာချက်တွင် ဖေါ်ပြထားသည်။


“ဆိုင်ကလုန်းမုန်တိုင်းက အားအနည်းငယ်ပျော့လာတာ တွေ့ရတယ်။ မုန်တိုင်းအရှိန်ကြောင့် မိုးတိမ်တောင်ကြီးတွေ မိုးသက်လေပြင်း တိုက်ခတ်တာတွေအပြင် မိုးသီးကြွေခြင်းနဲ့ နေရာကွက်ကျား မိုးသည်းထန်နိုင်ပါတယ်။ လာမယ့် သီတင်းပတ်အတွင်း မန္တလေးတိုင်းမှာ စုစုပေါင်းမိုးရေချိန် ၁ လက်မကနေ ၄ လက်မ အတွင်း မိုးထစ် ချုန်းရွာနိုင်တယ်လို့ခန့်မှန်းပါတယ်” ဟု မိုး/ဇလ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးကပြောသည်။

မုန်တိုင်းအရှိန်ကြောင့် မေ ၁၉ မှ ၂၁ ရက်အတွင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် တစ်နာရီ ၂၅ မိုင်မှ မိုင် ၃၀ ထိတိုက်ခတ်နိုင်ပြီး လှိုင်းအလွန်ကြီးနိုင်ကြောင်း သိရသည်။ မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တွင် ရံဖန်ရံခါ မိုးသက်လေပြင်းကျရောက်နိုင်ကာ မိုးသက် လေပြင်းကျရောက်စဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ မိုင် ၄၀ မှ ၄၅ မိုင်ထိတိုက်ခတ်နိုင်ကြောင်း သိရသည်။



နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနသာင်္ရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ စိတ်စိတ်မှ နေရာ အနှံ့အပြားနှင့် ရှမ်းပြည်နယ်နှင့် ကယား ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ချင်းပြည် နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။

စူပါဆိုင်ကလုန်းမုန်တိုင်း အန်ဖန်အရှိန်ကြောင့် မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးမည့် အခြေအနေများကြောင့် မြန်မာ့ကမ်းရိုးတန်း တလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး ကမ်းဝေးသွားလာနေကြသော ငါးဖမ်းရေယာဉ်များ သဘောင်္များအပါအဝင် လေကြောင်းပျံသန်းရေးတို့တွင် ဆိုးရွားသည့် မိုးလေဝသအဖြစ်စဉ်များအား သတိပြုရန်လိုကြောင်း မိုး/ဇလမှ အချိန်နှင့် တစ်ပြေးညီ နှိုးဆော်ထားသည်။

#Blacker

(Zawgyi)

ဘဂၤလားပင္လယ္ေအာ္ အေနာက္အလယ္ပိုင္းတြင္ ျဖစ္ေပၚေနေသာ စူပါဆိုင္ကလုန္းမုန္တိုင္းအန္ဖန္သည္ ေျမာက္-အေရွ႕ေျမာက္ဘက္ေ႐ႊ႕လ်ားခဲ့ရာ အလြန္အားေကာင္းေသာေသာအေျခအေနမွ အနည္းငယ္ အား ေလ်ာ့လာၿပီး ေျမာက္-အေရွ႕ေျမာက္ဘက္ ဆက္လက္ေ႐ြ႕လ်ားႏိုင္ကာ အေနာက္ဘဂၤလားျပည္နယ္ႏွင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ကမ္းေျခေဒသမ်ားကို ျဖတ္ေက်ာ္ႏိုင္သည္ဟု မိုး/ဇလမွ ယေန႔ေမ ၁၉ ရက္ေန႕ ထုတ္ျပန္ခ်က္အရ သိရသည္။

မုန္တိုင္း အန္ဖန္သည္ အိႏၵိယႏိုင္ငံ ပါရပ္ဒစ္ၿမိဳ႕ေဆာင္ဘက္ ေရမိုင္ ၂၈၀ ခန႔္၊ ဒီဂါၿမိဳ႕ေတာင္ဘက္ ေရမိုင္ ၃၆၀ ခန႔္၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ကမ္ပူပါရာၿမိဳ႕အေနာက္-အေနာက္ေတာင္ဘက္ေရမိုင္ ၄၃၀ ႏွင့္ ျမန္မာႏိုင္ငံ ပုသိမ္ၿမိဳ႕နဲ႕ဂြၿမိဳ႕ အေနာက္ – အေနာက္ေတာင္ဘက္ေရမိုင္ ၄၅၀ ခန႔္အကြာ ပင္လယ္ျပင္တြင္ ဗဟိုျပဳေနသည္ဟု ဆိုင္ကလုန္း မုန္တိုင္း သတင္းေၾကညာခ်က္တြင္ ေဖၚျပထားသည္။



“ဆိုင္ကလုန္းမုန္တိုင္းက အားအနည္းငယ္ေပ်ာ့လာတာ ေတြ႕ရတယ္။ မုန္တိုင္းအရွိန္ေၾကာင့္ မိုးတိမ္ေတာင္ႀကီးေတြ မိုးသက္ေလျပင္း တိုက္ခတ္တာေတြအျပင္ မိုးသီးေႂကြျခင္းနဲ႔ ေနရာကြက္က်ား မိုးသည္းထန္ႏိုင္ပါတယ္။ လာမယ့္ သီတင္းပတ္အတြင္း မႏၲေလးတိုင္းမွာ စုစုေပါင္းမိုးေရခ်ိန္ ၁ လက္မကေန ၄ လက္မ အတြင္း မိုးထစ္ ခ်ဳန္း႐ြာႏိုင္တယ္လို႔ခန႔္မွန္းပါတယ္” ဟု မိုး/ဇလ ၫႊန္ၾကားေရးမႉး ဦးေက်ာ္လြင္ဦးကေျပာသည္။

မုန္တိုင္းအရွိန္ေၾကာင့္ ေမ ၁၉ မွ ၂၁ ရက္အတြင္း စစ္ကိုင္းတိုင္း၊ မႏၲေလးတိုင္း၊ မေကြးတိုင္း၊ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ တစ္နာရီ ၂၅ မိုင္မွ မိုင္ ၃၀ ထိတိုက္ခတ္ႏိုင္ၿပီး လႈိင္းအလြန္ႀကီးႏိုင္ေၾကာင္း သိရသည္။ ျမစ္ဝကြၽန္းေပၚေဒသ၊ ရခိုင္ကမ္း႐ိုးတန္းႏွင့္ ကမ္းလြန္ပင္လယ္ျပင္တြင္ ရံဖန္ရံခါ မိုးသက္ေလျပင္းက်ေရာက္ႏိုင္ကာ မိုးသက္ ေလျပင္းက်ေရာက္စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီ မိုင္ ၄၀ မွ ၄၅ မိုင္ထိတိုက္ခတ္ႏိုင္ေၾကာင္း သိရသည္။



ေနျပည္ေတာ္၊ မေကြးတိုင္း၊ ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ တနသာရႌတိုင္း၊ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာ စိတ္စိတ္မွ ေနရာ အႏွံ႔အျပားႏွင့္ ရွမ္းျပည္နယ္ႏွင့္ ကယား ျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲ မိုးထစ္ခ်ဳန္း႐ြာၿပီး မႏၲေလးတိုင္း၊ မေကြးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္းႏွင့္ ခ်င္းျပည္ နယ္၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္ တို႔တြင္ ေနရာကြက္၍ မိုးႀကီးႏိုင္သည္ဟု မိုးဇလက ထုတ္ျပန္ထားသည္။

စူပါဆိုင္ကလုန္းမုန္တိုင္း အန္ဖန္အရွိန္ေၾကာင့္ မိုးသက္ေလျပင္းက်ေရာက္ၿပီး လႈိင္းႀကီးမည့္ အေျခအေနမ်ားေၾကာင့္ ျမန္မာ့ကမ္း႐ိုးတန္း တေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔ရွိ ကမ္းနီး ကမ္းေဝးသြားလာေနၾကေသာ ငါးဖမ္းေရယာဥ္မ်ား သေဘာမ်ၤားအပါအဝင္ ေလေၾကာင္းပ်ံသန္းေရးတို႔တြင္ ဆိုး႐ြားသည့္ မိုးေလဝသအျဖစ္စဥ္မ်ားအား သတိျပဳရန္လိုေၾကာင္း မိုး/ဇလမွ အခ်ိန္ႏွင့္ တစ္ေျပးညီ ႏႈိးေဆာ္ထားသည္။



#Blacker

Post a Comment

Previous Post Next Post