(Unicode)

မကွေး၊ မေ ၂၄ ရက်။

မကွေးမြို့တွင် မိန်းမဖြစ်သူ၏ ရည်စားဟောင်းက ညစ်ညမ်းစွာ ပြောဆိုသည့်အတွက် မေလ ၂၃ ရက်နေ့ ညနေပိုင်းက အရိုး အသွား ၃ ပေခန့်ရှည်သည့် ဓားဖြင့် ခုတ်ရာ လည်ပင်း ၉ လက်မခန့် ပြတ်ရှ ဒဏ်ရာတို့ဖြင့် နေရာတွင် သေဆုံးသွားမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မကွေးမြို့၊အောင်မေတ္တာရပ်ကွက်၊အောင်မေတ္တာ(ခ)(၃)လမ်းမေလ၂၃ရက်၅နာရီ၃၀မိနစ်အချိန်၌ ဦးဝင်းအောင်၏နေအိမ်သို့ သမီးဖြစ်သူမဥမ္မာ၏ ရည်းစားဟောင်း အောင်မေတ္တာ(ဃ)ရပ်၊အောင်မေတ္တာရပ်ကွက်‌နေပြီး ဆိုင်ကယ်ကယ်ရီ‌မောင်းသူဖိုးအေး(ခ)မျိုးဝင်းထိုက်(၂၄)နှစ်သည် အရက် သေစာသောက်စားမူးယစ်၍ရောက်ရှိလာပြီးမဥမ္မာဦးအား နင့်ကို -ိုးချင်တယ်ဟုပြောဆိုပြီးအိမ်ဝိုင်းအတွင်းသို့ဝင်ရောက်ရာ မဥမ္မာဦး၏ခင်ပွန်းဖြစ်သူဇော်ထက်လင်း(ခ)ဇော်ထက်(၃၁)နှစ်မှ အရိုးအသွား(၃) ပေခန့်ရှိဓါးရှည်ဖြင့်ခုတ်ရာလည်ပင်းတွင်(၈ ) လက်မအရှည်ခန့်အနက် ၁ လက်မခွဲခန့် ရှိ ပြတ်ရှဒဏ်ရာ၊လက်သူကြွယ်နှင့်လက်မပြတ်ရှဒဏ်ရာ၊ယာ တံတောင်ဆစ် ပြတ်ထွက်လုနီးပါး ဒဏ်ရာ စသည်တို့ဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ကြောင်း မကွေးမြို့နယ် ရဲစခန်းမှ သိရသည်။


သားဖြစ်သူဖိုးအေး(ခ)မျိုးဝင်းထိုက်အားအသက်သေဆုံးသည်အထိကိုင်းခုတ်ဓားရှည်ဖြင့်ခုတ်သတ်သူဇော်ထက်လင်း(ခ)ဇော်ထက်အားဥပဒေအရအရေးယူပေးရန် ဦးမင်းကို(ခ)ဦးဝင်းထိုက်မှ တရားလိုပြုလုပ်တိုင်တန်းထားကြောင်း မကွေးမြို့ နယ်မြေရဲစခန်းမှ သိရသည်။

ပြစ်မှု ကျူးလွန်သူအား မကွေးနယ်‌မြေစခန်း(ပ)၇၂၀/၂၀၂၀ရာဇ သတ်ကြီးပုဒ်မ၃၀၂အမှုကြီးအမှတ်စဉ်(၄/၂၀၂၀)ဖြင့်အမှုဖွင့်ထားရှိပြီးအမှုစစ်ရဲအုပ်သူရဇော်မှစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Red News Agency

(Zawgyi)

မကွေး၊ မေ ၂၄ ရက်။





Red News Agency

Post a Comment

Previous Post Next Post