Unicode

ကင်ဂျုံအန် သေဆုံးပြီဟူသည့် ကောလာလဟများ ပြီးခဲ့သည့် ရက်ပေါင်း ၂၀ ခန့်အတွင်းက ကမ္ဘာတစ်ဝန်း ပြန့်နှံ့ခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံ ဆွန်ချွန်းပြည်နယ်ရှိ ဓာတ်မြေသြဇာစက်ရုံတစ်ရုံကို ကင်ဂျုံအန်ကိုယ်တိုင် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးနေသော ဓာတ်ပုံများကို မြောက်ကိုရီးယား အစိုးရက တရားဝင်ထုတ်ပြန်လိုက်သည်။



အဆိ်ုပါ ဓာတ်မြေသြဇာစက်ရုံဖွင့်ပွဲကို ယမန်နေ့က ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာများတွင် ယနေ့ထုတ်ပြန်ဖော်ပြခြင်းဖြစ်သည်။



ကင်ဂျုံအန်ကိုမြင်ကြသည်နှင့် ဖွင့်ပွဲသို့တက်ရောက်လာကြသော ပရိသတ်အပေါင်းက အော်ဟစ်၍ ကြိုဆိုအားပေးကြကြောင်း ယင်း မီဒီယာများတွင် ရေးသားထားကြသည်။



 
သူသည် ဧပြီ ၁၁ ရက်နေ့က ကျင်းပခဲ့သော အလုပ်သမားပါတီ ပေါလစ်ဗျူရို အစည်းအဝေးပြီးသည့်နောက်ဝယ် လူထုကြားသို့ မရောက်ရှိခဲ့ရာမှ ယခုအခါ ပထမဆုံးအဖြစ် လူထုကြားသို့ ရောက်ရှိလာခြင်းဖြစ်သည်။


Zawgyi

ကင္ဂ်ဳံအန္ ေသဆုံးၿပီဟူသည့္ ေကာလာလဟမ်ား ၿပီးခဲ့သည့္ ရက္ေပါင္း ၂၀ ခန႔္အတြင္းက ကမာၻတစ္ဝန္း ျပန႔္ႏွံ႔ခဲ့ၿပီးေနာက္ ေျမာက္ကိုရီးယားႏိုင္ငံ ဆြန္ခြၽန္းျပည္နယ္ရွိ ဓာတ္ေျမၾသဇာစက္႐ုံတစ္႐ုံကို ကင္ဂ်ဳံအန္ကိုယ္တိုင္ ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ေပးေနေသာ ဓာတ္ပုံမ်ားကို ေျမာက္ကိုရီးယား အစိုးရက တရားဝင္ထုတ္ျပန္လိုက္သည္။

အဆိ္ုပါ ဓာတ္ေျမၾသဇာစက္႐ုံဖြင့္ပြဲကို ယမန္ေန႔က က်င္းပခဲ့ျခင္းျဖစ္ၿပီး၊ ေျမာက္ကိုရီးယားႏိုင္ငံပိုင္မီဒီယာမ်ားတြင္ ယေန႔ထုတ္ျပန္ေဖာ္ျပျခင္းျဖစ္သည္။


ကင္ဂ်ဳံအန္ကိုျမင္ၾကသည္ႏွင့္ ဖြင့္ပြဲသို႔တက္ေရာက္လာၾကေသာ ပရိသတ္အေပါင္းက ေအာ္ဟစ္၍ ႀကိဳဆိုအားေပးၾကေၾကာင္း ယင္း မီဒီယာမ်ားတြင္ ေရးသားထားၾကသည္။

 
သူသည္ ဧၿပီ ၁၁ ရက္ေန႔က က်င္းပခဲ့ေသာ အလုပ္သမားပါတီ ေပါလစ္ဗ်ဴ႐ို အစည္းအေဝးၿပီးသည့္ေနာက္ဝယ္ လူထုၾကားသို႔ မေရာက္ရွိခဲ့ရာမွ ယခုအခါ ပထမဆုံးအျဖစ္ လူထုၾကားသို႔ ေရာက္ရွိလာျခင္းျဖစ္သည္။


Photo: KCNA
Source: Daily Mail

Post a Comment

Previous Post Next Post