(Unicode)

အင်းစိန်မှ (၁၂) ဦးသည် သူနာပြုဆရာမ (၃) ဦးနှင့် ထိတွေ့သူများဖြစ်ပြီး ခဝဲခြံ ၂ လမ်း တစ်လမ်းလုံးနီးပါး ကူးစက်နိုင်ခြေရှိနေ…

အင်းစိန်မြို့နယ်က COVID-19 အတည်ပြု သူနာပြုဆရာမ (၃) ဦးနဲ့ ထိတွေ့မှု ရှိခဲ့သူ (၁၂) ဦး ရောဂါပိုးကူးစက်ခံရပါတယ်။ သူတို့ဟာ သူနာပြုဆရာမတွေဖြစ်တဲ့ အတည်ပြုလူနာအမှတ် (၁၅၂)၊ (၁၅၃) နဲ့ (၁၅၄) တို့နဲ့ ထိတွေ့မှု ရှိခဲ့ပြီး အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ ခဝဲခြံ (၂) လမ်းမှာ နေထိုင်သူတွေဖြစ်တယ်လို့ အင်းစိန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်က ပြောပါတယ်။

အဲဒီ ခဝဲခြံ (၂) လမ်းမှာ နေထိုင်သူတွေဟာ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိထားတာကြောင့် တစ်လမ်းလုံးနီးပါး ကူးစက်နိုင်ခြေရှိနေတယ်လို့ ဦးသာအောင်က သုံးသပ်ပါတယ်။

ကူးစက်ခံရတဲ့ (၁၂) ဦးဟာ အမျိုးသား (၆) ဦး နဲ့ အမျိုးသမီး (၆) ဖြစ်ပြီး မိသားစုဝင်တွေ ဖြစ်ကြသလို အဲဒီထဲမှာ အသက် ၁၂ အရွယ် မိန်းကလေးတစ်ဦးလည်းပါဝင်ပါတယ်။ အတည်ပြုလူနာတွေ နေထိုင်တဲ့ ခဝဲခြံ (၂) လမ်းနဲ့ အတည်ပြုလူနာ သူနာပြုဆရာမတွေ အလုပ်လုပ်တဲ့ ကွယ်ကဘောဆေးရုံကို Lock Down ချထားတယ်လို့သိရပါတယ်။



လက်ရှိ အင်းစိန်မြို့နယ်မှာ COVID-19 အတည်ပြုလူနာ (၄၂) ဦးအထိ တွေ့ရှိထားပြီး အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်က အများစု တွေ့ရှိတာပါ။

ဒီကနေ့ မေလ (၇) ရက်၊ ည(၈) နာရီအချိန် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ (၁၇၆)ဦး ရှိနေပါတယ်။

(Zawgyi)

အင္းစိန္မွ (၁၂) ဦးသည္ သူနာျပဳဆရာမ (၃) ဦးႏွင့္ ထိေတြ႕သူမ်ားျဖစ္ၿပီး ခဝဲၿခံ ၂ လမ္း တစ္လမ္းလံုးနီးပါး ကူးစက္ႏိုင္ေျခရိွေန…

အင္းစိန္ၿမိဳ႕နယ္က COVID-19 အတည္ျပဳ သူနာျပဳဆရာမ (၃) ဦးနဲ႔ ထိေတြ႕မႈ ရွိခဲ့သူ (၁၂) ဦး ေရာဂါပိုးကူးစက္ခံရပါတယ္။ သူတို႔ဟာ သူနာျပဳဆရာမေတြျဖစ္တဲ့ အတည္ျပဳလူနာအမွတ္ (၁၅၂)၊ (၁၅၃) နဲ႔ (၁၅၄) တို႔နဲ႔ ထိေတြ႕မႈ ရွိခဲ့ၿပီး အင္းစိန္ၿမိဳ႕နယ္၊ ႀကိဳ႕ကုန္းအေနာက္ရပ္ကြက္၊ ခဝဲၿခံ (၂) လမ္းမွာ ေနထိုင္သူေတြျဖစ္တယ္လို႔ အင္းစိန္ၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသာေအာင္က ေျပာပါတယ္။

အဲဒီ ခဝဲၿခံ (၂) လမ္းမွာ ေနထိုင္သူေတြဟာ အတည္ျပဳလူနာေတြနဲ႔ ထိေတြ႕မႈရွိထားတာေၾကာင့္ တစ္လမ္းလုံးနီးပါး ကူးစက္ႏိုင္ေျခရွိေနတယ္လို႔ ဦးသာေအာင္က သုံးသပ္ပါတယ္။

ကူးစက္ခံရတဲ့ (၁၂) ဦးဟာ အမ်ိဳးသား (၆) ဦး နဲ႔ အမ်ိဳးသမီး (၆) ျဖစ္ၿပီး မိသားစုဝင္ေတြ ျဖစ္ၾကသလို အဲဒီထဲမွာ အသက္ ၁၂ အ႐ြယ္ မိန္းကေလးတစ္ဦးလည္းပါဝင္ပါတယ္။ အတည္ျပဳလူနာေတြ ေနထိုင္တဲ့ ခဝဲၿခံ (၂) လမ္းနဲ႔ အတည္ျပဳလူနာ သူနာျပဳဆရာမေတြ အလုပ္လုပ္တဲ့ ကြယ္ကေဘာေဆး႐ုံကို Lock Down ခ်ထားတယ္လို႔သိရပါတယ္။



လက္ရွိ အင္းစိန္ၿမိဳ႕နယ္မွာ COVID-19 အတည္ျပဳလူနာ (၄၂) ဦးအထိ ေတြ႕ရွိထားၿပီး အင္းစိန္ၿမိဳ႕နယ္၊ ႀကိဳ႕ကုန္းအေရွ႕ရပ္ကြက္က အမ်ားစု ေတြ႕ရွိတာပါ။

ဒီကေန႔ ေမလ (၇) ရက္၊ ည(၈) နာရီအခ်ိန္ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံမွာ COVID-19 အတည္ျပဳလူနာ (၁၇၆)ဦး ရွိေနပါတယ္။

Post a Comment

Previous Post Next Post