(Unicode)

မူဆယ်မြို့ စွမ်း‌စော်ရပ်ကွက် မန့်ဝိန်းနယ်မြေ စွမ်းစော် (၁) လမ်းနှင့် မန့်ဝန်း (၂) လမ်းကြား၊ လမ်းသွယ် (၂) ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးအနီး ရပ်ကွက်ပိုင်မြေကွက်လပ်၌ ယနေ့ (မေ ၂၆ ရက်) မွန်းလွဲ ၁ နာရီခန့်က အသံမိုင်း နှစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ အသံမိုင်း နှစ်လုံးပေါက်ကွဲမှုကြောင့် လူ၊ တိရိစ္ဆာန် ထိခိုက်မှု မရှိခဲ့သော်လည်း အကျယ် တစ်ပေပတ်လည် အနက် လေးလက်မရှိ ကျင်းနှစ်ကျင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးအနီး အနောက်ဘက် ရပ်ကွက်ပိုင်မြေကွက်ပေါ်တွင် အသံမိုင်းနှစ်လုံး ရှေ့ဆင့် နောက်ဆင့် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှု မရှိကြောင်း မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အောင်ထိန်လင်းက ပြောကြားသည်။

“အိမ်ထဲမှာရှိနေတုံး အသံအကျယ်ကြီး ကြားလိုက်ရတယ်၊ ခဲစတွေ အိမ်ခေါင်မိုးပေါ် လာမှန်တယ်၊ ပထမတော့ ကားဘီးပေါက်တာလို့ထင်‌တာ နောက်တစ်ချက်ကြားတော့ ထွက်ကြည့်မှ မီးခိုးတွေ ထွက်လာတာ တွေ့ရတယ်” ဟု ပေါက်ကွဲမှု ဖြစ်စဉ်အနီး နေထိုင်သူ ထစ်ဦးက ပြောကြားသည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်မြေခံတပ်ရင်း တပ်ဖွဲ့များက ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး ပြည်သူလူထု အထိတ်တလန့်ဖြစ်ရန် အသံမိုင်းကွဲအောင် ပြုလုပ်သူကို လုံခြုံရေး ပူးပေါင်းအဖွဲ့က ဆက်လက် စုံစမ်းဖေါ်ထုတ်လျက်ရှိကြောင်း သိရသည်။

မူဆယ်မြို့တွင် ယခုနှစ်အတွင်း လက်လုပ်ဒေသန္တရမိုင်း ပေါက်ကွဲမှု ငါးကြိမ်ရှိခဲ့ပြီး မြန်မာ့ဆက်သွယ်ရေးရုံးဝန်းရှိ MPT ဝန်ဆောင်မှုရုံး၌ တစ်ကြိမ်၊ မူဆယ်မြို့ဝင် တိုးဂိတ်၌ တစ်ကြိမ်၊ ‌မန့်ဝိန်း မြေနီကွင်းတွင် နှစ်ကြိမ်နှင့် ယခု စွမ်စော်ရပ်ကွက်၌ တစ်ကြိမ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

မူဆယ်မြို့၌ ယခုလအတွင်း လုံခြုံရေးပူးပေါင်းအဖွဲ့က လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများကို ဆက်တိုက် ဖေါ်ထုတ်ဖမ်းဆီး ရရှိလျက်ရှိကြောင်း မူဆယ်မြို့မရဲစခန်းမှ သိရသည်။

Eleven Media Group

(Zawgyi)

မူဆယ္ၿမိဳ့ စြမ္း‌ေစာ္ရပ္ကြက္ မန႔္ဝိန္းနယ္ေျမ စြမ္းေစာ္ (၁) လမ္းႏွင့္ မန႔္ဝန္း (၂) လမ္းၾကား၊ လမ္းသြယ္ (၂) ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲ႐ုံးအနီး ရပ္ကြက္ပိုင္ေျမကြက္လပ္၌ ယေန႔ (ေမ ၂၆ ရက္) မြန္းလြဲ ၁ နာရီခန႔္က အသံမိုင္း ႏွစ္လုံးေပါက္ကြဲမွု ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ အသံမိုင္း ႏွစ္လုံးေပါက္ကြဲမွုေၾကာင့္ လူ၊ တိရိစၧာန္ ထိခိုက္မွု မရွိခဲ့ေသာ္လည္း အက်ယ္ တစ္ေပပတ္လည္ အနက္ ေလးလက္မရွိ က်င္းႏွစ္က်င္း ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ခရိုင္ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲ႐ုံးအနီး အေနာက္ဘက္ ရပ္ကြက္ပိုင္ေျမကြက္ေပၚတြင္ အသံမိုင္းႏွစ္လုံး ေရွ႕ဆင့္ ေနာက္ဆင့္ ေပါက္ကြဲခဲ့ျခင္းျဖစ္ၿပီး ထိခိုက္ပ်က္စီးမွု မရွိေၾကာင္း မူဆယ္ခရိုင္ရဲတပ္ဖြဲ႕မွူး ဒုရဲမွူးႀကီး ေအာင္ထိန္လင္းက ေျပာၾကားသည္။

“အိမ္ထဲမွာရွိေနတုံး အသံအက်ယ္ႀကီး ၾကားလိုက္ရတယ္၊ ခဲစေတြ အိမ္ေခါင္မိုးေပၚ လာမွန္တယ္၊ ပထမေတာ့ ကားဘီးေပါက္တာလို့ထင္‌တာ ေနာက္တစ္ခ်က္ၾကားေတာ့ ထြက္ၾကည့္မွ မီးခိုးေတြ ထြက္လာတာ ေတြ႕ရတယ္” ဟု ေပါက္ကြဲမွု ျဖစ္စဥ္အနီး ေနထိုင္သူ ထစ္ဦးက ေျပာၾကားသည္။

အဆိုပါ ေပါက္ကြဲမွု ျဖစ္စဥ္ေၾကာင့္ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕၊ နယ္ေျမခံတပ္ရင္း တပ္ဖြဲ႕မ်ားက ပိတ္ဆို့ရွာေဖြမွုမ်ား ျပဳလုပ္ခဲ့ၿပီး ျပည္သူလူထု အထိတ္တလန႔္ျဖစ္ရန္ အသံမိုင္းကြဲေအာင္ ျပဳလုပ္သူကို လုံျခဳံေရး ပူးေပါင္းအဖြဲ႕က ဆက္လက္ စုံစမ္းေဖၚထုတ္လ်က္ရွိေၾကာင္း သိရသည္။

မူဆယ္ၿမိဳ့တြင္ ယခုႏွစ္အတြင္း လက္လုပ္ေဒသႏၲရမိုင္း ေပါက္ကြဲမွု ငါးႀကိမ္ရွိခဲ့ၿပီး ျမန္မာ့ဆက္သြယ္ေရး႐ုံးဝန္းရွိ MPT ဝန္ေဆာင္မွု႐ုံး၌ တစ္ႀကိမ္၊ မူဆယ္ၿမိဳ့ဝင္ တိုးဂိတ္၌ တစ္ႀကိမ္၊ ‌မန႔္ဝိန္း ေျမနီကြင္းတြင္ ႏွစ္ႀကိမ္ႏွင့္ ယခု စြမ္ေစာ္ရပ္ကြက္၌ တစ္ႀကိမ္ ေပါက္ကြဲခဲ့ျခင္းျဖစ္သည္။

မူဆယ္ၿမိဳ့၌ ယခုလအတြင္း လုံျခဳံေရးပူးေပါင္းအဖြဲ႕က လက္နက္ခဲယမ္းႏွင့္ မူးယစ္ေဆးဝါးမ်ားကို ဆက္တိုက္ ေဖၚထုတ္ဖမ္းဆီး ရရွိလ်က္ရွိေၾကာင္း မူဆယ္ၿမိဳ့မရဲစခန္းမွ သိရသည္။

Eleven Media Group

Post a Comment

Previous Post Next Post