(Unicode)

COVID-19 ထိန်းချုပ်ကာကွယ်ရေးအဖြစ် ရက်ပေါင်း ၈၀ ကျော်ပိတ်ထားသည့် မန္တလေးဈေးချိုတော်၊ အရှေ့ဘက် တိုက်တန်းကြီးနှင့် မန်းမြန်မာပလာဇာတို့၌ ကျန်းမာရေးဆိုင်ရာ ပြင်ဆင်ထားရှိမှုများကို မြို့တော်စည်ပင် သာယာက စစ်ဆေးခဲ့ပြီးဖြစ်၍ မေ ၂၂ ရက်နေ့ (မနက်ဖြန်) တွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။ “ ဈေးတွေဖွင့်လှစ်ခွင့်ပြုပြီးတာနဲ့ မြို့တော်ဝန် ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးမှာဖြစ်ပါတယ်။ စည်းကမ်းပျက်တဲ့ ဆိုင်များကိုတော့ ဈေးဆိုင်ဖွင့်လှစ်ခွင့် ပြန်လည် ပိတ်သိမ်သွားမှာပါ ” ဟု စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်မှုများအဖြစ် မေ ၁၆ နှင့် ၁၇ ရက်များတွင် ဈေးသူဈေးသားများက ပြင်ဆင်ခဲ့ကြပြီး မေ ၁၈ ရက်မွန်းလွဲပိုင်း၌ မြို့တော်ဝန်ဒေါက်တာရဲလွင်နှင့် စည်ပင်သာယာရေး ကော်မတီဝင် များ၊ဈေးနှင့် သားသတ်ဌာနမှတာဝန်ရှိသူများက စစ်ဆေးခဲ့ပြီး ယခုကဲသို့ ပုံမှန်ဈေးဖွင့်ချိန်အတိုင်း ဖွင့်လှစ်ခွင့်ရခဲ့သည်။



“ပိတ်ထားတာကြာပြီး ခုတော့ တရားဝင် ဖွင့်ခွင့်ရပါပြီ။ ခုလို ဖွင့်ခွင့်ရတဲ့အတွက် ထီပေါက်တာထက်တောင် ဝမ်းသာရတယ်။ လူတွေလည်း ဈေးမရောင်းရတော့ အကျပ်အတည်းတွေ ဖြစ်ကုန်ပြီ။ ကျန်းမာရေးစည်းကမ်းတွေနဲ့ ဈေးထဲမှာ စည်ပင်ကသတ် မှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း ကျူးထားတာတွေ ဖယ်ပေးရမယ်။ လျှောက်လမ်း မှာ ပစ္စည်းချတာတွေ မလုပ်ရဘူး၊”ဈေးချိုတော်၊ တိုက်တန်းကြီးဈေး အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ ဦးအောင်မြင့်သိန်းကပြောသည်။

မြို့တော်စည်ပင်သာယာရေးကော်မတီက မေ ၁၆ ရက်နေ့မှစတင်ကာ တားမြစ်ထားသည့် အမိန့်များအား ပြန်လည်ဖြေလျော့သည့် အနေဖြင့် ယာယီပိတ်ထားသည့် လုပ်ငန်းအမျိုးအစား ၅၀ ကျော်နှင့် ဈေး ၄၀ ကျော်အား ပြန်ဖွင့်ခွင့်ပေးခဲ့ခြင်းဖြစ်ကာ ဈေးကြီးများအား မေ ၂၂ ရက်နေ့မှ ပြန်ဖွင့်ခွင့်ပြုခြင်းဖြစ်သည်။ ဈေးဖွင့်ချိန်မှာ ယခင်က နေ့ဝက်ကျော်သာ ဖွင့်လှစ်ရန် ဆိုသော်လည်း ဈေးဝယ်လာသူများပြားပြီး သိပ်သည်းမှု ဖြစ်နိုင်ခြင်းကြောင့် ပုံမှန်ဈေးဖွင့်ချိန် နံနက် ၈ နာရီမှ ဈေးပိတ်ချိန် ညနေ ၄ နာရီ ဖွင့်လှစ်မည်ဖြစ်ပြီး၊ဈေးအ ဝင်အထွက်များတွင် လက်ဆေးကန် လက်ဆေးဆပ်ပြာများထားရှိခြင်း၊ကိုယ်အပူချိန်တိုင်းခြင်းတို့ ဆောင်ရွက်မည်ဖြစ်သည်။



“ဈေးပိတ်ချိန်မှာ အိမ်မှာ Q ဝင်သလိုဖြစ်နေပြီး အလုပ်မရှိဖြစ်နေတာပေါ့။ ဖုန်းနဲ့ အမှာဝင်လို့ ကုန်ပို့မယ်ဆိုပြန် တော့ အဝေးပြေးယာဉ်လိုင်းတွေက မထွက်သေးဘူး။ ခုမှ တိုင်းအတွင်း ယာဉ်လိုင်းတွေ ထွက်ခွင့်ရချိန်မှာ ဈေးဖွင့်မှ ရောင်းဝယ်တာ အဆင်ပြေမှာပါ။ လုပ်ငန်းကို တစ်က နေပြန်စရသလိုဖြစ်နေတယ်။”ဟု မန်းမြန်မာ ပလာဇာမှ အထည်ဆိုင်ရှင် ကိုလှဝင်းကပြောသည်။ လုပ်ငန်းများအား ပထမဦးစားပေးအနေဖြင့် လုပ်ငန်း ၄၇ မျိုးအားလည်းကောင်း၊ ဒုတိယဦးစားပေးအနေဖြင့် ကိုယ်ကာယကြံ့ခိုင်မှု ဝန်ဆောင်မှုလုပ်ငန်း၊ အားကစားကွင်းလုပ်ငန်းများ၊ တည်ခိုခန်း၊ ဘော်ဒါဆောင်လုပ်ငန်းများ စသည့် လုပ်ငန်း ၃ မျိုးကိုလည်းကောင်း၊ တတိယဦးစားပေးအနေဖြင့် ပန်းခြံများ၊ သင်တန်းများ ကာရာအိုကေ၊ အလှပြင်ဆိုင်များစသည့် လုပ်ငန်း ၅ မျိုးကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်သည်။

ပြန်လည် ဖွင့်လှစ်ခွင့်ပြုခဲ့သည့် ဈေးများအနေဖြင့် ဆိုင်ခန်းတစ်ခန်းလျှင် အကူဝန်ထမ်း ၁ -ဦး၊ဆိုင်ခန်း(၂)ခန်းတွင် အကူဝန်ထမ်း ၂ ဦး (၄)ခန်းမှ(၅)ခန်းတွင် ၃ ဦး(၆)ခန်းမှ(၁၀)ခန်းတွင် ၄ ဦးခွင့်ပြု၍ ဈေးရောင်း/ဈေးဝယ်နှင့် လုပ်သားများအားလုံး Mask တပ်ဆင်ရမည် ဖြစ်ကာ ကျန်းမာရေးလမ်းညွန်ချက်များလိုက် နာရန်ဖြစ်ပြီးအပူချိန်မြင့်သူများ ဈေးတွင်း ဝင်ခွင့်ပြုမည်မဟုတ်ကြောင်းနှင် ဈေးဆိုင်ခန်းများတွင် ကုန်ပစ္စည်းများ ချိတ်ဆွဲခြင်း၊လျှောက်လမ်းတွင် ထားရှိခြင်းတို့ ခွင့်မပြု ကြောင်းသိရသည်။

(Zawgyi)

COVID-19 ထိန္းခ်ဳပ္ကာကြယ္ေရးအျဖစ္ ရက္ေပါင္း ၈၀ ေက်ာ္ပိတ္ထားသည့္ မႏၲေလးေဈးခ်ိဳေတာ္၊ အေရွ႕ဘက္ တိုက္တန္းႀကီးႏွင့္ မန္းျမန္မာပလာဇာတို႔၌ က်န္းမာေရးဆိုင္ရာ ျပင္ဆင္ထားရွိမႈမ်ားကို ၿမိဳ႕ေတာ္စည္ပင္ သာယာက စစ္ေဆးခဲ့ၿပီးျဖစ္၍ ေမ ၂၂ ရက္ေန႔ (မနက္ျဖန္) တြင္ ျပန္လည္ဖြင့္လွစ္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။ “ ေဈးေတြဖြင့္လွစ္ခြင့္ျပဳၿပီးတာနဲ႔ ၿမိဳ႕ေတာ္ဝန္ ကိုယ္တိုင္ ကြင္းဆင္းစစ္ေဆးမွာျဖစ္ပါတယ္။ စည္းကမ္းပ်က္တဲ့ ဆိုင္မ်ားကိုေတာ့ ေဈးဆိုင္ဖြင့္လွစ္ခြင့္ ျပန္လည္ ပိတ္သိမ္သြားမွာပါ ” ဟု စည္ပင္သာယာေရး ေကာ္မတီ အဖြဲ႕ဝင္ ဦးေက်ာ္ဆန္းျမင့္က ေျပာသည္။

ျပန္လည္ ဖြင့္လွစ္ႏိုင္ေရးအတြက္ ျပင္ဆင္မႈမ်ားအျဖစ္ ေမ ၁၆ ႏွင့္ ၁၇ ရက္မ်ားတြင္ ေဈးသူေဈးသားမ်ားက ျပင္ဆင္ခဲ့ၾကၿပီး ေမ ၁၈ ရက္မြန္းလြဲပိုင္း၌ ၿမိဳ႕ေတာ္ဝန္ေဒါက္တာရဲလြင္ႏွင့္ စည္ပင္သာယာေရး ေကာ္မတီဝင္ မ်ား၊ေဈးႏွင့္ သားသတ္ဌာနမွတာဝန္ရွိသူမ်ားက စစ္ေဆးခဲ့ၿပီး ယခုကဲသို႔ ပုံမွန္ေဈးဖြင့္ခ်ိန္အတိုင္း ဖြင့္လွစ္ခြင့္ရခဲ့သည္။


“ပိတ္ထားတာၾကာၿပီး ခုေတာ့ တရားဝင္ ဖြင့္ခြင့္ရပါၿပီ။ ခုလို ဖြင့္ခြင့္ရတဲ့အတြက္ ထီေပါက္တာထက္ေတာင္ ဝမ္းသာရတယ္။ လူေတြလည္း ေဈးမေရာင္းရေတာ့ အက်ပ္အတည္းေတြ ျဖစ္ကုန္ၿပီ။ က်န္းမာေရးစည္းကမ္းေတြနဲ႔ ေဈးထဲမွာ စည္ပင္ကသတ္ မွတ္ထားတဲ့ စည္းကမ္းေတြအတိုင္း က်ဴးထားတာေတြ ဖယ္ေပးရမယ္။ ေလွ်ာက္လမ္း မွာ ပစၥည္းခ်တာေတြ မလုပ္ရဘူး၊”ေဈးခ်ိဳေတာ္၊ တိုက္တန္းႀကီးေဈး အက်ိဳးေတာ္ေဆာင္အဖြဲ႕ ဥကၠဌ ဦးေအာင္ျမင့္သိန္းကေျပာသည္။

ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက ေမ ၁၆ ရက္ေန႔မွစတင္ကာ တားျမစ္ထားသည့္ အမိန႔္မ်ားအား ျပန္လည္ေျဖေလ်ာ့သည့္ အေနျဖင့္ ယာယီပိတ္ထားသည့္ လုပ္ငန္းအမ်ိဳးအစား ၅၀ ေက်ာ္ႏွင့္ ေဈး ၄၀ ေက်ာ္အား ျပန္ဖြင့္ခြင့္ေပးခဲ့ျခင္းျဖစ္ကာ ေဈးႀကီးမ်ားအား ေမ ၂၂ ရက္ေန႔မွ ျပန္ဖြင့္ခြင့္ျပဳျခင္းျဖစ္သည္။ ေဈးဖြင့္ခ်ိန္မွာ ယခင္က ေန႔ဝက္ေက်ာ္သာ ဖြင့္လွစ္ရန္ ဆိုေသာ္လည္း ေဈးဝယ္လာသူမ်ားျပားၿပီး သိပ္သည္းမႈ ျဖစ္ႏိုင္ျခင္းေၾကာင့္ ပုံမွန္ေဈးဖြင့္ခ်ိန္ နံနက္ ၈ နာရီမွ ေဈးပိတ္ခ်ိန္ ညေန ၄ နာရီ ဖြင့္လွစ္မည္ျဖစ္ၿပီး၊ေဈးအ ဝင္အထြက္မ်ားတြင္ လက္ေဆးကန္ လက္ေဆးဆပ္ျပာမ်ားထားရွိျခင္း၊ကိုယ္အပူခ်ိန္တိုင္းျခင္းတို႔ ေဆာင္႐ြက္မည္ျဖစ္သည္။


“ေဈးပိတ္ခ်ိန္မွာ အိမ္မွာ Q ဝင္သလိုျဖစ္ေနၿပီး အလုပ္မရွိျဖစ္ေနတာေပါ့။ ဖုန္းနဲ႔ အမွာဝင္လို႔ ကုန္ပို႔မယ္ဆိုျပန္ ေတာ့ အေဝးေျပးယာဥ္လိုင္းေတြက မထြက္ေသးဘူး။ ခုမွ တိုင္းအတြင္း ယာဥ္လိုင္းေတြ ထြက္ခြင့္ရခ်ိန္မွာ ေဈးဖြင့္မွ ေရာင္းဝယ္တာ အဆင္ေျပမွာပါ။ လုပ္ငန္းကို တစ္က ေနျပန္စရသလိုျဖစ္ေနတယ္။”ဟု မန္းျမန္မာ ပလာဇာမွ အထည္ဆိုင္ရွင္ ကိုလွဝင္းကေျပာသည္။ လုပ္ငန္းမ်ားအား ပထမဦးစားေပးအေနျဖင့္ လုပ္ငန္း ၄၇ မ်ိဳးအားလည္းေကာင္း၊ ဒုတိယဦးစားေပးအေနျဖင့္ ကိုယ္ကာယႀကံ့ခိုင္မႈ ဝန္ေဆာင္မႈလုပ္ငန္း၊ အားကစားကြင္းလုပ္ငန္းမ်ား၊ တည္ခိုခန္း၊ ေဘာ္ဒါေဆာင္လုပ္ငန္းမ်ား စသည့္ လုပ္ငန္း ၃ မ်ိဳးကိုလည္းေကာင္း၊ တတိယဦးစားေပးအေနျဖင့္ ပန္းၿခံမ်ား၊ သင္တန္းမ်ား ကာရာအိုေက၊ အလွျပင္ဆိုင္မ်ားစသည့္ လုပ္ငန္း ၅ မ်ိဳးကို ျပန္လည္ ဖြင့္လွစ္ခြင့္ျပဳမည္ျဖစ္သည္။

ျပန္လည္ ဖြင့္လွစ္ခြင့္ျပဳခဲ့သည့္ ေဈးမ်ားအေနျဖင့္ ဆိုင္ခန္းတစ္ခန္းလွ်င္ အကူဝန္ထမ္း ၁ -ဦး၊ဆိုင္ခန္း(၂)ခန္းတြင္ အကူဝန္ထမ္း ၂ ဦး (၄)ခန္းမွ(၅)ခန္းတြင္ ၃ ဦး(၆)ခန္းမွ(၁၀)ခန္းတြင္ ၄ ဦးခြင့္ျပဳ၍ ေဈးေရာင္း/ေဈးဝယ္ႏွင့္ လုပ္သားမ်ားအားလုံး Mask တပ္ဆင္ရမည္ ျဖစ္ကာ က်န္းမာေရးလမ္းၫြန္ခ်က္မ်ားလိုက္ နာရန္ျဖစ္ၿပီးအပူခ်ိန္ျမင့္သူမ်ား ေဈးတြင္း ဝင္ခြင့္ျပဳမည္မဟုတ္ေၾကာင္းႏွင္ ေဈးဆိုင္ခန္းမ်ားတြင္ ကုန္ပစၥည္းမ်ား ခ်ိတ္ဆြဲျခင္း၊ေလွ်ာက္လမ္းတြင္ ထားရွိျခင္းတို႔ ခြင့္မျပဳ ေၾကာင္းသိရသည္။

Credit မြန်မာတိုင်းမ်

Post a Comment

Previous Post Next Post