(Unicode)

မေလအတွက် မီတာခတွေကို (၁၅၀)ယူနစ်အထိ လျှော့ချပေးမည်ဖြစ်ကြောင်းကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဒီကနေ့ မေလ(၂၅)ရက်နေ့ ညပိုင်းမှာ ပြည်သူတွေကို အသိပေးကြေညာခဲ့ပါတယ်။မီတာခတွေကို မေလ (၁)ရက်နေ့ကနေ (၁၅)ရက်နေ့အထိ (၇၅)ယူနစ် ကင်းလွတ်ခွင့်ပြုကြောင်းကို ကနဦး ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပေမယ့် မေလ(၁၆)ရက်ကနေ (၃၁)ရက်အထိ ၇၅ယူနစ် ထပ်မံလျှော့ချပေးခဲ့လို့ မေလအတွက် စုစုပေါင်း ၁၅၀ယူနစ်အထိလျှော့ချပေးတာဖြစ်ပါတယ်။



COVID – 19 ဖြစ်ပွားစဉ်ကာလအတွင်းမှာ အစိုးရက ပြည်သူတွေအတွက် မီတာခတွေကို နှစ်လဆက်တိုက် လျှော့ချပေးခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလတစ်လလုံးစာအတွက်ကိုလည်း (၁၅၀)ယူနစ်လျှော့ချပေးခဲ့သလို ယခုမေလအတွက်ကိုလည်း (၁၅၀)ယူနစ်ထပ်မံလျှော့ချပေးခဲ့တာဖြစ်ပါတယ်။


“ မေလအတွက် မီတာ ယူနစ်(၁၅၀)လျှော့ပေးတယ်ဆိုတာ မှန်ကန်ပါတယ်။ ဝန်ကြီးဌာနကလည်းတရားဝင်ထုတ်ပြန်တဲ့သတင်းပါ။ အဓိက ကတော့ အခုလိုအချိန်မှာ ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ထပ်လျှော့ပေးတဲ့သဘောပါပဲ” လို့ YESC Call Center မှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။အခုထပ်မံလျှော့ပေးတဲ့ ယူနစ် (၁၅၀)က ပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများနဲ့ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများ၊ အိမ်သုံးအမျိုးအစားလျှပ်စစ်မီတာသုံးစွဲသူတွေသာ ခံစားခွင့်ရရှိမှာပါ။ အခုလိုမီတာခကင်းလွတ်ခွင့်ပြုတဲ့ထဲမှာတော့ သံရုံးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းတွေမပါဝင်ပါဘူး။


မေလအတွက် မီတာခ (၁၅၀)ယူနစ်ကို အခမဲ့သုံးစွဲခွင့်ခွင့်ပြုထားရာမှာ အိမ်သုံးအမျိုးအစားတွေအနေနဲ့ လျှပ်စစ်မီတာသုံးစွဲမှုများမှ (၁၅၀)ယူနစ်အထက် သုံးစွဲမှုများကို အလွှာလိုက် သတ်မှတ်နှုန်းထားများအတိုင်း ပေးဆောင်ရမှာဖြစ်ပါတယ်။

ဓူဝံ

(Zawgyi)

ေမလအတြက္ မီတာခေတြကို (၁၅၀)ယူနစ္အထိ ေလွ်ာ့ခ်ေပးမည္ျဖစ္ေၾကာင္းကို လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနက ဒီကေန႔ ေမလ(၂၅)ရက္ေန႔ ညပိုင္းမွာ ျပည္သူေတြကို အသိေပးေၾကညာခဲ့ပါတယ္။မီတာခေတြကို ေမလ (၁)ရက္ေန႔ကေန (၁၅)ရက္ေန႔အထိ (၇၅)ယူနစ္ ကင္းလြတ္ခြင့္ျပဳေၾကာင္းကို ကနဦး ထုတ္ျပန္ေၾကညာခဲ့ၿပီးျဖစ္ေပမယ့္ ေမလ(၁၆)ရက္ကေန (၃၁)ရက္အထိ ၇၅ယူနစ္ ထပ္မံေလွ်ာ့ခ်ေပးခဲ့လို႔ ေမလအတြက္ စုစုေပါင္း ၁၅၀ယူနစ္အထိေလွ်ာ့ခ်ေပးတာျဖစ္ပါတယ္။



COVID – 19 ျဖစ္ပြားစဥ္ကာလအတြင္းမွာ အစိုးရက ျပည္သူေတြအတြက္ မီတာခေတြကို ႏွစ္လဆက္တိုက္ ေလွ်ာ့ခ်ေပးခဲ့ၿပီး ၿပီးခဲ့တဲ့ ဧၿပီလတစ္လလုံးစာအတြက္ကိုလည္း (၁၅၀)ယူနစ္ေလွ်ာ့ခ်ေပးခဲ့သလို ယခုေမလအတြက္ကိုလည္း (၁၅၀)ယူနစ္ထပ္မံေလွ်ာ့ခ်ေပးခဲ့တာျဖစ္ပါတယ္။


“ ေမလအတြက္ မီတာ ယူနစ္(၁၅၀)ေလွ်ာ့ေပးတယ္ဆိုတာ မွန္ကန္ပါတယ္။ ဝန္ႀကီးဌာနကလည္းတရားဝင္ထုတ္ျပန္တဲ့သတင္းပါ။ အဓိက ကေတာ့ အခုလိုအခ်ိန္မွာ ျပည္သူေတြအတြက္ ဝန္ထုပ္ဝန္ပိုးမျဖစ္ေအာင္ ထပ္ေလွ်ာ့ေပးတဲ့သေဘာပါပဲ” လို႔ YESC Call Center မွ တာဝန္ရွိသူတစ္ဦးက Duwun ကိုေျပာပါတယ္။အခုထပ္မံေလွ်ာ့ေပးတဲ့ ယူနစ္ (၁၅၀)က ျပည္သူမ်ား၊ ဘာသာေရးအဖြဲ႕အစည္းမ်ားနဲ႔ ျပည္တြင္းလူမႈေရးအဖြဲ႕အစည္းမ်ား၊ အိမ္သုံးအမ်ိဳးအစားလွ်ပ္စစ္မီတာသုံးစြဲသူေတြသာ ခံစားခြင့္ရရွိမွာပါ။ အခုလိုမီတာခကင္းလြတ္ခြင့္ျပဳတဲ့ထဲမွာေတာ့ သံ႐ုံးမ်ား၊ ကုလသမဂၢႏွင့္ ႏိုင္ငံတကာအဖြဲ႕အစည္းေတြမပါဝင္ပါဘူး။



ေမလအတြက္ မီတာခ (၁၅၀)ယူနစ္ကို အခမဲ့သုံးစြဲခြင့္ခြင့္ျပဳထားရာမွာ အိမ္သုံးအမ်ိဳးအစားေတြအေနနဲ႔ လွ်ပ္စစ္မီတာသုံးစြဲမႈမ်ားမွ (၁၅၀)ယူနစ္အထက္ သုံးစြဲမႈမ်ားကို အလႊာလိုက္ သတ္မွတ္ႏႈန္းထားမ်ားအတိုင္း ေပးေဆာင္ရမွာျဖစ္ပါတယ္။

ဓူ၀ံ

Post a Comment

Previous Post Next Post