(Unicode)

ထိုင်းအစိုးရရဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အရေးပေါ်အမိန့်၊ ညမထွက်ရ အမိန့်တွေကြောင့် အလုပ်အကိုင်ပျက်ပြီး စားဝတ်နေရေး အခက်အခဲဖြစ်နေရသူတွေကို အစိုးရက တဦးလျှင် မြန်မာငွေ ( ၇သိန်း ) ထိုင်း ဘတ်ငွေ ၅၀၀၀ နှုန်းနဲ့ ထောက်ပံ့နေပါတယ်။

အဲဒီလိုထောက်ပံ့ရာမှာ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နေသူတွေ မပါဘူးလို့ နဂိုက ကန့်သတ်ထားခဲ့ပေမယ့်လည်း တောင်းဆိုမှုတွေကြောင့် တောင်သူလယ်သမားတွေကိုပါ ပြန်ထောက်ပံ့ပေးတော့မှာ ဖြစ်ပါတယ်။



ကိုဗစ်-၁၉ ကာကွယ်ရေးဥပဒေကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်ရတဲ့ တောင်သူလယ်သမားတွေကို တအိမ်ထောင်လျှင် တလ ဘတ် ၅၀၀၀ နှုန်းနဲ့ ၃ လစာ စုစုပေါင်း ဘတ် ၁၅,၀၀၀ ထောက်ပံ့ဖို့ မနေ့ကကျင်းပတဲ့ ထိုင်းအစိုးရဝန်ကြီးများအဖွဲ့ အစည်းအဝေးက သဘောတူလိုက်ကြောင်း ထိုင်းဘဏ္ဍာရေးဝန်ကြီး နိုင်းအုတမ ဆာဝနားယွန်းက သတင်းထောက်တွေကို ပြောပါတယ်။

တောင်သူလယ်သမားများ ထောက်ပံ့ကြေးငွေ စုစုပေါင်း ဘတ်သန်းပေါင်း ၄ သိန်းကို ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနက အဆင်သင့်ပြင်ထားပြီး စိုက်ပျိုးရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးသွားမယ်လို့ ဆိုပါတယ်။

တောင်သူလယ်သမားတွေကို တလ ၅၀၀၀ ပေးမလား ဒါမှမဟုတ် တခါတည်း ၃ လစာ ဘတ် ၁၅၀၀၀ ပေးမလား ဆိုတာတော့ စိုက်ပျိုးရေးဝန်ကြီးဌနအပေါ် မူတည်တယ်လို့ ဝန်ကြီးနိုင်းအုတမက ပြောသွားပါတယ်။



ကိုဗစ်-၁၉ ကူးစက်ကာလ ထောက်ပံ့ကြေးရမယ့် တောင်သူလယ်သမားတွေဟာ စိုက်ပျိုးရေးလုပ်ငန်း အဓိကလုပ်ကိုင်သူ ဒါမှမဟုတ် အရန်လုပ်ကိုင်သူ၊ တောင်သူလယ်သမား မှတ်ပုံတင်ထားသူ၊ ထိုင်းနိုင်ငံသားနဲ့ အရွယ်ရောက်ပြီးသူတွေ ဖြစ်ရမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ တောင်သူလယ်သမားဦးရေ ၁၀ သန်းခန့်ပြီး ကိုဗစ်-၁၉ ထောက်ပံ့ကြေး ဘတ် ၅၀၀၀ ရဖို့အတွက် လျှောက်ထားသူမှာ ၂၈ သန်း ရှိပါတယ်။

ဒါပေမဲ့ ထိုင်းအစိုးရကတော့ သာမန်လက်လုပ်လက်စားပြည်သူ ၁၄ သန်းကိုသာ ထောက်ပံ့ပေးမယ်လို့ပြောပြီး စိစစ်ထုတ်ပေးနေတာကြောင့် မရတဲ့ပြည်သူတွေကြား ပြဿနာဖြစ်နေပါတယ်။

ကိုးကား – ဘန်ကောက်ဘစ်စနစ်စ်နယူးစ် / one31 news

Credit to DVB


(Zawgyi)


ထိုင္းအစိုးရရဲ႕ ကိုဗစ္-၁၉ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး အေရးေပၚအမိန႔္၊ ညမထြက္ရ အမိန႔္ေတြေၾကာင့္ အလုပ္အကိုင္ပ်က္ၿပီး စားဝတ္ေနေရး အခက္အခဲျဖစ္ေနရသူေတြကို အစိုးရက တဦးလွ်င္ ျမန္မာေငြ ( ၇သိန္း ) ထိုင္း ဘတ္ေငြ ၅၀၀၀ ႏႈန္းနဲ႔ ေထာက္ပံ့ေနပါတယ္။

အဲဒီလိုေထာက္ပံ့ရာမွာ စိုက္ပ်ိဳးေမြးျမဴေရး လုပ္ကိုင္ေနသူေတြ မပါဘူးလို႔ နဂိုက ကန႔္သတ္ထားခဲ့ေပမယ့္လည္း ေတာင္းဆိုမႈေတြေၾကာင့္ ေတာင္သူလယ္သမားေတြကိုပါ ျပန္ေထာက္ပံ့ေပးေတာ့မွာ ျဖစ္ပါတယ္။

ကိုဗစ္-၁၉ ကာကြယ္ေရးဥပေဒေၾကာင့္ စားဝတ္ေနေရး အခက္အခဲျဖစ္ရတဲ့ ေတာင္သူလယ္သမားေတြကို တအိမ္ေထာင္လွ်င္ တလ ဘတ္ ၅၀၀၀ ႏႈန္းနဲ႔ ၃ လစာ စုစုေပါင္း ဘတ္ ၁၅,၀၀၀ ေထာက္ပံ့ဖို႔ မေန႔ကက်င္းပတဲ့ ထိုင္းအစိုးရဝန္ႀကီးမ်ားအဖြဲ႕ အစည္းအေဝးက သေဘာတူလိုက္ေၾကာင္း ထိုင္းဘ႑ာေရးဝန္ႀကီး ႏိုင္းအုတမ ဆာဝနားယြန္းက သတင္းေထာက္ေတြကို ေျပာပါတယ္။

ေတာင္သူလယ္သမားမ်ား ေထာက္ပံ့ေၾကးေငြ စုစုေပါင္း ဘတ္သန္းေပါင္း ၄ သိန္းကို ထိုင္းဘ႑ာေရးဝန္ႀကီးဌာနက အဆင္သင့္ျပင္ထားၿပီး စိုက္ပ်ိဳးေရးဝန္ႀကီးဌာနကို လႊဲေျပာင္းေပးသြားမယ္လို႔ ဆိုပါတယ္။

ေတာင္သူလယ္သမားေတြကို တလ ၅၀၀၀ ေပးမလား ဒါမွမဟုတ္ တခါတည္း ၃ လစာ ဘတ္ ၁၅၀၀၀ ေပးမလား ဆိုတာေတာ့ စိုက္ပ်ိဳးေရးဝန္ႀကီးဌနအေပၚ မူတည္တယ္လို႔ ဝန္ႀကီးႏိုင္းအုတမက ေျပာသြားပါတယ္။

ကိုဗစ္-၁၉ ကူးစက္ကာလ ေထာက္ပံ့ေၾကးရမယ့္ ေတာင္သူလယ္သမားေတြဟာ စိုက္ပ်ိဳးေရးလုပ္ငန္း အဓိကလုပ္ကိုင္သူ ဒါမွမဟုတ္ အရန္လုပ္ကိုင္သူ၊ ေတာင္သူလယ္သမား မွတ္ပုံတင္ထားသူ၊ ထိုင္းႏိုင္ငံသားနဲ႔ အ႐ြယ္ေရာက္ၿပီးသူေတြ ျဖစ္ရမယ္လို႔ ဆိုပါတယ္။

ထိုင္းႏိုင္ငံမွာ ေတာင္သူလယ္သမားဦးေရ ၁၀ သန္းခန႔္ၿပီး ကိုဗစ္-၁၉ ေထာက္ပံ့ေၾကး ဘတ္ ၅၀၀၀ ရဖို႔အတြက္ ေလွ်ာက္ထားသူမွာ ၂၈ သန္း ရွိပါတယ္။

ဒါေပမဲ့ ထိုင္းအစိုးရကေတာ့ သာမန္လက္လုပ္လက္စားျပည္သူ ၁၄ သန္းကိုသာ ေထာက္ပံ့ေပးမယ္လို႔ေျပာၿပီး စိစစ္ထုတ္ေပးေနတာေၾကာင့္ မရတဲ့ျပည္သူေတြၾကား ျပႆနာျဖစ္ေနပါတယ္။

ကိုးကား – ဘန္ေကာက္ဘစ္စနစ္စ္နယူးစ္ / one31 news

Credit to DVB

Post a Comment

Previous Post Next Post