အ သက် ၁၄ နှစ်အရွယ် အိန္ဒိယလူငယ် ဗေဒင်ဆရာ Abhigya Anand က နောက်ထပ်ဟောကိန်းထပ်ထုတ်။

COVID-19 ထက်ပိုပြီးဆိုးဝါး ပိုပြီး ကြောက်စရာကောင်းမည်ဟုဆို။

လူတွေ ငတ်ပြတ်ကြလိမ့်မည်ဟုဆို :(> သူသည် လွန်ခဲ့သော ၇ လခန့်၂၀၁၉ ခုနှစ် သြဂုတ်လကတည်းက ကမ္ဘာမှာ 2020 ပြည့်နှစ်အတွင်း ဇီဝပိုးလက်နက်တိုက်ပွဲဖြစ်လိမ့်မယ် ပိုးမွှားနှင့်လူတွေကြားတိုက်ခိုက်ရတဲ့ စစ်ပွဲဖြစ်လိမ့်မယ် ကမ္ဘာ့ကပ်ကြီးဖြစ်လိမ့်မယ်လို့ ကြိုတင်ခန့်မှန်းပြောဆိုခဲ့သူလည်းဖြစ် ( COVID-19 မဖြစ်ခင် လေးလကတည်းက )




အိန္ဒိယဝန်ကြီးချုပ်ကိုယ်တိုင် ခေါ်ယူတွေ့ဆုံခြင်းခံရသူလည်းဖြစ်

အရင်က သူ့ဟောကိန်းကို ဘယ်သူမှအရေးမလုပ်ခဲ့ကြသော်လည်း ယခုတော့ နိုင်ငံတကာပညာရှင်တွေပါ သူ့ကိုဆက်သွယ်မေးမြန်းနေကြရပါပြီ

နှစ်တစ်ရာမှာတစ်ကြိမ်သာ ဖောက်ပြန် ဖြစ်ပေါ်လာတဲ့ ဂျူပီတာ ၊ မားစ်၊ စေတန်ဂြိုဟ်သုံးလုံးရဲ့ အနေထားကိုကြည့်ပြီး ဟောကိန်းထုတ်ခဲ့တာလို့သိရ။

ဘာပဲဖြစ် ဒီကပ်ကြီးဖြစ်လိမ့်မယ်လို့ သူပြောဆိုခန့်မှန်းခဲ့တာမှန်နေခဲ့အတွက် ကြောင့် ယခု မေ ၂၉ လောက်ကနေ စပြီး ရောဂါသည်အရေအတွက်တွေ လျော့ကျလာပြီး လူသားတွေက ထိန်းချုပ်နိုင်သွားလိမ့်မယ်လို့ သူရဲ့ခန့်မှန်းတွက်ချက် ပြောဆိုမှုကလည်း မှန်လာပါစေလို့ပဲ ဆုတောင်းရမှာပဲ။

ဒါဆုတောင်းပြည့်ခဲ့ပြန်ရင်လည်း သူက နောက်ထပ်ဟောကိန်းတစ်ခု ထပ်ထုတ်ထားပြန်သေးတယ်ကွယ်

သူက သူ့ရဲ့နောက်ဆုံး Video ထဲမှာ ယခင် Video နဲ့ပတ်သက်ပြီး socicl meadi များ နှင့် သတင်းဌာနကြီးတွေက သူ့ရဲ ဟောကိန်းကို လွဲမှားစွာ ယူဆပြီးရေးသားနေကြတာ ကိုလည်း အောက်ပါအတိုင်း ရှင်းပြထားပါတယ်။

((မီဒီယာတွေက မေ ၂၉ ကျရင်ဒီရောဂါ ကပ်က လုံးဝအဆုံးသတ်သွားမယ်လို့ Anand ကပြောကြောင်းရေးသားနေ ကြတာကိုးး))

“ကျွန်တော်ပြောခဲ့တာကဒီCOVID က မေလ ၂၉ ရက်မှာလုံးဝပြီးဆုံးချုပ်ငြိမ်း သွားမယ်လို့ပြောခဲ့တာမဟုတ်ပါဘူး ။ အဲ့ဒီမေလ၂၉ ရက်နေ့ကနေစပြီး နောက်ပိုင်း ကမ္ဘာမှာ COVID-19 ရောဂါသည်အရေတွက်ဟာ တဖြည်းဖြည်းလျော့ကျသွားပြီး လူသားတွေကထိန်းချုပ်သွားမယ် နိုင်လိမ့်မယ်လို့ပြောခဲ့တာပါ အဲ့ဒီ မေလ ၂၉ ရက်နေ့မှာ လုံးဝချုပ်ငြိမ်းသွားမယ်လို့ ဆိုလိုခဲ့တာမဟုတ်ပါဘူး ´´ လို့ဖြေရှင်းထားပါတယ်။

လွန်ခဲ့တစ်ပတ် ဧပြီလ ၈ ရက်နေ့က Youtube မှာတင်ခဲ့တဲ့ သူရဲ့ နောက်ဆုံး Video ထဲမှာ ၂၀၂၀ ခုနှစ် ဇွန် လ ၃၀ ရက်အထိ တိုင်အောင်ကမ္ဘာ့ပေါ်မှာ မည့်သည့်ငြိမ်းချမ်းမှုမှရနိုင်သေးမှာ မဟုတ်ကြောင်း ၊ ကောင်းသော သတင်းတွေကို ကြားနိုင်သေးမည်မဟုတ်ကြောင်း လည်း ပြောဆိုထားပါတယ်။

အဲ့ဒီနောက်ဆုံး Video ထဲမှာပဲ လူသားတွေဟာ ဒီ COVID-19 နဲ့ပတ်သက်တဲ့ ကာကွယ်ဆေးတွေကို ထုတ်ဖို့ အောင်မြင်ခဲ့ရင်တောင် ၂၀၂၀ ခုနှစ် ဒီဇင်ဘာ လ ၂၀ ရက်နေ့ ကလောက်စပြီး ကမ္ဘာပေါ်မှာ COVID-19 ထက်ကိုပိုပြီးကြောက် စရာကောင်းပြီး ပိုပြီး ဆိုးဝါးမယ့် ကပ်ဘေးတစ်ခုကိုစတင် ရင်ဆိုင်ကြရဦးမည်လို့ အောက်ပါအတိုင်း ဟောကိန်းထုတ်ပြောဆိုထားပါသေးတယ်

“ကျွန်တော်တို့ဟာ ဒီ COVID-19 အတွက် ကာကွယ်ဆေးကို ရှာဖွေတွေ့ရှိကောင်း တွေ့ရှိနိုင်ပါတယ် ၊ ဒါပေမဲ့ နောက်ထက်နောက်ထက်သော ဗိုင်းရပ်ပိုးတွေက ဆက်လာဦးမှာပဲ ၊ ပဋိဗဇီဝဆေးတွေကို ခံနိုင်ရည်ရှိတဲ့ ဘက်တီးရီးယားတွေဗိုင်းရက်စ်တွေ လာပါဦးမယ်၊ ဒါကြောင့်ဒါတွေကိုရင်ဆိုင်နိုင်ဖို့အတွက်အရေးကြီးဆုံးကတော့ ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်တွေကို ကောင်းမွန်သန်မာနေအောင်နေထိုင်စားသောက်ဖို့လိုအပ်ပါတယ်။Organic စားသုံးကုန်တွေကို စားသုံးကြဖို့လိုအပ်ပါတယ် ၊ သတ္တဝါတွေကို သက်ယူစားသောက်ခြင်းကိုလည်း တတ်နိုင်သမျှရှောင်ကျဉ်ကြသင့်တယ်၊ ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ ကျွန်တော်တို့ဟာ ကမ္ဘာမြေကြီးရဲ့ ဆိုးရွားတဲ့ဒဏ်ခတ်အပြစ်ပေး တာတွေကိုရင်ဆိုင်ကြရဦးမယ်´´ လိုသတိပေ့းပြောဆိုထားပါတယ်



သတ္တဝါတွေကိုသတ်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေတဲ့ သူတွေကိုလည်း မိမိတို့ရဲ့ ဒီအသက်မွေးဝမ်းကြောင်းပြုမှုကြီးကို ရပ်တန့်သင့်ကြပြီလို့လည်း တိုက်တွန်းပြောဆိုထားပါတယ်။

အစာရေစာငတ်မွတ်ခေါင်းပါးလာမဲ့ အခြေနေတွေကို ထပ်ခါထပ်ခါပြောထား

စိုက်ပျိုးရေးကိုလုံးဝရပ်တံ့လိုက်ရင် ဒုက္ခရောက်နိုင်မည့်အခြေနေတွေကို မီးမောင်းထိုးပြထား

၂၀၂၀ ပြည့်နှစ်ဒီဇင်ဘာလ၂၀ ရက်နေ့ ကလောက်စပြီး ဒုတိယအကြိမ် တွေ့ကြုံရမည့် ဒီကပ်ကြီးကလည်း ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ

တိုင်အောင်ဆက်လက်ဖြစ်ပွားနေလိမ့် မယ်လို့ ဟောကိန်းထုတ်ထားပါတယ် နောက်ဆုံးအနေနဲ့သူက သူဟာဒီလိုခန်းမှန်းဟောကိန်း ထုတ်ခြင်းတွေကို နှုတ်စည်းနဲ့ ဟောတာမဟုတ်ဘဲ နက္ခတက်ဗေဒဆိုင်ရာလုပ်ငန်း တွေအပေါ်မှခြေခံပြီး သေချာခွဲခြမ်းစိတ်ဖြာပြီးမှ ပြောဆိုခန့်မှန်းဟောကိန်းထုတ်ခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ကဲ …………… ဘာပဲဖြစ်ဖြစ်ဗျာ ဒီဇင်ဘာလ ၂၀ ရက်နေ့လောက်မှာ နောက်ထပ်ကပ်တစ်ခုကို စတင်ရင်ဆိုင်ကြရဦးမယ်ဆိုတဲ့ သူ့ရဲ့ ခန့်မှန်းပြောဆိုချက်ကို ဘယ်သူမှ နှစ်မြို့လိမ့်မှာ မဟုတ်ဘူးဆိုတာတော့သေချာပါတယ်

ယုံတာ / မယုံတာကအသာထား ဖြစ်တာ / မဖြစ်တာက အသာထား ကျွန်တော်ကိုယ်တိုင်လည်း သူ့ရဲ့နောက်ဆုံးဟောကိန်းထုတ်ထားတဲ့ အတိုင်း တကယ်ဖြစ်မယ်လို့ ယုံကြည်လို့ဒီစာကိုရေးနေတာ မဟုတ်ပါဘူး လုံ

းဝမနှစ်မြို့ပါဘူး၊ ဖြစ်လာမှာမဟုတ်ဘူးလို့ပဲ ကောင်းတဲ့ဘက်ကယူဆပါတယ် ဒါပေမဲ့ သူရဲ့ပြောဆိုမှု ခန့်မှန်းဟောကိန်းထုတ်တာတွေ ကလည်း တစ်ဖက်သတ်မဟုတ်ဘဲ သဘာဝရဲ့အမှန်တရားတွေပေါ်မှာ အခြေခံထားတယ်လို့တော့ယူဆမိတယ် ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ဆိုတော့ ပို၍တောင်လက်မခံနိုင်စရာမရှိပါဘူး။

( ပြောဆိုမှုကိုပြောတာနော် / ဖြစ်လာမှာကိုပြောတာမဟုတ်ဘူး / လက်ခံတယ်ဆိုတာက ) – ဗုဒ္ဓရဲ့အဆုံးအမတွေအောက်မှာပဲရှိတဲ့ ခန့်မှန်းချက်တွေပဲဖြစ်တော့ သိပ်ပြီးထွေထွေထူးထူးလက်မခံစရာ တော့မရှိပါဘူးးး ဗုဒ္ဓဘာသာမှာ အရေးကြီးဆုံးသော့ချက် ဖြစ်တဲ့ #ကံကံရဲ့အကျိုး သဘောတရားနဲ့လည်း ကိုက်ညီတယ်လို့ယူဆမိပါတယ်

လူသားတွေက ကောင်းတာတွေထက် မကောင်းတာတွေကိုပိုပြီး လုပ်ဆောင်လာကြလို့ အကျိုးဆက်အနေနဲ့ မကောင်းတာတွေကို တွေ့ကြုံခံစားရလာတယ်လို့ပဲမြင်တယ် လူသားတွေရဲ့ တဖြည်းဖြည်းလူသား မဆန်ကြတော့တဲ့အပြုအမူအနေအထိုင် လူရိုင်းဆန်လာတဲ့စားသောက်မှုပုံစံ တစ်ယောက်အပေါ်တစ်ယောက် မေတ္တာတရားခေါင်းပါးလာမှု ၊

သနားစာနာစိတ်ကင်းမဲ့လာမှု ရက်စက်ကြမ်းကြုတ်လာမှု စတဲ့အကြောင်းတရားတွေကို အတိုင်းတာတစ်ခုအထိ အခြေခံပြီး ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေကို ခန့်မှန်းပြောဆိုတာမို့ လက်မခံနိုင်စရာမရှိဘူးလို့ပြောတာပါ ဒါကြောင့် ဒီလိုရောဂါကပ်ဘေးမျိုးတွေ ဘေးတွေ နောက်ထပ်မဖြစ်အောင် လျော့နည်းလာအောင် အရေးအပါဆုံးကတော့ ကျွန်တော်တို့ လူသားတွေပါပဲ ။



ကျွန်တော်တို့လူသားတွေက ကောင်းတာတွေပိုလုပ်ဖို့လိုအပ်လာပါပြီ။ ရိုင်းစိုင်းတဲ့အပြုအမှု မကောင်းတဲ့ အကျင့်တွေကို ပြင်ကြတော့ဖို့လိုအပ်လာပါပြီ တစ်ယောက်နဲ့တစ်ယောက် သနားကြင်နာတတ်တဲ့စိတ်တွေကို ပိုပြီး ထွန်းကားလာအောင် ကြိုစားမြွေးမြူကြဖို့အချိန်တန်လာပါပြီ နောက်ဆုံးအရေးကြီးဆုံးကတော့ ((((( #မေတ္တာတရား ))) ပါပဲ

မေတ္တရားဖြင့် အရာရာကို ကျော်လွှားနိုင်ကြပါစေ မေတ္တာတရားဖြင့်ငြိမ်းချမ်းသာယာ အေးချမ်းပြီး ပျော်စရာကောင်းတဲ့ ကမ္ဘာကြီးကိုဖန်တီးနိုင်ကြပါစေလို့ ဆန္ဒပြုရင်း

Credit Original Writer

Post a Comment

Previous Post Next Post