(Unicode)

မေ ၂၀ ရက် မွန်းလွဲအချိန်မှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်နိုင်ပါတယ်။ဘင်္ဂလားပင်လယ်အော်မှ အလွန့်အလွန်အားကောင်းတဲ့ စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် ဦးတည်ချဉ်းကပ်လာနေတဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ လူဦးရေ သန်းနဲ့ချီ ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။


ဆိုင်ကလုန်းအမ်ဖန် (Cyclone Amphan) ဟာ အိန္ဒိယနဲ့ ဘင်င်္ဂလားဒေ့ရှ် နယ်စပ်အနီးကနေ ကုန်းတွင်းပိုင်းကို ယနေ့ (မေ ၂၀ ရက်) ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ အိန္ဒိယမှာ ကယ်ဆယ်ရေးအဖွဲ့ ၂၀ ကျော်ကို အသင့်ဖြန့်ကျက်ချထားပြီး နောက်ထပ် အဖွဲ့တွေကိုလည်း အသင့်ပြင်ထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။


နှစ်နိုင်ငံလုံးမှာ COVID-19 ကူးစက်ဖြစ်ပွားမှုတွေရှိနေရာ မုန်တိုင်းလမ်းကြောင်းရှိ ဒေသခံတွေကို ရွှေ့ပြောင်းရာမှာ တာဝန်ရှိသူတွေအတွက် ပိုမိုခက်ခဲခဲ့ပါတယ်။ “လူတွေကို သူတို့နေအိမ်တွေကနေ ရွှေ့ပြောင်းဖို့ ခြောက်နာရီလောက်ပဲ အချိန်ကျန်တော့တယ်၊ ပြီးတော့ လူအချင်းချင်း ခပ်ခွာခွာနေကြဖို့လည်း ဆောင်ရွက်ရပါတယ်” လို့ အိန္ဒိယ သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာမှ တာဝန်ရှိသူ SG Rai က Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။


ဆိုင်ကလုန်းအမ်ဖန်ဟာ ၁၉၉၀ ပြည့်နှစ်က ဩရိသမုန်တိုင်းပြီးလျှင် ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်လာတဲ့ ပထမဆုံး စူပါဆိုင်ကလုန်းမုန်တိုင်းလည်း ဖြစ်ပါတယ်။ ဩရိသမုန်တိုင်း တိုက်ခတ်ခဲ့စဉ်က လူ ၉,၈၀၀ ကျော် သေဆုံးခဲ့ပြီး အိန္ဒိယနိုင်ငံ ဩရိသပြည်နယ်ကို တိုက်ရိုက်ဖြတ်သန်း တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။


စူပါဆိုင်ကလုန်း အမ်ဖန်ဟာ ပင်လယ်ပြင်မှာ လေတိုက်နှုန်း တစ်နာရီလျှင် ၁၆၅ မိုင်အထိဖြင့် တိုက်ခတ်နေခဲ့ပြီး ပြင်းအားအဆင့်အမြင့်ဆုံး Categor 5 မုန်တိုင်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ အမ်ဖန်ဟာ ကမ်းရိုးတန်းဒေသ ကုန်းတွင်းပိုင်းကို ဝင်ရောက်စဉ်မှာတော့ လေတိုက်နှုန်း တစ်နာရီလျှင် ၁၁၅ မိုင်ဖြင့် ဖြတ်သန်းတိုက်ခတ်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။


အိန္ဒိယနဲ့ကပ်လျက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း အားအကောင်းဆုံး စူပါဆိုင်ကလုန်းအမ်ဖန် ဝင်ရောက်မယ့်အခြေအနေကို တာဝန်ရှိသူတွေက စိုးရိမ်ပူပူန်ကြပါတယ်။ အမ်ဖန်ဟာ ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်တိုက်ခတ်ခဲ့သမျှ မုန်တိုင်းတွေအနက် ၂၀၀၇ ခုနှစ်က လူ ၃,၅၀၀ သေဆုံးခဲ့တဲ့ Cyclone Sidr နောက်ပိုင်း အားအကောင်းဆုံး ဖြစ်လာမယ်လို့ ဆိုပါတယ်။


Cyclone Sidr တိုက်ခတ်စဉ်က သေဆုံးခဲ့သူ အများစုဟာ မုန်တိုင်းအရှိန်ဖြင့် ပင်လယ်ရေမြင့်တက်လာကြောင့် ဖြစ်ပါတယ်။ လက်ရှိမှာ ဆိုင်ကလုန်းအမ်ဖန်ရဲ့ လေတိုက်နှုန်းဟာ ကုန်းတွင်းပိုင်းကို မဝင်ရောက်မီ အနည်းငယ် လျော့နည်းသွားနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။ မုန်တိုင်းအရှိန်ကြောင့် ကမ်းရိုးတန်းဒေသတွေမှာ အမြင့် ၁၀ ပေမှ ၁၆ ပေအထိရှိတဲ့ ပင်လယ်ရေလှိုင်း တက်ရောက်နိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။


စူပါဆိုင်ကလုန်း အမ်ဖန် ဝင်ရောက်တိုက်ခတ်မယ့် အန္တရာယ်ကြောင့် အိန္ဒိယမှာ လူဦးရေ ၅ သန်းနဲ့ ဘင်္ဂလားဒေ့ရှ်မှာ လူဦးရေ ၂ သန်းကို ကမ်းရိုးတန်းဒေသများမှ ဘေးကင်းရာနေရာများသို့ ရွှေ့ပြောင်းပေးနေကြပါတယ်။ ဆိုင်ကလုန်းအမ်ဖန်ဟာ ယနေ့ မွန်းလွဲပိုင်းအချိန်မှာ အိန္ဒိယနိုင်ငံ ဘင်ဂေါနဲ့ ဩရသပြည်နယ်များကို ဝင်ရောက်တိုက်ခတ်ပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်လက်ရွေ့လျားသွားမယ်လို့ မိုးလေဝသဌာနတွေက ခန့်မှန်းထားကြောင်း သိရပါတယ်။




စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ဟာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိသေးရာ မုန်တိုင်းသတိပေးချက်ကို အဝါရောင်အဆင့် သတ်မှတ်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေ ၂၀ ရက် မနက် ၂ နာရီအချိန် သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။


ဆိုင်ကလုန်းအမ်ဖန် အရှိန်ကြောင့် မေ ၂၀ ရက်မှ ၂၁ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြားနဲ့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း မိုး/ဇလက ခန့်မှန်းထားပါတယ်။

ဒါ့အပြင့် အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ရဲ့ အရှိန်ကြောင့် ‌မေ ၂၀ ရက်မှ ၂၁ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှာ တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ မြေပြင်လေတိုက်ခတ်မှုရှိနိုင်ပါတယ်။


မုန်တိုင်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ရံဖန်ရံခါ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမယ်လို့ မိုး/ဇလက ပြောထားပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၁၀ ပေမှ ၁၆ ပေခန့်ရှိနိုင်ကြောင်း သိရပါတယ်။

ထို့အတူ ဆိုင်ကလုန်းအမ်ဖန်ရဲ့ အရှိန်ကြောင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးမယ်လို့ ဆိုပါတယ်။ ထိုကမ်းရိုးတန်းဒေဿတွေမှာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၈ ပေမှ ၁၀ ပေခန့်ရှိနိင်ကြောင်း မိုး/ဇလရဲ့ ယနေမနက် ၂ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓူဝံ

(Zawgyi)

ေမ ၂၀ ရက္ မြန္းလြဲအခ်ိန္မွာ ကုန္းတြင္းပိုင္းကို ဝင္ေရာက္တိုက္ခတ္ႏိုင္ပါတယ္။ဘဂၤလားပင္လယ္ေအာ္မွ အလြန႔္အလြန္အားေကာင္းတဲ့ စူပါဆိုင္ကလုန္းမုန္တိုင္း အမ္ဖန္ ဦးတည္ခ်ဥ္းကပ္လာေနတဲ့ အိႏၵိယနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံတို႔မွာ လူဦးေရ သန္းနဲ႔ခ်ီ ေ႐ႊ႕ေျပာင္းမႈေတြ လုပ္ေဆာင္ေနေၾကာင္း သိရပါတယ္။


ဆိုင္ကလုန္းအမ္ဖန္ (Cyclone Amphan) ဟာ အိႏၵိယနဲ႔ ဘင္ဂၤလားေဒ့ရွ္ နယ္စပ္အနီးကေန ကုန္းတြင္းပိုင္းကို ယေန႔ (ေမ ၂၀ ရက္) ဝင္ေရာက္မယ္လို႔ ခန႔္မွန္းထားပါတယ္။ အိႏၵိယမွာ ကယ္ဆယ္ေရးအဖြဲ႕ ၂၀ ေက်ာ္ကို အသင့္ျဖန႔္က်က္ခ်ထားၿပီး ေနာက္ထပ္ အဖြဲ႕ေတြကိုလည္း အသင့္ျပင္ထားေၾကာင္း တာဝန္ရွိသူေတြက ေျပာပါတယ္။


ႏွစ္ႏိုင္ငံလုံးမွာ COVID-19 ကူးစက္ျဖစ္ပြားမႈေတြရွိေနရာ မုန္တိုင္းလမ္းေၾကာင္းရွိ ေဒသခံေတြကို ေ႐ႊ႕ေျပာင္းရာမွာ တာဝန္ရွိသူေတြအတြက္ ပိုမိုခက္ခဲခဲ့ပါတယ္။ “လူေတြကို သူတို႔ေနအိမ္ေတြကေန ေ႐ႊ႕ေျပာင္းဖို႔ ေျခာက္နာရီေလာက္ပဲ အခ်ိန္က်န္ေတာ့တယ္၊ ၿပီးေတာ့ လူအခ်င္းခ်င္း ခပ္ခြာခြာေနၾကဖို႔လည္း ေဆာင္႐ြက္ရပါတယ္” လို႔ အိႏၵိယ သဘာဝေဘးအႏၲရာယ္ဆိုင္ရာဌာမွ တာဝန္ရွိသူ SG Rai က Reuters သတင္းဌာနကို ေျပာခဲ့ပါတယ္။


ဆိုင္ကလုန္းအမ္ဖန္ဟာ ၁၉၉၀ ျပည့္ႏွစ္က ဩရိသမုန္တိုင္းၿပီးလွ်င္ ဘဂၤလားပင္လယ္ေအာ္မွာ ျဖစ္ေပၚလာတဲ့ ပထမဆုံး စူပါဆိုင္ကလုန္းမုန္တိုင္းလည္း ျဖစ္ပါတယ္။ ဩရိသမုန္တိုင္း တိုက္ခတ္ခဲ့စဥ္က လူ ၉,၈၀၀ ေက်ာ္ ေသဆုံးခဲ့ၿပီး အိႏၵိယႏိုင္ငံ ဩရိသျပည္နယ္ကို တိုက္႐ိုက္ျဖတ္သန္း တိုက္ခတ္ခဲ့တာ ျဖစ္ပါတယ္။


စူပါဆိုင္ကလုန္း အမ္ဖန္ဟာ ပင္လယ္ျပင္မွာ ေလတိုက္ႏႈန္း တစ္နာရီလွ်င္ ၁၆၅ မိုင္အထိျဖင့္ တိုက္ခတ္ေနခဲ့ၿပီး ျပင္းအားအဆင့္အျမင့္ဆုံး Categor 5 မုန္တိုင္းတစ္ခုအျဖစ္ သတ္မွတ္ခဲ့ပါတယ္။ အမ္ဖန္ဟာ ကမ္း႐ိုးတန္းေဒသ ကုန္းတြင္းပိုင္းကို ဝင္ေရာက္စဥ္မွာေတာ့ ေလတိုက္ႏႈန္း တစ္နာရီလွ်င္ ၁၁၅ မိုင္ျဖင့္ ျဖတ္သန္းတိုက္ခတ္ႏိုင္ေၾကာင္း ခန႔္မွန္းထားပါတယ္။


အိႏၵိယနဲ႔ကပ္လ်က္ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာလည္း အားအေကာင္းဆုံး စူပါဆိုင္ကလုန္းအမ္ဖန္ ဝင္ေရာက္မယ့္အေျခအေနကို တာဝန္ရွိသူေတြက စိုးရိမ္ပူပူန္ၾကပါတယ္။ အမ္ဖန္ဟာ ဘဂၤလားေဒ့ရွ္ကို ဝင္ေရာက္တိုက္ခတ္ခဲ့သမွ် မုန္တိုင္းေတြအနက္ ၂၀၀၇ ခုႏွစ္က လူ ၃,၅၀၀ ေသဆုံးခဲ့တဲ့ Cyclone Sidr ေနာက္ပိုင္း အားအေကာင္းဆုံး ျဖစ္လာမယ္လို႔ ဆိုပါတယ္။


Cyclone Sidr တိုက္ခတ္စဥ္က ေသဆုံးခဲ့သူ အမ်ားစုဟာ မုန္တိုင္းအရွိန္ျဖင့္ ပင္လယ္ေရျမင့္တက္လာေၾကာင့္ ျဖစ္ပါတယ္။ လက္ရွိမွာ ဆိုင္ကလုန္းအမ္ဖန္ရဲ႕ ေလတိုက္ႏႈန္းဟာ ကုန္းတြင္းပိုင္းကို မဝင္ေရာက္မီ အနည္းငယ္ ေလ်ာ့နည္းသြားႏိုင္ဖြယ္ရွိေၾကာင္း သိရပါတယ္။ မုန္တိုင္းအရွိန္ေၾကာင့္ ကမ္း႐ိုးတန္းေဒသေတြမွာ အျမင့္ ၁၀ ေပမွ ၁၆ ေပအထိရွိတဲ့ ပင္လယ္ေရလႈိင္း တက္ေရာက္ႏိုင္ေၾကာင္း အိႏၵိယမိုးေလဝသဌာနက ခန႔္မွန္းထားပါတယ္။


စူပါဆိုင္ကလုန္း အမ္ဖန္ ဝင္ေရာက္တိုက္ခတ္မယ့္ အႏၲရာယ္ေၾကာင့္ အိႏၵိယမွာ လူဦးေရ ၅ သန္းနဲ႔ ဘဂၤလားေဒ့ရွ္မွာ လူဦးေရ ၂ သန္းကို ကမ္း႐ိုးတန္းေဒသမ်ားမွ ေဘးကင္းရာေနရာမ်ားသို႔ ေ႐ႊ႕ေျပာင္းေပးေနၾကပါတယ္။ ဆိုင္ကလုန္းအမ္ဖန္ဟာ ယေန႔ မြန္းလြဲပိုင္းအခ်ိန္မွာ အိႏၵိယႏိုင္ငံ ဘင္ေဂါနဲ႔ ဩရသျပည္နယ္မ်ားကို ဝင္ေရာက္တိုက္ခတ္ၿပီး အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ ဆက္လက္ေ႐ြ႕လ်ားသြားမယ္လို႔ မိုးေလဝသဌာနေတြက ခန႔္မွန္းထားေၾကာင္း သိရပါတယ္။


စူပါဆိုင္ကလုန္းမုန္တိုင္း အမ္ဖန္နဲ႔ ျမန္မာႏိုင္ငံ

စူပါဆိုင္ကလုန္းမုန္တိုင္း အမ္ဖန္ဟာ ျမန္မာႏိုင္ငံဘက္သို႔ ဦးတည္ေ႐ြ႕လ်ားမယ့္ အေျခအေနမရွိေသးရာ မုန္တိုင္းသတိေပးခ်က္ကို အဝါေရာင္အဆင့္ သတ္မွတ္ထားေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ေမ ၂၀ ရက္ မနက္ ၂ နာရီအခ်ိန္ သတင္းထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။


ဆိုင္ကလုန္းအမ္ဖန္ အရွိန္ေၾကာင့္ ေမ ၂၀ ရက္မွ ၂၁ ရက္အတြင္း ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔မွာ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပားနဲ႔ ရွမ္းျပည္နယ္နဲ႔ ကယားျပည္နယ္တို႔မွာ ေနရာက်ဲက်ဲ မိုးထစ္ခ်ဳန္း႐ြာၿပီး၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔မွာ ေနရာကြက္ၿပီး မိုးႀကီးႏိုင္ေၾကာင္း မိုး/ဇလက ခန္႔မွန္းထားပါတယ္။

ဒါ့အျပင့္ အလြန႔္အလြန္အားေကာင္းတဲ့ ဆိုင္ကလုန္းမုန္တိုင္း အမ္ဖန္ရဲ႕ အရွိန္ေၾကာင့္ ‌ေမ ၂၀ ရက္မွ ၂၁ ရက္အတြင္း စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔မွာ တစ္နာရီလွ်င္ ၂၅ မိုင္မွ မိုင္ ၃၀ အထိ ေျမျပင္ေလတိုက္ခတ္မႈရွိႏိုင္ပါတယ္။


မုန္တိုင္းအရွိန္ေၾကာင့္ ျမစ္ဝကြၽန္းေပၚ၊ ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္မွာ ရံဖန္ရံခါ မိုးသက္ေလျပင္းက်ၿပီး လႈိင္းႀကီးရာမွ လႈိင္းအလြန္ႀကီးမယ္လို႔ မိုး/ဇလက ေျပာထားပါတယ္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလဟာ တစ္နာရီလွ်င္ ၄၅ မိုင္အထိ တိုက္ခတ္ႏိုင္ၿပီး လႈိင္းအျမင့္မွာ ၁၀ ေပမွ ၁၆ ေပခန႔္ရွိႏိုင္ေၾကာင္း သိရပါတယ္။

ထို႔အတူ ဆိုင္ကလုန္းအမ္ဖန္ရဲ႕ အရွိန္ေၾကာင့္ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာလည္း တစ္ခါတစ္ရံ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းအသင့္အတင့္မွ လႈိင္းႀကီးမယ္လို႔ ဆိုပါတယ္။ ထိုကမ္း႐ိုးတန္းေဒႆေတြမွာ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလ တစ္နာရီလွ်င္ ၃၅ မိုင္မွ မိုင္ ၄၀ အထိ တိုက္ခတ္ႏိုင္ၿပီး လႈိင္းအျမင့္မွာ ၈ ေပမွ ၁၀ ေပခန္႔ရွိနိင္ေၾကာင္း မိုး/ဇလရဲ႕ ယေနမနက္ ၂ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဓူ၀ံ

Post a Comment

Previous Post Next Post