(Unicode)

မန္တလေးတိုင်းအတွင်း နှာခေါင်းစည်းမပါဘဲသွားလာနေသူများကို မေလ ၁၆ ရက်နေ့မှစတင်ကာ နှာခေါင်းစည်း နှစ်ခုကို ကျပ် ၅၀၀၀ ဖြင့် ဝယ်ယူစေသည့် စနစ်ဖြင့် ဒဏ်ရိုက်မည်ဟု မန္တလေးတိုင်း အစိုးရအဖွဲ့က မေလ ၈ ရက်နေ့တွင် သတိ ပေးချက် ထုတ်ပြန်လိုက်သည်။


မန္တလေးတိုင်းအစိုးရအနေနှင့် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် တိုင်းအတွင်းရှိ ပြည်သူများအားနေအိမ်ပြင်ပသို့ထွက်ခွာသွားလာရာ၌ Mask များ စနစ်တကျတပ်ဆင်သွားလာကြရ မည်ဖြစ်ပြီး ပညာပေးကာလဖြစ်သော မေလ ၉ ရက်မှ မေလ ၁၅ ရက်အတွင်း Mask များကို စနစ်တကျလုံခြုံစွာ တပ်ဆင်ထားခြင်းမရှိလျှင် ကျပ် ၁၀၀၀ ဖြင့် Mask နှစ်ခု ဝယ်ယူတပ်ဆင်ရမည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာ၌ Mask (နှာခေါင်းစည်း) မပါရှိခြင်း၊ စနစ်တကျတပ်ဆင်ထားခြင်းမရှိသော သူများအား စစ်ဆေးရေးအဖွဲ့များဖြင့် ရှောင်တခင်စစ်ဆေးအရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။


ယခုရက်ပိုင်းအတွင်း နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာသူ များပြားလာခြင်းနှင့်အတူ Mask (နှာခေါင်းစည်း) များ မပါရှိခြင်း၊ စနစ်တကျတပ်ဆင်မှုမရှိခြင်း အစရှိသည့်အပြုအမူများ များပြားလာ ခြင်းကြောင့် Mask များကို မဖြစ်မနေ တပ်ဆင်စေရန် အသိပေးချက်ထုတ်ပြန်ခဲ့ ခြင်းဖြစ်ကြောင်း မန္တလေးတိုင်း ခေတ္တ ဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြော ကြားသည်။



ထိုသို့ သတိပေးချက်ထုတ်ပြန်ထား သော်လည်း မေ ၉ ရက်နေ့မွန်းလွဲပိုင်းက မန္တလေးမြို့တွင်းရှိ လမ်းများပေါ်၌ လူအချို့သည် Mask များကို စနစ်တကျတပ်ဆင် ခြင်းမပြုဘဲသွားလာနေကြခြင်းနှင့် Mask မပါဘဲ သွားလာနေသည်ကို တွေ့ခဲ့ရသည်။နေရပ်ပြန်ဝင်လာသူများရှိလာခဲ့ ပြီဖြစ်သောကြောင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို ပထမအကြိမ်က ကဲ့သို့လိုက်နာ၍ အစိုးရနှင့်အတူ လက်တွဲ ညီစွာ ကျော်ဖြတ်စေလိုကြောင်း ဦးဇာနည် အောင်က ထပ်မံပြောကြားသည်။


“အားလုံး Mask ကို စနစ်တကျ တပ်ဆင်စေချင်တာ။ တချို့က သွားရင်း လာရင်း လည်ပင်းချိတ်လိုချိတ်ထားဖြစ် နေတယ်။ အစိုးရနဲ့ လူမှုအဖွဲ့အစည်း အသီးသီးကလည်း Mask တွေကို နည်း အမျိုးမျိုးနဲ့ အခမဲ့ဝေငှပညာပေးခဲ့ပြီးပြီ။ အခုက တစ်ဆင့် ထပ်မြှင့်ဖို့လိုအပ်လာပြီ လို့ယူဆတယ်။ ဒါကြောင့်မို့ စနစ်တကျ တပ်ဆင်ဖို့ အရှိန်အဟုန်မြှင့် လုပ်ဆောင် တဲ့သဘောပဲ” ဟု ၎င်းက ရှင်းပြသည်။

မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီအနေနှင့် ဧပြီလအတွင်း Mask အရေအတွက် တစ်သိန်းကျော် အခမဲ့ပေးဝေခဲ့ပြီး မတ်စ်နှစ်ခုလျှင် ကျပ် ၅၀၀ နှုန်းဖြင့် အရေအတွက်တစ်သိန်း ရောင်းချပေးထားပြီးဖြစ်ကြောင်း မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်၏လူမှုကွန် ရက်စာမျက်နှာတွင် မေလ ၈ ရက်နေ့ ညနေပိုင်းက ရေးသားဖော်ပြခဲ့သည်။



“အခုတော့ ံသာနောိန Mask နှစ်သိန်းကျော်ကို ဝေလည်း ဝေပြီးပြီ။ ရောင်းလည်း ရောင်းပြီးပြီဆိုတော့ ငွေကြေးမတတ်နိုင်လို့ Mask မတပ် တာပါဆိုတဲ့ စောဒကတက်တာကို လုံးဝ လက်ခံမှာမဟုတ်တော့လို့ လမ်း၊ ဈေးနဲ့ အခြားနေရာတွေမှာ Mask မတပ်တာ၊ စနစ်တကျမတပ်ဘဲ မေးချိတ်တာတွေကို ထိထိရောက်ရောက် အရေးယူတော့ မှာပါ” ဟုလည်း အသိပေးခဲ့သည်။


ကမ္ဘာတစ်ဝန်းရှိနိုင်ငံပေါင်း ၇၀ ကျော်တွင် Mask မတပ်မနေရအမိန့်များ ထုတ်ပြန်ထားပြီးဖြစ်ကာ မန္တလေးတိုင်း အစိုးရအနေနှင့် Mask တပ်ဆင်ရေး အသိပညာပေးလုပ်ငန်းများကို လွန်ခဲ့ သောသုံးလကျော်ကတည်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဒဗွိုက်

(Zawgyi)

မႏၲေလးတိုင္းအတြင္း ႏွာေခါင္းစည္းမပါဘဲသြားလာေနသူမ်ားကို ေမလ ၁၆ ရက္ေန႔မွစတင္ကာ ႏွာေခါင္းစည္း ႏွစ္ခုကို က်ပ္ ၅၀၀၀ ျဖင့္ ဝယ္ယူေစသည့္ စနစ္ျဖင့္ ဒဏ္႐ိုက္မည္ဟု မႏၲေလးတိုင္း အစိုးရအဖြဲ႕က ေမလ ၈ ရက္ေန႔တြင္ သတိ ေပးခ်က္ ထုတ္ျပန္လိုက္သည္။


မႏၲေလးတိုင္းအစိုးရအေနႏွင့္ COVID-19 ေရာဂါ ကူးစက္ျပန္႔ပြားမႈကို ကာကြယ္ထိန္းခ်ဳပ္ႏိုင္ေစေရးအတြက္ တိုင္းအတြင္းရွိ ျပည္သူမ်ားအားေနအိမ္ျပင္ပသို႔ထြက္ခြာသြားလာရာ၌ Mask မ်ား စနစ္တက်တပ္ဆင္သြားလာၾကရ မည္ျဖစ္ၿပီး ပညာေပးကာလျဖစ္ေသာ ေမလ ၉ ရက္မွ ေမလ ၁၅ ရက္အတြင္း Mask မ်ားကို စနစ္တက်လုံၿခဳံစြာ တပ္ဆင္ထားျခင္းမရွိလွ်င္ က်ပ္ ၁၀၀၀ ျဖင့္ Mask ႏွစ္ခု ဝယ္ယူတပ္ဆင္ရမည္ဟု ယင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။


ေနအိမ္ျပင္ပသို႔ ထြက္ခြာသြားလာရာ၌ Mask (ႏွာေခါင္းစည္း) မပါရွိျခင္း၊ စနစ္တက်တပ္ဆင္ထားျခင္းမရွိေသာ သူမ်ားအား စစ္ေဆးေရးအဖြဲ႕မ်ားျဖင့္ ေရွာင္တခင္စစ္ေဆးအေရးယူမႈမ်ား ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း မႏၲေလးတိုင္း အစိုးရအဖြဲ႕ထံမွ သိရသည္။


ယခုရက္ပိုင္းအတြင္း ေနအိမ္ျပင္ပသို႔ ထြက္ခြာသြားလာသူ မ်ားျပားလာျခင္းႏွင့္အတူ Mask (ႏွာေခါင္းစည္း) မ်ား မပါရွိျခင္း၊ စနစ္တက်တပ္ဆင္မႈမရွိျခင္း အစရွိသည့္အျပဳအမူမ်ား မ်ားျပားလာ ျခင္းေၾကာင့္ Mask မ်ားကို မျဖစ္မေန တပ္ဆင္ေစရန္ အသိေပးခ်က္ထုတ္ျပန္ခဲ့ ျခင္းျဖစ္ေၾကာင္း မႏၲေလးတိုင္း ေခတၱ ဝန္ႀကီးခ်ဳပ္ ဦးဇာနည္ေအာင္က ေျပာ ၾကားသည္။


ထိုသို႔ သတိေပးခ်က္ထုတ္ျပန္ထား ေသာ္လည္း ေမ ၉ ရက္ေန႔မြန္းလြဲပိုင္းက မႏၲေလးၿမိဳ႕တြင္းရွိ လမ္းမ်ားေပၚ၌ လူအခ်ိဳ႕သည္ Mask မ်ားကို စနစ္တက်တပ္ဆင္ ျခင္းမျပဳဘဲသြားလာေနၾကျခင္းႏွင့္ Mask မပါဘဲ သြားလာေနသည္ကို ေတြ႕ခဲ့ရသည္။ေနရပ္ျပန္ဝင္လာသူမ်ားရွိလာခဲ့ ၿပီျဖစ္ေသာေၾကာင့္ က်န္းမာေရးဆိုင္ရာ ၫႊန္ၾကားခ်က္မ်ားကို ပထမအႀကိမ္က ကဲ့သို႔လိုက္နာ၍ အစိုးရႏွင့္အတူ လက္တြဲ ညီစြာ ေက်ာ္ျဖတ္ေစလိုေၾကာင္း ဦးဇာနည္ ေအာင္က ထပ္မံေျပာၾကားသည္။


“အားလုံး Mask ကို စနစ္တက် တပ္ဆင္ေစခ်င္တာ။ တခ်ိဳ႕က သြားရင္း လာရင္း လည္ပင္းခ်ိတ္လိုခ်ိတ္ထားျဖစ္ ေနတယ္။ အစိုးရနဲ႔ လူမႈအဖြဲ႕အစည္း အသီးသီးကလည္း Mask ေတြကို နည္း အမ်ိဳးမ်ိဳးနဲ႔ အခမဲ့ေဝငွပညာေပးခဲ့ၿပီးၿပီ။ အခုက တစ္ဆင့္ ထပ္ျမႇင့္ဖို႔လိုအပ္လာၿပီ လို႔ယူဆတယ္။ ဒါေၾကာင့္မို႔ စနစ္တက် တပ္ဆင္ဖို႔ အရွိန္အဟုန္ျမႇင့္ လုပ္ေဆာင္ တဲ့သေဘာပဲ” ဟု ၎က ရွင္းျပသည္။

မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာ ေရးေကာ္မတီအေနႏွင့္ ဧၿပီလအတြင္း Mask အေရအတြက္ တစ္သိန္းေက်ာ္ အခမဲ့ေပးေဝခဲ့ၿပီး မတ္စ္ႏွစ္ခုလွ်င္ က်ပ္ ၅၀၀ ႏႈန္းျဖင့္ အေရအတြက္တစ္သိန္း ေရာင္းခ်ေပးထားၿပီးျဖစ္ေၾကာင္း မႏၲေလး ၿမိဳ႕ေတာ္ဝန္ ေဒါက္တာရဲလြင္၏လူမႈကြန္ ရက္စာမ်က္ႏွာတြင္ ေမလ ၈ ရက္ေန႔ ညေနပိုင္းက ေရးသားေဖာ္ျပခဲ့သည္။


“အခုေတာ့ ံသာေနာိန Mask ႏွစ္သိန္းေက်ာ္ကို ေဝလည္း ေဝၿပီးၿပီ။ ေရာင္းလည္း ေရာင္းၿပီးၿပီဆိုေတာ့ ေငြေၾကးမတတ္ႏိုင္လို႔ Mask မတပ္ တာပါဆိုတဲ့ ေစာဒကတက္တာကို လုံးဝ လက္ခံမွာမဟုတ္ေတာ့လို႔ လမ္း၊ ေဈးနဲ႔ အျခားေနရာေတြမွာ Mask မတပ္တာ၊ စနစ္တက်မတပ္ဘဲ ေမးခ်ိတ္တာေတြကို ထိထိေရာက္ေရာက္ အေရးယူေတာ့ မွာပါ” ဟုလည္း အသိေပးခဲ့သည္။


ကမာၻတစ္ဝန္းရွိႏိုင္ငံေပါင္း ၇၀ ေက်ာ္တြင္ Mask မတပ္မေနရအမိန္႔မ်ား ထုတ္ျပန္ထားၿပီးျဖစ္ကာ မႏၲေလးတိုင္း အစိုးရအေနႏွင့္ Mask တပ္ဆင္ေရး အသိပညာေပးလုပ္ငန္းမ်ားကို လြန္ခဲ့ ေသာသုံးလေက်ာ္ကတည္းက ေဆာင္႐ြက္ခဲ့ျခင္းျဖစ္သည္။

ဒဗိြဳက္

Post a Comment

Previous Post Next Post