(Unicode)

ဆရာမကြီး၏ ကျန်ရှိနေသည့်လက်ကျန်အချိန် အတွက် အကောင်းဆုံးနှင့်အဆင်ပြေဆုံး ဖြစ်စေရန် ကူညီထောက်ပံ့ ပေးရန်ရည်ရွယ်ပါ ကြောင်း/ လက်ရှိ အုပ်ထိန်းနေသည့်ညီမဖြစ်သူကို မိမိတို့၏ သဘောဆန္ဒအား ပွင့်ပွင့်လင်းလင်းပြောစေလိုကြောင်း ပြောကြားရာတွင် အိမ် ရှင်ညီမဖြစ်သူက မိမိသည် ကျန်းမာရေး မကောင်းပါကြောင်း မိသားစုစားဝတ်နေရေးအတွက်လဲ တဖက်မှရုန်းကန်နေရပါ၍ ရေရှည်အ တွက်ဆိုလျှင် အဆင်ပြေမည်မဟုတ်ပါကြောင်း ပြောဆိုသည်။

အမျီုးသမီးရေးရာအဖွဲ့မှကူညီပေးမည့် ဘိုးဘွားရိပ်သာ သက်ကြီးရွယ် အိုစောင့်ရှောက်ရေး ဌာနသို့ ပို့ ဆောင်ချင်ပါသည်ဟု ပြောကြားလာ ပါသည် ။ဆက်လက်၍အငြိမ်းစားကျောင်းအုပ်ဆရာမကြီးအား ကျမတို့အဖွဲ့ မှ ကျန်းမာရေး/ စားဝတ်နေရေး /ကျန်ရှိနေသည့် ဘဝနေရေး တွင် တရားဘာဝနာ များကျင့်ကြံ ပွားများ အားထုတ်နိုင်စေရေး အတွက် ရည်ရွယ်၍ ဘိုးဘွားရိပ်သာသို့ ပို့ဆောင်ပေးမည်ဟုပြောကြားရာ/ ဆရာမကြီးမှမိသားစုနှင့်တိုင်ပင်ပြီးလျှင်အကြောင်းပြန်မည်ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။



ဆရာမကြီးမှသွားမည်ဟု အဖြေသိရသည်နှင့် ကျမတို့အောင်ပန်းမြို့မှ ရပ်မိရပ်ဖများ /မြို့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ / မြို့အုပ်ချုပ်ရေးမှူး / မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့ တို့မှဦးဆောင်လျှက် ပရဟိတလူမှု့ ကူညီမှု့ အသင်းအဖွဲ့ များ တို့ နှင့် စုပေါင်းတိုင်ပင် ၍အကောင်းဆုံး စီစဉ်ဆောင်ရွက်ကြမည်ဟု သိရသည်။

ယနေ့ ( 20 .5.2020 ), Fb လူမှု့ကွန်ယက်၌ ပျံ့နှံ့နေသော အောင်ပန်းမြို့ မဂ်လာရပ်ကွက်တွင်နေထိုင်လျှက် ရှိသည့် အငြိမ်းစားကျောင်း အုပ် ဆရာမကြီးအား ညီမအရင်းဖြစ်သူမှ နှိပ်စက်ညှင်းပမ်း သတင်းများကြောင့် အောင်ပန်းမြို့ အသင်းခွဲမှ မိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်း နှင့် အမျီုးသမီးရေးရာ အဖွဲ့တို့မှ သွားရောက်တွေ့ဆုံ ဆွေးနွေးမေးမြန်း ခဲ့ကြပါသည်။

 
ယခုအခါတွင် ဆရာမကြီးသည် အသက် ( ၈၂ ) နှစ် ရှိပြီဖြစ်ပြီး/ ကျန်းမာရေးကောင်းမွန်သည် / သတိကောင်းစွာ ရှိသည်/ မှတ်ဉာဏ်များ မချို့ယွင်းသေးပါ / စာကိုကောင်းစွာဖတ်နိုင်၍ အမြင်မှုန်ဝါးခြင်းမရှိ / လမ်းလျှောက်ရာတွင် လူတွဲဖေးကူ မစရာမလို/ ကျင်ကြီးကျင်ငယ် အား ကိုယ်တိုင် စွန့်နိုင်သူဖြစ်နေသေးကြောင်းဝမ်းမြောက် စွာသိရှိတွေ့ မြင်ခဲ့ရပါသည်

(တွေ့ဆုံမှု့ မှတ်တမ်း ဓါတ်ပုံများနှင့်အတူတင်ပြ အပ်ပါသည်)

Source – Aye Aye Han

(Zawgyi)








Source – Aye Aye Han

Post a Comment

Previous Post Next Post