(Unicode)

ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရမှု ၅ သန်းကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံတွေရဲ့ ကိန်းဂဏန်း အချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြပေးနေတဲ့ worldometers ဝက်ဘ်ဆိုက်ရဲ့ ယနေ့ (မေ ၂၁ ရက်) စာရင်းတွေအရ သိရှိရပါတယ်။ COVID-19 ကူးစက်ဖြစ်ပွားမှုဟာ ယမန်နှစ် ဒီဇင်ဘာလကုန်မှာ စတင်ခဲ့ခြင်းဖြစ်ရာ ၅ လမပြည့်မီအတွင်း ကမ္ဘာ့လူဦးရေ ၅ သန်းကို ကူးစက်သွားခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူအရေအတွက်ဟာလည်း ၃၂၀,၀၀၀ ကျော်ရှိလာခဲ့ကြောင်း သိရပါတယ်။


တစ်ကမ္ဘာလုံးမှာ ပြည်လည်သက်သာသွားတဲ့ COVID-19 လူနာအရေအတွက်ကတော့ ယနေ့ (မေ ၂၁ ရက်) အထိ ၂ သန်းကျော်ရှိပါတယ်။ ကမ္ဘာ့နိုင်ငံတွေအနက် COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံးကို အမေရိကန်မှာ ‌တွေ့ရပါတယ်။ ယနေ့အထိ အမေရိကန်မှာ ကူးစက်ခံရသူ ၁.၅ သန်းကျော်နဲ့ သေဆုံးသူ ၉၄,၀၀၀ ကျော်အထိ ရှိခဲ့ပါတယ်။



လတ်တလော ရက်ပိုင်းအတွင်း ရုရှားနဲ့ ဘရာဇီးမှာလည်း ကူးစက်မှုတွေ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပါတယ်။ ယနေ့အထိ စာရင်းတွေအရ ရုရှားမှာ COVID-19 ကူးစက်ခံရသူ ၃၀၀,၀၀၀ ကျော်နဲ့ ဘရာဇီးမှာ ၂၉၁,၀၀၀ ကျော်ရှိလာခဲ့ပြီး အမေရိကန်ပြီးလျှင် ဒုတိယနဲ့ တတိယမြောက် ကူးစက်မှုအများဆုံး နိုင်ငံတွေဖြစ်နေပါတယ်။ ထို့နောက် ဥရောပနိုင်ငံတွေဖြစ်တဲ့ ဗြိတိန်၊ စပိန်၊ အီတလီ၊ ပြင်သစ်၊ ဂျာမနီတို့က ကူးစက်မှုအများဆုံး နိုင်ငံတွေအဖြစ် အစဉ်လိုက်ရှိနေကြောင်း သိရပါတယ်။



အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာ နေ့စဉ် ကူးစက်ခံရသူ အသစ်တွေ့ရှိမှုနဲ့ သေဆုံးမှုတွေ တိုးလာနေဆဲဖြစ်ပေမဲ့ ယခင်ဖြစ်ပွားခဲ့တဲ့ အဆိုးဆုံးအခြေအနေကို ကျော်လွန်လာခဲ့ပြီဖြစ်ပြီး ထိုနိုင်ငံတွေက lockdown ပိတ်ပင်ကန့်သတ်ချက်တွေကို စတင်ဖြေလျှော့လာကြပါတယ်။ သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization – WHO) က ဆင်းရဲတဲ့ နိုင်ငံတွေမှာ COVID-19 ကူးစက်ဖြစ်ပွားမှုများ မြင့်တက်လာနေမှုကို စိုးရိမ်ပူပန်ကြောင်း ပြောထားပါတယ်။



#Duwun

(Zawgyi)

ကမာၻတစ္ဝွမ္းမွာ COVID-19 ကူးစက္ခံရမႈ ၅ သန္းေက်ာ္လြန္လာခဲ့ေၾကာင္း ကမာၻ႔ႏိုင္ငံေတြရဲ႕ ကိန္းဂဏန္း အခ်က္အလက္ေတြကို အခ်ိန္နဲ႔တစ္ေျပးညီ ေဖာ္ျပေပးေနတဲ့ worldometers ဝက္ဘ္ဆိုက္ရဲ႕ ယေန႔ (ေမ ၂၁ ရက္) စာရင္းေတြအရ သိရွိရပါတယ္။ COVID-19 ကူးစက္ျဖစ္ပြားမႈဟာ ယမန္ႏွစ္ ဒီဇင္ဘာလကုန္မွာ စတင္ခဲ့ျခင္းျဖစ္ရာ ၅ လမျပည့္မီအတြင္း ကမာၻ႔လူဦးေရ ၅ သန္းကို ကူးစက္သြားခဲ့တာလည္း ျဖစ္ပါတယ္။ လက္ရွိအခ်ိန္အထိ COVID-19 ေၾကာင့္ ကမာၻတစ္ဝွမ္း ေသဆုံးသူအေရအတြက္ဟာလည္း ၃၂၀,၀၀၀ ေက်ာ္ရွိလာခဲ့ေၾကာင္း သိရပါတယ္။

တစ္ကမာၻလုံးမွာ ျပည္လည္သက္သာသြားတဲ့ COVID-19 လူနာအေရအတြက္ကေတာ့ ယေန႔ (ေမ ၂၁ ရက္) အထိ ၂ သန္းေက်ာ္ရွိပါတယ္။ ကမာၻ႔ႏိုင္ငံေတြအနက္ COVID-19 ကူးစက္မႈနဲ႔ ေသဆုံးမႈအမ်ားဆုံးကို အေမရိကန္မွာ ‌ေတြ႕ရပါတယ္။ ယေန႔အထိ အေမရိကန္မွာ ကူးစက္ခံရသူ ၁.၅ သန္းေက်ာ္နဲ႔ ေသဆုံးသူ ၉၄,၀၀၀ ေက်ာ္အထိ ရွိခဲ့ပါတယ္။


လတ္တေလာ ရက္ပိုင္းအတြင္း ႐ုရွားနဲ႔ ဘရာဇီးမွာလည္း ကူးစက္မႈေတြ တစ္ဟုန္ထိုး ျမင့္တက္လာခဲ့ပါတယ္။ ယေန႔အထိ စာရင္းေတြအရ ႐ုရွားမွာ COVID-19 ကူးစက္ခံရသူ ၃၀၀,၀၀၀ ေက်ာ္နဲ႔ ဘရာဇီးမွာ ၂၉၁,၀၀၀ ေက်ာ္ရွိလာခဲ့ၿပီး အေမရိကန္ၿပီးလွ်င္ ဒုတိယနဲ႔ တတိယေျမာက္ ကူးစက္မႈအမ်ားဆုံး ႏိုင္ငံေတြျဖစ္ေနပါတယ္။ ထို႔ေနာက္ ဥေရာပႏိုင္ငံေတြျဖစ္တဲ့ ၿဗိတိန္၊ စပိန္၊ အီတလီ၊ ျပင္သစ္၊ ဂ်ာမနီတို႔က ကူးစက္မႈအမ်ားဆုံး ႏိုင္ငံေတြအျဖစ္ အစဥ္လိုက္ရွိေနေၾကာင္း သိရပါတယ္။


အေမရိကန္နဲ႔ ဥေရာပႏိုင္ငံေတြမွာ ေန႔စဥ္ ကူးစက္ခံရသူ အသစ္ေတြ႕ရွိမႈနဲ႔ ေသဆုံးမႈေတြ တိုးလာေနဆဲျဖစ္ေပမဲ့ ယခင္ျဖစ္ပြားခဲ့တဲ့ အဆိုးဆုံးအေျခအေနကို ေက်ာ္လြန္လာခဲ့ၿပီျဖစ္ၿပီး ထိုႏိုင္ငံေတြက lockdown ပိတ္ပင္ကန႔္သတ္ခ်က္ေတြကို စတင္ေျဖေလွ်ာ့လာၾကပါတယ္။ သို႔ေသာ္ ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္း (World Health Organization – WHO) က ဆင္းရဲတဲ့ ႏိုင္ငံေတြမွာ COVID-19 ကူးစက္ျဖစ္ပြားမႈမ်ား ျမင့္တက္လာေနမႈကို စိုးရိမ္ပူပန္ေၾကာင္း ေျပာထားပါတယ္။

#Duwun

Post a Comment

Previous Post Next Post