(Unicode)


၂၀၁၀ တုန်း က မြင်းမူမြို့ မှာ ၄၇.၁ ံC ဒါပဲ ရှိခဲ့တယ်။ အခုက စံချိန်တင်တဲ့ အနေအထားပေါ့။ ကျန်တဲ့ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်တွေ မှာ ပုံမှန် အပူချိန်ထက်ပိုနေဦးမယ်။ချေက်မြို့ကတော့ လက်ရှိ မှာ အပူဆုံးပဲ”ဟု ဆိုသည်။ ဘင်္ဂလား ပင်လယ်အော်တွင် လာမည့်ရက် အနည်း ငယ်အတွင်း လေဖိအားနည်း ရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင် ကြောင်း သိရသည်။

မေ၁၆ မှမှ စတင်ပြီးရက်မြန်မာပြည်တွင် မုတ်သုန်မိုးရွာသွန်းနိုင်ပြီး အပူချိန်များလျော့ပါးနိုင်သည်ဟု ခန့်မှန်းထားသည်။မုတ်သုံမ ဝင်မီ မြန်မာပြည် အလယ်ပိုင်းအပါအဝင် တစ်နိုင်ငံလုံး အပူချိန်ဆက်လက်မြင့်တက်မည်။

မကွေးတိုင်းဒေသကြီးချောက်မြို့နယ်တွင် အပူချိန်စံချိန်တင်မြင့်တက် ခဲ့ပြီးလက်ရှိအချိန်က စပြီးမုတ်သုန်မဝင်မီအထိ ကျန်တိုင်းဒေသကြီး နှင့်ပြည်နယ် များတွင် ပုံမှန်ထက် အပူချိန်ဆက်လက်မြင့်တက်နေဦးမည်ဟု သိရသည်။ မြန်မာပြည် အလယ်ပိုင်းဒေသများဖြစ်သည့် မကွေး တိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်အပူချိန်အမြင့်ဆုံးဖြစ်နေသည်။

မကွေးတိုင်းချောက်မြို့ နယ်တွင် မေလ ၈ ရက်ကဖြစ်ပေါ်ခဲ့သည့် နေ့အပူချိန် ၄၇ဒဿမ၅ ဒီဂရီစင်တီဂရိတ်သည် ၅၂ နှစ်အတွင်း အမြင့်ဆုံး စံချိန်ဖြစ်ခဲ့သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။


Ref ; The Fifth Wave News

(Zawgyi)






Ref ; The Fifth Wave News

Post a Comment

Previous Post Next Post