(Unicode)

ဝေါမြို့နယ်တွင် အိမ်ပေါ်ထိတက်ပြီး ကာယိန္ဒြေပျက်အောင် ကြံစည်သူကို အမျိုးသမီးက ဝါးလုံးဖြင့်ရိုက်ရာမှ အသက်သေဆုံး

ဝေါမြို့နယ်တွင် အိပ်ပျော်နေသူ အမျိုးသမီးတစ်ဦး၏ အိမ်ပေါ်သို့တက်ကာ ကာယိန္ဒြေပျက်အောင် ကြံစည်သူကို အဆိုပါအမျိုးသမီးက ဝါးလုံးဖြင့် ရိုက်ရာမှ သေဆုံးခဲ့မှုကို ယနေ့ မေလ ၁၀ ရက်နေ့တွင် အမှုဖွင့်အရေးယူထားသည်။

ဖြစ်စဉ်မှာ မေလ ၉ ရက်နေ့ ညနေ ၃ နာရီ မိနစ်၂၀ အချိန်တွင် ဝေါမြို့၊ ကန်တော်ရပ်ကွက်၊ ဇနကလမ်းမပေါ်၌ လူတစ်ဦးဒဏ်ရာများဖြင့် လဲကျ နေကြောင်း သတင်းအရ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲမောင်မောင်မြင့်က သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါနေရာတွင် အမျိုးသားတစ်ဦး ခေါင်းငယ်ထိပ် သွေးထွက် နာကျင်ဒဏ်ရာဖြင့် လဲကျနေသည်ကို တွေ့ရသဖြင့် ဝေါပြည်သူ့ဆေးရုံသို့ ပို့အပ်ခဲ့သည်။

ရဲတပ်ဖွဲ့၏ စုံစမ်းချက်အရ ဒဏ်ရာရရှိသူ အမျိုးသားမှာ ကန်တော်ရပ်ကွက်နေ မအေးအေးသိန်း (၃၅) နှစ်၏ နေအိမ်ပေါ်သို့ တက်ရောက်ပြီး မအေးအေးသိန်းကို ကာယိန္ဒြေပျက်ပြားအောင် ပြုလုပ်သဖြင့် ယင်းအမျိုးသမီးက နေအိမ်အတွင်းရှိ အရှည်သုံးပေခန့် လုံးပတ်၂ လက်မခွဲခန့် အရွယ် ဝါးလုံးပိုင်းဖြင့် ရိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထိုသို့ ရိုက်နှက်ပြီးနောက် ၎င်းအမျိုးသားမှာ ထွက်ပြေးသွားခဲ့ကြောင်း အဆိုပါရပ်ကွက်နေ အသက် ၄၅ နှစ်အရွယ် အမျိုးသမီး၏ ပြောပြချက်အရ သိရှိရသောကြောင့် မအေးအေးသိန်းကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။

ဝေါမြို့မရဲစခန်းက (ပ) ၁၁၆/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၅ အရ အမှုဖွင့် အရေးယူခဲ့သည်။

Source – မြန်မာတိုင်းမ်

(Zawgyi)

ဝေါမြို့နယ်တွင် အိမ်ပေါ်ထိတက်ပြီး ကာယိနြေ္ဒပျက်အောင် ကြံစည်သူကို အမျိုးသမီးက ဝါးလုံးဖြင့်ရိုက်ရာမှ အသက်သေဆုံး

ဝေါမြို့နယ်တွင် အိပ်ပျော်နေသူ အမျိုးသမီးတစ်ဦး၏ အိမ်ပေါ်သို့တက်ကာ ကာယိနြေ္ဒပျက်အောင် ကြံစည်သူကို အဆိုပါအမျိုးသမီးက ဝါးလုံးဖြင့် ရိုက်ရာမှ သေဆုံးခဲ့မှုကို ယနေ့ မေလ ၁၀ ရက်နေ့တွင် အမှုဖွင့်အရေးယူထားသည်။



ရဲတပ်ဖွဲ့၏ စုံစမ်းချက်အရ ဒဏ်ရာရရှိသူ အမျိုးသားမှာ ကန်တော်ရပ်ကွက်နေ မအေးအေးသိန်း (၃၅) နှစ်၏ နေအိမ်ပေါ်သို့ တက်ရောက်ပြီး မအေးအေးသိန်းကို ကာယိနြေ္ဒပျက်ပြားအောင် ပြုလုပ်သဖြင့် ယင်းအမျိုးသမီးက နေအိမ်အတွင်းရှိ အရှည်သုံးပေခန့် လုံးပတ်၂ လက်မခွဲခန့် အရွယ် ဝါးလုံးပိုင်းဖြင့် ရိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။




Post a Comment

Previous Post Next Post