(Unicode)

ကနဦး သတင်း

ယနေ့နံနက် ၂နာရီ၃၀မိနစ်အချိန်ခန့်တာမွေ အရိုးကုန်းရပ်ကွက်ဦးလွန်းလမ်းထိပ့်တွင် ၄ထပ်တိုက်တလုံးပြိုကျမှု့ဖြစ်ပွားကြောင်းကနဦး သတင်းရရှိသည်။

ရန်ကုန်တိုင်း တာမွေမြို့နယ်- အရိုးကုန်းလမ်းနှင့်ဦးလွန်းလမ်းထောင့် အုန်းသီးခြစ်ဆိုင်ရှိတဲ့လေးထပ်တိုက်ပြိုကျ…….

ကယ်ဆယ်ရေးလုပ်ဆောင်နေဆဲအသက်ဘေးအန္ဒရယ် ကင်းကြပါစေ….

Photo credit

တိုက်ပြိုကျမှုဖြစ်စဉ် ၊YRO မှကူညီကယ်ဆယ်ခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊အရိုးကုန်းရပ်ကွက်၊ အရိုးကုန်းလမ်း နှင့် ဦးလွန်းလမ်းထောင့် ရှိ အမှတ်(၅ A) (၄)လွှာ တိုက်တလုံး၏ အနောက်ဘက်အခြမ်း ပြိုကျမှုဖြစ်ကြောင်း ( ၂၁-၅ -၂၀၂၀)ရက်နေ့ နံနက် (၀၂:၀၀) နာရီတွင် သတင်းရရှိခဲ့ပါသည်။

သတင်းရရှိသည်နှင့် တပြိုင်နက် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်) YRO သည် အချိန်နှင့်တပြေးညီ သွားရောက်၍ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြပါသည်။



လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်)YRO ၏ အဖွဲ့ချုပ် ဥက္ကဌကြီး ဦးထွန်းထွန်းဦး၏ စီစဉ်ကြီးကြပ်မှုဖြင့် ဒုတိယဥက္ကဌ (လေ့ကျင့်/ကယ်ဆယ်) ဦးဝင်းသူ ခေါင်းဆောင်၍ YRO မိသားစုဝင် အသင်း များမှ အရေးပေါ်လူနာတင်ယာဉ် (၁၄)စီး၊ ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုယာဉ် (၁)စီး၊ စေတနာ့ ဝန်ထမ်းအင်အား (၅၃) ဦးတို့ သည် အဆိုပါ ဖြစ်စဉ်နေရာသို့ အလျင်အမြန် ရောက်ရှိသွားခဲ့ကြပါသည်။

အဆိုပါတိုက်ပြိုကျမှုဖြစ်စဉ်တွင် အမျိုးသား တစ်ဦး သည် အပျက်အစီးများအကြားတွင် ပိတ်မိနေသဖြင့် အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့ပါသည်။ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်)YRO ၏ စေတနာ့ ဝန် ထမ်းများသည် လိုအပ်သော မြေပြင်ကုသမှု ပြုစုပေးခဲ့ကြပြီး ကျန်းမာရေးစစ်ဆေးမှုခံယူရန်အတွက် သင်္ဃန်းကျွန်း(စံပြ)ဆေးရုံသို့ ပို့ဆောင် ကူညီပေးခဲ့ပါသည်။



လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်)YRO

မှတ်ပုံတင်အမှတ် – ၁ /ပြည်တွင်း /၁၀၂၂

09 772 988 988

09 774 988 988

YRO Rescue Taskforce Hotline no;

09 406 300 100

09 406 300 800



Wave Money Account no;

09 268 100 900

Website;www.yrorescue.org

သတင်းနှင့် ပြန်ကြားရေးမှူး(လေ့ကျင့်/ကယ်ဆယ်)

Photo by MD moe,

moe maik Rescue,Nainghtoo aung &YRO Media tesm.

(Zawgyi)

ကနဦး သတင်း




Photo credit












09 772 988 988

09 774 988 988


09 406 300 100

09 406 300 800



Wave Money Account no;

09 268 100 900



Photo by MD moe,



Post a Comment

Previous Post Next Post