(Unicode)
တောင်ငူမြို့ ၊ ရေပို့ကုန်းကျေးရွာ အနီး ရထားသံလမ်းဘေးတွင် ၊ အသက် ၇၀ ဝန်းကျင် အမျိုးသမီးကြီးတစ်ဦး အလောင်းအား မေ ၂၅ ရက် ညနေ ၄ နာရီအချိန်က တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည် ။
" ပတ်ဝန်းကျင် ကျေးရွာတွေမှာ လူပျောက်ဆုံး စုံစမ်းနေပါတယ် ပတ်ဝန်းကျင်ကျေးရွာတွေမှာလည်း လူပျောက်ဆုံးမှု ယခုအချိန်အထိ မတွေ့သေးဘူး " ဟု တောင်ငူမြို့ မ ရဲစခန်း တာဝန်ရှိ ရဲအရာရှိ တစ်ဦးကပြောသည် ။
" သေဆုံးသူ အမည်မသိ အမျိုးသမီးကြီး၏ လက်တွေ နှာဖူးတွေ ခြေထောက်မှာလည်း ပွန်းပြီး သွေးထွက် ဒဏ်ရာတွေလည်းတွေ့ ရတယ် ရထားသံလမ်းဘေးဆိုတော့ ရထားပေါ်က ပဲပြုတ်ကျလေသလား ကျွန်တော်တို့ တိတိကျကျ သိရအောင် စုံစမ်းနေပါတယ် " ၎င်း ဆက်ဆိုသည် ။
သေဆုံးသူ အမည် /နေရပ်လိပ်စာ စုံစမ်းဆဲ အသက် ( ၇၀ ) အမျိုးသမီးကြီး၏ အလောင်းအား တောင်ငူမြို့ နာရေးကူညီမှု အသင်းကားဖြင့် တောင်ငူမြို့ ဆေးရုံကြီး သို့ပို့ဆောင်လိုက်ကြောင်းသိရသည် ။
အဆိုပါဖြစ်စဉ် နှင့် ပတ်သက်ပြီး သေဆုံးသူ အမည်မသိ/ နေရပ်လိပ်စာ စုံစမ်းဆဲအား တောင်ငူမြို့ မရဲစခန်းတွင် သေမှုသေခင်း ဖွင့်ဆိုကာ ဆက်လက်ဆောင်ရွက်နေကြောင်းလည်းသိရသည်။
Crd...
နေလင်းအောင် ( တောင်ငူ ) / ဓာတ်ပုံ နာရေးကူညီမှု အသင်း တောင်ငူမြို့
25.5.2020
(Zawgyi)
ေတာင္ငူၿမိဳ့ ၊ ေရပို့ကုန္းေက်းရြာ အနီး ရထားသံလမ္းေဘးတြင္ ၊ အသက္ ၇၀ ဝန္းက်င္ အမ်ိဳးသမီးႀကီးတစ္ဦး အေလာင္းအား ေမ ၂၅ ရက္ ညေန ၄ နာရီအခ်ိန္က ေတြ႕ရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္ ။
" ပတ္ဝန္းက်င္ ေက်းရြာေတြမွာ လူေပ်ာက္ဆုံး စုံစမ္းေနပါတယ္ ပတ္ဝန္းက်င္ေက်းရြာေတြမွာလည္း လူေပ်ာက္ဆုံးမွု ယခုအခ်ိန္အထိ မေတြ႕ေသးဘူး " ဟု ေတာင္ငူၿမိဳ့ မ ရဲစခန္း တာဝန္ရွိ ရဲအရာရွိ တစ္ဦးကေျပာသည္ ။
" ေသဆုံးသူ အမည္မသိ အမ်ိဳးသမီးႀကီး၏ လက္ေတြ ႏွာဖူးေတြ ေျခေထာက္မွာလည္း ပြန္းၿပီး ေသြးထြက္ ဒဏ္ရာေတြလည္းေတြ႕ ရတယ္ ရထားသံလမ္းေဘးဆိုေတာ့ ရထားေပၚက ပဲျပဳတ္က်ေလသလား ကၽြန္ေတာ္တို့ တိတိက်က် သိရေအာင္ စုံစမ္းေနပါတယ္ " ၄င္း ဆက္ဆိုသည္ ။
ေသဆုံးသူ အမည္ /ေနရပ္လိပ္စာ စုံစမ္းဆဲ အသက္ ( ၇၀ ) အမ်ိဳးသမီးႀကီး၏ အေလာင္းအား ေတာင္ငူၿမိဳ့ နာေရးကူညီမွု အသင္းကားျဖင့္ ေတာင္ငူၿမိဳ့ ေဆး႐ုံႀကီး သို့ပို့ေဆာင္လိုက္ေၾကာင္းသိရသည္ ။
အဆိုပါျဖစ္စဥ္ ႏွင့္ ပတ္သက္ၿပီး ေသဆုံးသူ အမည္မသိ/ ေနရပ္လိပ္စာ စုံစမ္းဆဲအား ေတာင္ငူၿမိဳ့ မရဲစခန္းတြင္ ေသမွုေသခင္း ဖြင့္ဆိုကာ ဆက္လက္ေဆာင္ရြက္ေနေၾကာင္းလည္းသိရသည္။
Crd...
ေနလင္းေအာင္ ( ေတာင္ငူ ) / ဓာတ္ပုံ နာေရးကူညီမွု အသင္း ေတာင္ငူၿမိဳ့
25.5.2020
Post a Comment