(Unicode)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့ ရဲတပ်ဖွဲ့ဝင် ၆ ယောက် သေဆုံးခဲ့ပြီး ထောင်ချီ ကူးစက်ခံရတယ်လို့ ဒါကာရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ မေလ ၆ ရက်အထိ ရဲတပ်ဖွဲ့ဝင် ၁၉၀ ရဲတပ်ဖွဲ့ဆေးရုံမှာ ကုသမှု ခံယူနေရပြီး ရဲတပ်ဖွဲ့ဝင် ၁, ၂၆၀ ကတော့ နေအိမ်မှာ အသွားအလာ ကန့်သတ်မှုခံယူနေကာ ၁, ၀၈၉ ယောက်ကိုတော့ သီးခြား စောင့်ကြည့်ထားပါတယ်။



ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသွားအလာကန့်သတ် လော့ဒေါင်းချထားတဲ့ ကာလအတွင်း ရဲတပ်ဖွဲ့ဝင်တွေဟာ လူတွေကို ဆေးရုံလိုက်ပို့တာ၊ ဈေးတွေမှာ လိုက်လံစစ်ဆေးတာ အပါအဝင် ကဏ္ဍပေါင်းစုံကနေ ပါဝင်နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ရဲ့မိသားစုကို အစိုးရ ထောက်ပံ့ငွေအပြင် ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၁၂,၀၀၀ အထိ ပေးအပ်မယ်လို့ ရဲတပ်ဖွဲ့က ကတိပြုထားကြောင်း ဒေသခံ မီဒီယာမှာ ဖော်ပြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မေလ ၈ ရက် မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၂,၀၀၀ ကျော် နဲ့ သေဆုံးသူ ၁၉၉ ဦး ရှိပြီလို့ သိရပါတယ်။


(Zawgyi)

ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရလို႔ ရဲတပ္ဖြဲ႕ဝင္ ၆ ေယာက္ ေသဆုံးခဲ့ၿပီး ေထာင္ခ်ီ ကူးစက္ခံရတယ္လို႔ ဒါကာရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။ ေမလ ၆ ရက္အထိ ရဲတပ္ဖြဲ႕ဝင္ ၁၉၀ ရဲတပ္ဖြဲ႕ေဆး႐ုံမွာ ကုသမႈ ခံယူေနရၿပီး ရဲတပ္ဖြဲ႕ဝင္ ၁, ၂၆၀ ကေတာ့ ေနအိမ္မွာ အသြားအလာ ကန႔္သတ္မႈခံယူေနကာ ၁, ၀၈၉ ေယာက္ကိုေတာ့ သီးျခား ေစာင့္ၾကည့္ထားပါတယ္။



ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အသြားအလာကန႔္သတ္ ေလာ့ေဒါင္းခ်ထားတဲ့ ကာလအတြင္း ရဲတပ္ဖြဲ႕ဝင္ေတြဟာ လူေတြကို ေဆး႐ုံလိုက္ပို႔တာ၊ ေဈးေတြမွာ လိုက္လံစစ္ေဆးတာ အပါအဝင္ က႑ေပါင္းစုံကေန ပါဝင္ေနပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးခဲ့တဲ့ ရဲတပ္ဖြဲ႕ဝင္ရဲ႕မိသားစုကို အစိုးရ ေထာက္ပံ့ေငြအျပင္ ေထာက္ပံ့ေငြ အေမရိကန္ ေဒၚလာ ၁၂,၀၀၀ အထိ ေပးအပ္မယ္လို႔ ရဲတပ္ဖြဲ႕က ကတိျပဳထားေၾကာင္း ေဒသခံ မီဒီယာမွာ ေဖာ္ျပပါတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ေမလ ၈ ရက္ မနက္ပိုင္းအထိ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၁၂,၀၀၀ ေက်ာ္ နဲ႔ ေသဆုံးသူ ၁၉၉ ဦး ရွိၿပီလို႔ သိရပါတယ္။


Credit DVB

Post a Comment

Previous Post Next Post