(Unicode)

မြန်မာနိုင်ငံ သား အလုပ်သင် သင်တန်းသားများ အနေဖြင့် သတ်မှတ်ချက် များနှင့် ကိုက်ညီရ မည်ဖြစ်ပြီး လက်ရှိ နေထိုင်သည့် မြို့၌ နေ ထိုင်ကြောင်းစာရင်းမှတ်ပုံတင် ထားရှိသော အုပ်ချုပ်ရေးမှူးရုံးမှ နေအိမ်သို့ ထောက်ပံ့ကြေးငွေ ရယူနိုင်ရန် လျှောက်လွှာပုံစံ ကြိုတင်ပေးပို့ မှာ ဖြစ်ပါတယ်။

အဆိုပါ လျှောက်လွှာပုံစံတွင် လျှောက်ထား သူ ၏ အမည်၊ မွေးနေ့၊ နေထိုင်သည့် လိပ်စာနှင့် ငွေလွှဲထည့် ရန် ဘဏ်စာရင်းတို့အား အပြည့် အစုံ ရေးသား ဖော်ပြ၍ အုပ်ချုပ်ရေးမှူးရုံးသို့ ပြန်လည် ပေးပို့ရန် လိုအပ်မည် ဖြစ်ကြောင်းကို တိုကျိုမြို့ရှိ မြန်မာသံရုံးက ယနေ့ အသိပေး ထုတ်ပြန်ခဲ့ပါတယ်။

ဘဏ် စာရင်းနှင့် ကာယကံရှင် ဖြစ်ကြောင်း အတည်ပြုနိုင်သော စာရွက် စာတမ်းမိတ္တူကိုလည်း တစ်ပါတည်းပေးပို့ရန် လိုအပ်မည်ဖြစ် ကြောင်း၊ My Numberကဒ်ပြား ရှိသူဖြစ်ပါက အွန်လိုင်းမှတစ်ဆင့်လည်း လျှောက်ထားနိုင်ကြောင်း သိရပြီး လျှောက်လွှာပေးပို့မည့်နေ့၊ ထောက်ပံ့ငွေရရှိမည့်နေ့များမှာ နေထိုင်သည့်မြို့နယ်များ အလိုက် ကွဲပြားမှု ရှိမည် ဖြစ်ကြောင်း မြန်မာသံရုံးက ထုတ်ပြန် ထားတယ်။


ကိုဗစ် ကပ်ရောဂါကို တုံ့ပြန်တဲ့ အနေ နဲ့ ဂျပန်နိုင်ငံ တွင် နေထိုင် သူများကို တစ်ဦးလျှင် ယန်းငွေ တစ်သိန်း (မြန်မာငွေ ၁၃ သိန်းကျော်) ထောက်ပံ့သွားမည်ဖြစ်ပြီး ဧပြီလ ၂၇ ရက်နေ့တွင် နေထိုင်သူအခြေခံမှတ်ပုံတင် စာရင်းတွင် ပါရှိသည့် နိုင်ငံခြားသားများလည်း အကျုံး ဝင်မည်ဖြစ်ကြောင်း သိရ ပါတယ်။

အထက်ပါ အထူးထောက်ပံ့ကြေးငွေတွင် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၇ ရက်နေ့အထိ နေထိုင်သူအခြေခံ မှတ်ပုံတင်စာရင်းဝင် အလုပ်သင် သင် တန်းသား (Technical Intern Trainees)များလည်း ရရှိမည်ဖြစ်ကြောင်း သိရပါတယ်။

crd : whitesone

(Zawgyi)

ျမန္မာႏိုင္ငံ သား အလုပ္သင္ သင္တန္းသားမ်ား အေနျဖင့္ သတ္မွတ္ခ်က္ မ်ားႏွင့္ ကိုက္ညီရ မည္ျဖစ္ၿပီး လက္ရွိ ေနထိုင္သည့္ ၿမိဳ႕၌ ေန ထိုင္ေၾကာင္းစာရင္းမွတ္ပုံတင္ ထားရွိေသာ အုပ္ခ်ဳပ္ေရးမႉး႐ုံးမွ ေနအိမ္သို႔ ေထာက္ပံ့ေၾကးေငြ ရယူႏိုင္ရန္ ေလွ်ာက္လႊာပုံစံ ႀကိဳတင္ေပးပို႔ မွာ ျဖစ္ပါတယ္။

အဆိုပါ ေလွ်ာက္လႊာပုံစံတြင္ ေလွ်ာက္ထား သူ ၏ အမည္၊ ေမြးေန႔၊ ေနထိုင္သည့္ လိပ္စာႏွင့္ ေငြလႊဲထည့္ ရန္ ဘဏ္စာရင္းတို႔အား အျပည့္ အစုံ ေရးသား ေဖာ္ျပ၍ အုပ္ခ်ဳပ္ေရးမႉး႐ုံးသို႔ ျပန္လည္ ေပးပို႔ရန္ လိုအပ္မည္ ျဖစ္ေၾကာင္းကို တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးက ယေန႔ အသိေပး ထုတ္ျပန္ခဲ့ပါတယ္။

ဘဏ္ စာရင္းႏွင့္ ကာယကံရွင္ ျဖစ္ေၾကာင္း အတည္ျပဳႏိုင္ေသာ စာ႐ြက္ စာတမ္းမိတၱဴကိုလည္း တစ္ပါတည္းေပးပို႔ရန္ လိုအပ္မည္ျဖစ္ ေၾကာင္း၊ My Numberကဒ္ျပား ရွိသူျဖစ္ပါက အြန္လိုင္းမွတစ္ဆင့္လည္း ေလွ်ာက္ထားႏိုင္ေၾကာင္း သိရၿပီး ေလွ်ာက္လႊာေပးပို႔မည့္ေန႔၊ ေထာက္ပံ့ေငြရရွိမည့္ေန႔မ်ားမွာ ေနထိုင္သည့္ၿမိဳ႕နယ္မ်ား အလိုက္ ကြဲျပားမႈ ရွိမည္ ျဖစ္ေၾကာင္း ျမန္မာသံ႐ုံးက ထုတ္ျပန္ ထားတယ္။

ကိုဗစ္ ကပ္ေရာဂါကို တုံ႔ျပန္တဲ့ အေန နဲ႔ ဂ်ပန္ႏိုင္ငံ တြင္ ေနထိုင္ သူမ်ားကို တစ္ဦးလွ်င္ ယန္းေငြ တစ္သိန္း (ျမန္မာေငြ ၁၃ သိန္းေက်ာ္) ေထာက္ပံ့သြားမည္ျဖစ္ၿပီး ဧၿပီလ ၂၇ ရက္ေန႔တြင္ ေနထိုင္သူအေျခခံမွတ္ပုံတင္ စာရင္းတြင္ ပါရွိသည့္ ႏိုင္ငံျခားသားမ်ားလည္း အက်ဳံး ဝင္မည္ျဖစ္ေၾကာင္း သိရ ပါတယ္။

အထက္ပါ အထူးေထာက္ပံ့ေၾကးေငြတြင္ ၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလ ၂၇ ရက္ေန႔အထိ ေနထိုင္သူအေျခခံ မွတ္ပုံတင္စာရင္းဝင္ အလုပ္သင္ သင္ တန္းသား (Technical Intern Trainees)မ်ားလည္း ရရွိမည္ျဖစ္ေၾကာင္း သိရပါတယ္။

crd : whitesone

Post a Comment

Previous Post Next Post