(Unicode)

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ စူပါဆိုင်ကလုန်းမုန်တိုင်းအမ်ဖန်ဟာ မြောက် – အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ကိုကိုးကျွန်းမြို့ ရဲ့ အနောက်-အနောက် မြောက်ဘက် ရေမိုင် ၄၀၀ မိုင်ခန့်နဲ့ ပုသိမ်မြို့ရဲ့ အနောက်-အနောက်တောင် ဘက် ရေမိုင် ၄၉၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မိုးဇလက ဒီနေ့မနက် ၇ နာရီ ထုတ်ပြန်ပါတယ်။


စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာမယ်လို့ ဆိုပါတယ်။


မြန်မာ့ပင်လယ်ပြင်အခြေအနေကတော့ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန် ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအလွန်ကြီးမယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေ တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့် ၉ ပေမှ ၁၄ ပေ ခန့်ရှိနိုင်ပါတယ်။


မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးမယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ တစ်နာရီ လျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့်မှာ ၈ ပေမှ ၁၀ ပေခန့်ရှိနိင်ပါတယ်။



နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရ အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို ဝင်ရောက်နိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ရဲ့ အရှိန်ကြောင့် ကမ်းနီး၊ ကမ်းဝေး သွားလာနေကြတဲ့ ငါးဖမ်းရေယာဉ်၊ သင်္ဘောတွေနဲ့ လေယာဉ်တွေအနေနဲ့ ဆိုးရွားတဲ့ မိုးလေဝသအခြေအနေတွေ ကြိုတင်သတိပြုကြဖို့ မိုးဇလက တိုက်တွန်းထားပါတယ်။

ဒီဗွီဘီ

(Zawgyi)

ဘဂၤလားပင္လယ္ေအာ္အေနာက္အလယ္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ စူပါဆိုင္ကလုန္းမုန္တိုင္းအမ္ဖန္ဟာ ေျမာက္ – အေရွ႕ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားခဲ့ၿပီး ကိုကိုးကြၽန္းၿမိဳ႕ ရဲ႕ အေနာက္-အေနာက္ ေျမာက္ဘက္ ေရမိုင္ ၄၀၀ မိုင္ခန႔္နဲ႔ ပုသိမ္ၿမိဳ႕ရဲ႕ အေနာက္-အေနာက္ေတာင္ ဘက္ ေရမိုင္ ၄၉၀ မိုင္ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနတယ္လို႔ မိုးဇလက ဒီေန႔မနက္ ၇ နာရီ ထုတ္ျပန္ပါတယ္။


စစ္ကိုင္းတိုင္း၊ ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ တနသၤာရီတိုင္း၊ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္နဲ႔ မြန္ျပည္နယ္တို႔မွာ ေနရာစိပ္စိပ္၊ က်န္တိုင္းနဲ႔ ျပည္နယ္တို႔မွာ ေနရာက်ဲက်ဲ မိုးထစ္ခ်ဳန္း ႐ြာမယ္လို႔ ဆိုပါတယ္။


ျမန္မာ့ပင္လယ္ျပင္အေျခအေနကေတာ့ ျမစ္ဝကြၽန္းေပၚ၊ ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ ရံဖန္ ရံခါ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းအလြန္ႀကီးမယ္၊ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ ေျမျပင္ေလ တစ္နာရီလွ်င္ မိုင္ ၄၀ မွ ၄၅ မိုင္အထိ တိုက္ခတ္ႏိုင္ပါတယ္။ လႈိင္းအျမင့္ ၉ ေပမွ ၁၄ ေပ ခန္႔ရွိႏိုင္ပါတယ္။


မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ တစ္ခါတစ္ရံ မိုးသက္ေလျပင္းမ်ား က်ေရာက္ၿပီး လႈိင္းအသင့္အတင့္မွ လႈိင္းႀကီးမယ္၊ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလ တစ္နာရီ လွ်င္ ၃၅ မိုင္မွ မိုင္ ၄၀ အထိ တိုက္ခတ္ႏိုင္ပါတယ္။ လႈိင္းအျမင့္မွာ ၈ ေပမွ ၁၀ ေပခန္႔ရွိနိင္ပါတယ္။


ေနာက္ ၂ ရက္အတြက္ခန္႔မွန္းခ်က္အရ အေနာက္ေတာင္မုတ္သုံေလဟာ ျမန္မာႏိုင္ငံေတာင္ပိုင္းေဒသေတြကို ဝင္ေရာက္ႏိုင္တယ္လို႔ မိုးဇလက ထုတ္ျပန္ထားပါတယ္။စူပါဆိုင္ကလုန္းမုန္တိုင္း အမ္ဖန္ရဲ႕ အရွိန္ေၾကာင့္ ကမ္းနီး၊ ကမ္းေဝး သြားလာေနၾကတဲ့ ငါးဖမ္းေရယာဥ္၊ သေဘၤာေတြနဲ႔ ေလယာဥ္ေတြအေနနဲ႔ ဆိုး႐ြားတဲ့ မိုးေလဝသအေျခအေနေတြ ႀကိဳတင္သတိျပဳၾကဖို႔ မိုးဇလက တိုက္တြန္းထားပါတယ္။

ဒီဗီြဘီ

Post a Comment

Previous Post Next Post