(Unicode)

COVID-19 ရောဂါ ဖြစ်နေချိန်တွင် ပုံမှန်ဝင်ငွေမရှိ သော အခြေခံလူတန်းစားများကို ငွေကြေးထောက်ပံ့ရန် အစိုးရက အိမ်ထောင်စုစာရင်းများ စတင် ကောက်ယူနေကြောင်း ရှမ်းပြည် နယ်အစိုးရ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြော သည်။ မေလ ၁၅ ရက်မှ ၃၁ ရက် အတွင်း တစ်ကြိမ်နှင့် ဇွန်လ ၁၅ ရက်မှ ၃၁ ရက်အတွင်း တစ်ကြိမ်၊ နှစ်ကြိမ် ထောက်ပံ့ပေးမည်ဟု ၎င်းကဆိုသည်။ မည်မျှထောက်ပံ့ မည်ကို မသိရသေးကြောင်း၊ လက်ရှိတွင် အိမ်ထောင်စုနှင့် လူ စာရင်းများ ကောက်ယူနေပြီး COVID-19 ကာကွယ်၊ ထိန်းချုပ် ရေးကော်မတီကို ပြန်လည်တင် ပြရမည်ဟု ဝန်ကြီးကပြောသည်။

‘အဲဒီစာရင်းတွေရမှ ပြည် ထောင်စုမှာ ဘတ်ဂျက်ခွဲဝေသတ် မှတ်ပြီး တွက်ချက်မှာလေ။ လော လောဆယ်တော့ ကျွန်တော်တို့ကို ဘယ်လောက်ပေးရမလဲဆိုတဲ့ ညွှန်ကြားချက်တော့ မပါဘူး’’ဟု ဦးစိုးညွန့်လွင်က ပြောသည်။အိမ်ထောင်စုနှင့် လူဦးရေ စာရင်းများ ကောက်ယူရာတွင် ပထမအကြိမ် ရိက္ခာထောက်ပံ့မှု တွင် ကြုံတွေ့ရသော လိုအပ်ချက် များကို ဖြည့်ဆည်းပြီး ဆောင်ရွက် နိုင်ရန် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များသို့ ညွှန် ကြားထားသည်ဟု ၎င်းကဆို သည်။ ပြည်ထောင်စုအစိုးရက ညွှန်ကြားလာသဖြင့် မြို့နယ်အ လိုက် အိမ်ထောင်စုစာရင်းများ ကောက်ယူနေကြောင်း မင်္ဂလာ တောင်ညွန့်မြို့နယ် အုပ်ချုပ်ရေး မှူး ဦးအောင်ဝင်းက ပြောသည်။


‘‘ဘာတွေ ထောက်ပံ့မယ်ဆိုတာတော့ အတိအကျမသိဘူး။ ညွှန်ကြားချက်ရလို့ စာရင်း ကောက်နေတာ။ အရင် ရိက္ခာ ငါးမျိုးထောက်ပံ့ခဲ့တဲ့ အခြေအနေ မျိုးမှာ လိုအပ်ချက်တွေကို မရှိ အောင်တော့ လုပ်ဖို့လည်း ညွှန် ကြားထားပါတယ်’’ ဟု ဦးအောင် ဝင်းက ပြောသည်။ အခြေခံလူတန်းစားများကို ဒုတိယအကြိမ်ထောက်ပံ့မှုတွင် အစိုးရက စားနပ်ရိက္ခာများ အခမဲ့ မပေးဘဲ ငွေကြေးကိုသာထောက် ပံ့ပေးရန် မူဝါဒ ချမှတ်ထား ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးက ပြည်ပမီဒီယာ တစ်ခုအား ပြောကြားထားသည်။

ထို့အပြင် လူမှုရေးပင်စင် ခံစားခွင့်ရရှိထားသော သက်ကြီး ရွယ်အိုများ၊ မသန်စွမ်းများ၊ ရွှေ့ ပြောင်းနေထိုင်သူများနှင့် တိုက် ပွဲရှောင်စခန်းများမှ အသက်(၂) နှစ်နှင့် (၅)နှစ်သက်တမ်းရှိ က လေးများ၊ ကိုယ်ဝန်ဆောင်မိခင် များနှင့် အိမ်ထောင်စုများအတွက် ငွေကြေးထောက်ပံ့မည့် အစီအ စဉ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဖေ့စ်ဘွတ်ခ်တွင်ရေးသားထား သည်။ပုံမှန်ဝင်ငွေမရှိသည့် အခြေ ခံလူတန်းစားများအတွက် ပထမ အကြိမ် စားနပ်ရိက္ခာ ထောက်ပံ့မှု ကို ဧပြီ ၁၀ ရက်က စတင်ခဲ့သည်။

Credit 7 Day News

(Zawgyi)


COVID-19 ေရာဂါ ျဖစ္ေနခ်ိန္တြင္ ပုံမွန္ဝင္ေငြမရွိ ေသာ အေျခခံလူတန္းစားမ်ားကို ေငြေၾကးေထာက္ပံ့ရန္ အစိုးရက အိမ္ေထာင္စုစာရင္းမ်ား စတင္ ေကာက္ယူေနေၾကာင္း ရွမ္းျပည္ နယ္အစိုးရ စီမံကိန္းႏွင့္ဘ႑ာ ေရးဝန္ႀကီး ဦးစိုးၫြန႔္လြင္က ေျပာ သည္။ ေမလ ၁၅ ရက္မွ ၃၁ ရက္ အတြင္း တစ္ႀကိမ္ႏွင့္ ဇြန္လ ၁၅ ရက္မွ ၃၁ ရက္အတြင္း တစ္ႀကိမ္၊ ႏွစ္ႀကိမ္ ေထာက္ပံ့ေပးမည္ဟု ၎ကဆိုသည္။ မည္မွ်ေထာက္ပံ့ မည္ကို မသိရေသးေၾကာင္း၊ လက္ရွိတြင္ အိမ္ေထာင္စုႏွင့္ လူ စာရင္းမ်ား ေကာက္ယူေနၿပီး COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္ ေရးေကာ္မတီကို ျပန္လည္တင္ ျပရမည္ဟု ဝန္ႀကီးကေျပာသည္။

‘အဲဒီစာရင္းေတြရမွ ျပည္ ေထာင္စုမွာ ဘတ္ဂ်က္ခြဲေဝသတ္ မွတ္ၿပီး တြက္ခ်က္မွာေလ။ ေလာ ေလာဆယ္ေတာ့ ကြၽန္ေတာ္တို႔ကို ဘယ္ေလာက္ေပးရမလဲဆိုတဲ့ ၫႊန္ၾကားခ်က္ေတာ့ မပါဘူး’’ဟု ဦးစိုးၫြန႔္လြင္က ေျပာသည္။အိမ္ေထာင္စုႏွင့္ လူဦးေရ စာရင္းမ်ား ေကာက္ယူရာတြင္ ပထမအႀကိမ္ ရိကၡာေထာက္ပံ့မႈ တြင္ ႀကဳံေတြ႕ရေသာ လိုအပ္ခ်က္ မ်ားကို ျဖည့္ဆည္းၿပီး ေဆာင္႐ြက္ ႏိုင္ရန္ ၿမိဳ႕နယ္၊ ရပ္ကြက္၊ ေက်း႐ြာအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားသို႔ ၫႊန္ ၾကားထားသည္ဟု ၎ကဆို သည္။ ျပည္ေထာင္စုအစိုးရက ၫႊန္ၾကားလာသျဖင့္ ၿမိဳ႕နယ္အ လိုက္ အိမ္ေထာင္စုစာရင္းမ်ား ေကာက္ယူေနေၾကာင္း မဂၤလာ ေတာင္ၫြန႔္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရး မႉး ဦးေအာင္ဝင္းက ေျပာသည္။

 
‘‘ဘာေတြ ေထာက္ပံ့မယ္ဆိုတာေတာ့ အတိအက်မသိဘူး။ ၫႊန္ၾကားခ်က္ရလို႔ စာရင္း ေကာက္ေနတာ။ အရင္ ရိကၡာ ငါးမ်ိဳးေထာက္ပံ့ခဲ့တဲ့ အေျခအေန မ်ိဳးမွာ လိုအပ္ခ်က္ေတြကို မရွိ ေအာင္ေတာ့ လုပ္ဖို႔လည္း ၫႊန္ ၾကားထားပါတယ္’’ ဟု ဦးေအာင္ ဝင္းက ေျပာသည္။ အေျခခံလူတန္းစားမ်ားကို ဒုတိယအႀကိမ္ေထာက္ပံ့မႈတြင္ အစိုးရက စားနပ္ရိကၡာမ်ား အခမဲ့ မေပးဘဲ ေငြေၾကးကိုသာေထာက္ ပံ့ေပးရန္ မူဝါဒ ခ်မွတ္ထား ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာန ျပည္ ေထာင္စုဝန္ႀကီးက ျပည္ပမီဒီယာ တစ္ခုအား ေျပာၾကားထားသည္။

ထို႔အျပင္ လူမႈေရးပင္စင္ ခံစားခြင့္ရရွိထားေသာ သက္ႀကီး ႐ြယ္အိုမ်ား၊ မသန္စြမ္းမ်ား၊ ေ႐ႊ႕ ေျပာင္းေနထိုင္သူမ်ားႏွင့္ တိုက္ ပြဲေရွာင္စခန္းမ်ားမွ အသက္(၂) ႏွစ္ႏွင့္ (၅)ႏွစ္သက္တမ္းရွိ က ေလးမ်ား၊ ကိုယ္ဝန္ေဆာင္မိခင္ မ်ားႏွင့္ အိမ္ေထာင္စုမ်ားအတြက္ ေငြေၾကးေထာက္ပံ့မည့္ အစီအ စဥ္ကို လူမႈဝန္ထမ္း၊ ကယ္ဆယ္ ေရးႏွင့္ ျပန္လည္ေနရာခ်ထား ေရးဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအး က ေဖ့စ္ဘြတ္ခ္တြင္ေရးသားထား သည္။ပုံမွန္ဝင္ေငြမရွိသည့္ အေျခ ခံလူတန္းစားမ်ားအတြက္ ပထမ အႀကိမ္ စားနပ္ရိကၡာ ေထာက္ပံ့မႈ ကို ဧၿပီ ၁၀ ရက္က စတင္ခဲ့သည္။

Credit 7 Day News

Post a Comment

Previous Post Next Post