(Unicode)

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှာ မေလ ၆ ရက်နေ့ မွန်းလွဲပိုင်းက မိုးသက်လေပြင်းတိုက်ပြီး နေအိမ်တချို့ အမိုးလန် ပျက်စီးသွားကာ သစ်ပင်တွေနဲ့ ဓာတ်မီးတိုင်တွေ ကျိုးကျသွားပါတယ်။



မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်က “မိုးသက်လေပြင်းကျရောက်ခဲ့လို့ သစ်ပင်တချို့ ကျိုးကျပြီး လမ်းပိတ်ဆို့ တာတွေဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် လျှပ်စစ်မီးတိုင်တွေ ကျိုးကျပြီး လျှပ်စစ်မီးတွေပြတ်တောက်ခဲ့ပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ကျိုးကျခဲ့တဲ့ သစ်ပင်တွေကို ခုတ်ထွင်ရှင်းလင်းနေပြီး မြို့နယ်လျှပ်စစ်ဌာနကလည်း လျှပ်စစ်မီးကြိုး ပြတ်တောက်တာတွေကို စစ်ဆေး ပြုပြင်တာတွေလုပ်ဆောင်နေပါတယ်။”လို့ ပြောပါတယ်။



လေပြင်းကြောင့် ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်တွေ အရေအတွက်ကိုတော့ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာတွေမှာ စာရင်းတောင်းထားတယ်လို့ ပြောပါတယ်။တစ်နာရီ ၁၅ မိုင်နှုန်းနဲ့ အနောက်အရပ်ကနေ လေပြင်းတိုက်ပြီးမိုးရွာသွန်းခဲ့တာလို့ မကွေး မိုးလေဝသနှင့် ဇလဗေဒ ဌာနကသိရပါတယ်။





မကွေးတိုင်း မီးသတ်ဦးစီးဌာန တိုင်းဦးစီးမှူး ဦးအောင်ဝင်းစိန်ကတော့ မကွေးမြို့ပေါ်က နေရာ ၈ နေရာ ၉ နေရာလောက်မှာ လေဘေးသင့်ခဲ့တာ ဖြစ်ပြီး စာရင်းတော့ လိုက်ပြုစုနေဆဲပဲလို့ ပြောပါတယ်။မကွေးတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း လေပြင်းတိုက်ခတ်မှု ၃၃ ကြိမ်ဖြစ်ပွားခဲ့ပြီး လူနေအိမ် ၁၇ လုံးပြိုကျကာ၊ အိမ်ခြေ ၆၃၅ လုံးနဲ့ ဘာသာရေး အဆောက်အုံ ၈ လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက သိရပါတယ်။

(Zawgyi)

မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕မွာ ေမလ ၆ ရက္ေန႔ မြန္းလြဲပိုင္းက မိုးသက္ေလျပင္းတိုက္ၿပီး ေနအိမ္တခ်ိဳ႕ အမိုးလန္ ပ်က္စီးသြားကာ သစ္ပင္ေတြနဲ႔ ဓာတ္မီးတိုင္ေတြ က်ိဳးက်သြားပါတယ္။



မေကြးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးသက္လြင္က “မိုးသက္ေလျပင္းက်ေရာက္ခဲ့လို႔ သစ္ပင္တခ်ိဳ႕ က်ိဳးက်ၿပီး လမ္းပိတ္ဆို႔ တာေတြျဖစ္ခဲ့ပါတယ္။ ဒါ့အျပင္ လွ်ပ္စစ္မီးတိုင္ေတြ က်ိဳးက်ၿပီး လွ်ပ္စစ္မီးေတြျပတ္ေတာက္ခဲ့ပါတယ္။ သက္ဆိုင္ရာတာဝန္ရွိသူေတြအေနနဲ႔ က်ိဳးက်ခဲ့တဲ့ သစ္ပင္ေတြကို ခုတ္ထြင္ရွင္းလင္းေနၿပီး ၿမိဳ႕နယ္လွ်ပ္စစ္ဌာနကလည္း လွ်ပ္စစ္မီးႀကိဳး ျပတ္ေတာက္တာေတြကို စစ္ေဆး ျပဳျပင္တာေတြလုပ္ေဆာင္ေနပါတယ္။”လို႔ ေျပာပါတယ္။



ေလျပင္းေၾကာင့္ ထိခိုက္ပ်က္စီးသြားတဲ့ ေနအိမ္ေတြ အေရအတြက္ကိုေတာ့ သက္ဆိုင္ရာ ရပ္ကြက္ေက်း႐ြာေတြမွာ စာရင္းေတာင္းထားတယ္လို႔ ေျပာပါတယ္။တစ္နာရီ ၁၅ မိုင္ႏႈန္းနဲ႔ အေနာက္အရပ္ကေန ေလျပင္းတိုက္ၿပီးမိုး႐ြာသြန္းခဲ့တာလို႔ မေကြး မိုးေလဝသႏွင့္ ဇလေဗဒ ဌာနကသိရပါတယ္။



မေကြးတိုင္း မီးသတ္ဦးစီးဌာန တိုင္းဦးစီးမႉး ဦးေအာင္ဝင္းစိန္ကေတာ့ မေကြးၿမိဳ႕ေပၚက ေနရာ ၈ ေနရာ ၉ ေနရာေလာက္မွာ ေလေဘးသင့္ခဲ့တာ ျဖစ္ၿပီး စာရင္းေတာ့ လိုက္ျပဳစုေနဆဲပဲလို႔ ေျပာပါတယ္။မေကြးတိုင္းမွာ ၿပီးခဲ့တဲ့ ဧၿပီလအတြင္းကလည္း ေလျပင္းတိုက္ခတ္မႈ ၃၃ ႀကိမ္ျဖစ္ပြားခဲ့ၿပီး လူေနအိမ္ ၁၇ လုံးၿပိဳက်ကာ၊ အိမ္ေျခ ၆၃၅ လုံးနဲ႔ ဘာသာေရး အေဆာက္အုံ ၈ လုံး တစ္စိတ္တစ္ပိုင္း ပ်က္စီးခဲ့တယ္လို႔ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဦးစီးဌာနက သိရပါတယ္။



ဒီဗီြဘီ

Post a Comment

Previous Post Next Post