(Unicode)

မွန် မေ ၂၂

မွန်ပြည်နယ် မုဒုံမြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး မြို့မရဲစခန်းမှူတို့၏ လမ်းညွန်ချက်ဖြင့် ၂၁-၅-၂၀၂၀ ရက်နေ့

၂၀၄၅ အချိန် ဒုရဲအုပ် ရဲနိုင်ဦးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ မုဒုံမြို့မရဲစခန်းအပိုင် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ်




ကွမ်တာကျေးရွာ ၊ ပေပင်လမ်းဝအရောက်တွင် ယခင် ၂၀၂၀ နှစ်စပိုင်းက မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ကျ၍ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှလွတ်လာသူ ဇွဲစစ်ပိုင်(ခ)ငပယ် သည်

ထိုင်းစာတမ်းပါ-6557 နံပါတ်တပ်ဆင် ထားသည့် Wave I 125 အမျိုးအစား၊ အပြာရောင်ဆိုင်ကယ်အား တစ်ဦးတည်းမောင်းနှင် လာသည်ကို တွေ့ရှိသဖြင့် သက်သေများနှင့်အတူ ရပ်တန့်စစ်ဆေးရာ

၎င်းခန္ဓာကိုယ်အတွင်း လွယ်ထားသည့် အနက်ရောင်လွယ်အိတ် အသေးအတွင်းမှ MONTE စာတမ်းပါ ရေမွှေးဘူးခွံအတွင်း အမဲရောင် ကြွပ်ကြွပ်အိတ်အပိုင်းအစဖြင့် ထုပ်လျှက် WY စာတမ်းပါ



ပန်းရောင်စတ်ကြွရူးသွပ်ဆေးပြား(၄၁)ပြား၊ R စာတမ်းပါအစိမ်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၁)ပြား၊ R စာတမ်းပါပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား(၈)ပြား၊

စုစုစပေါင်း(၅၀)ပြားတို့အား တွေ့ရှိသိမ်းဆည်း ရမိသဖြင့် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ ဇွဲစစ်ပိုင်(ခ)ငပယ်အား ဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွတ်ထားကြောင်း သတင်းရရှိ သည်။

#အမွှာညီနောင်

(Zawgyi)

မွန် မေ ၂၂










#အမွှာညီနောင်

Post a Comment

Previous Post Next Post