(Unicode)

မေလ ၂၄ ရက်

ထိုင်းနိုင်ငံ ဆုန်ခလာခရိုင် ၊ နာမောမ်မြို့နယ် နာမောမ်ကျေးရွာရှိရာဘာခြံတွင်ပြီးခဲ့တဲ့ဧပြီလ ၃၀ ရက်နေ့ညပိုင်းကတည်းက သားဖြစ်သူကိုသတ်ပြီး မြေမြှုပ်ခဲ့သော အသက် ၄၁ နှစ်အရွယ် နိုင်အရွန်း ဆိုသူကိုရဲတပ်ဖွဲ့မှမသင်္ကာသဖြင့်စစ်ဆေးမေးမြန်းရာ မေလ ၂၃ ရက်နေ့က သူ၏သားကိုရာဘာခြစ်ပြီးအပြန်တွင်သတ်ခဲ့မိကြောင်းဝန်ခံခဲ့သဖြင့် ထိုနေရာတွင်အလောင်းအားပြန်လည်တူးဖော်ခဲ့ပြီး သရုပ်ပြခဲ့သည် ဟုသိရှိရ ။

ရဲတပ်ဖွဲ့၏အမှုစစ်ရဲအရာရှိများ၏စစ်ချက်အရ ဖခင်ဖြစ်သူမှသားဖြစ်သူအားသတ်ပြီးအလောင်းဖျောက်မှု၏ ဇစ်မြစ်အစသည် ချွေးမဖြစ်သူနှင့်တိတ်တိတ်ပုန်းလူမှုရေးဇာတ်လမ်းကအခြေခံသည်ဟုဆိုပါသည် ၊ မိထွေးဖြစ်သူသည်ချွေးမဖြစ်သူအား " နင့်ယောကျ်ားကိုအသွားအလာအနေအထိုင်ဆင်ခြင်ဘို့သတိပေးထားပါ ၊ သူ့ကိုသတ်ပြီး နင့်ကိုမယားအဖြစ်သိမ်းပိုက်လိမ့်မယ် " ဟုတိတ်တဆိတ်သတိပေးခဲ့ဖူးသည် ။



သည့်မတိုင်မှီ သားဖြစ်သူသည် မိခင်အရင်းဖြစ်သူအား ဖုန်းဖြင့် ဖခင်မှာသူ့အားသတ်ဘို့ကြံစည်အားထုတ်နေပြီး သူ့မိန်းကိုဇနီးအဖြစ်ပေါင်းဘို့ကြိုးစားနေကြောင်း ပြောကြားခဲ့ပေမယ့်ယခုလို သားအရင်းကိုသတ်လိမ့်မယ်လို့မထင်ခဲ့ဘူးဟု ကွဲကွာနေတဲ့မိခင်ဖြစ်သူမှပြောခဲ့ ။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ဧပြီလ ၃၀ ရက်နေ့ည ၁၀ နာရီအချိန်တွင် သားအဖနှစ်ယောက်ရာဘာခြံထဲတွင် အတူတကွဝင်သွားပြီး ရာဘာခြစ်အပြီး ည ၁၂ နာရီခန့်တွင် ဖခင်ဖြစ်သူသည် ဆိုင်ကယ်အနီးသို့လမ်းလျှောက်လာစဉ် သားဖြစ်သူ နိုင်ချန်ချိုင်း (၂၁) နှစ်သည်နောက်မှလိုက်လာပြီး ဓါးဖြင့်ထိုးဘို့ြကိုးစားသဖြင့် ဖခင်ဖြစ်သူမှသူ၏သားဖြစ်သူလက်ထဲမှဓါးကိုလုယူပြီး လည်ပင်းကိုလှီးလိုက်စဉ်သေဆုံးသွားခဲ့သဖြင့် အိမ်ပြန်ပေါက်တူးယူလာပြီးအလောင်းကိုပီနံအိပ်ထဲထည့်ကာ မြှုပ်ခဲ့သည် ၊ အဲ့ဒီနောက်ပုံမှန်အတိုင်းနေ့စဉ်ရာဘာလာခြစ်နေခဲ့ကြောင်းသိရသည် ။


အိမ်ပြန်လာစဉ် ချွေးမဖြစ်သူမှသူ့ခင်ပွန်းဘယ်မှာလဲ " အဖေ့သားဘယ်သွားလဲ ? " မေးတိုင်း " သူမရှိတော့ဘူး. သွားပြီ " ဟုဖြေခဲ့တယ် ၊ ဘယ်သွားသလဲဆိုတာလဲမဖြေနိုင်တဲ့အပြင် ဆိုင်ကယ်ပါပျောက်ဆုံးနေတဲ့အတွက်သင်္ကာမကင်းဖြစ်ခဲ့ရင်း ရဲစခန်းမှာလူပျောက်တိုင်ခဲ့တယ်လို့ဆိုပါတယ် ၊ ချွေးမဖြစ်သူမှာ ခင်ပွန်းဖြစ်သူရာဘာခြံသွားချိန် ယောက္ခမဖြစ်သူနှင့်မကြာခဏမှားမိခဲ့ကြောင်းဝန်ခံခဲ့ပေမယ့် ဇနီးမယားအဖြစ်ပေါင်းသင်းနေထိုင်ဘို့သူမ လက်မခံခဲ့ဘူးလို့လည်း ငြင်းဆန်ခဲ့ကြောင်း ၊ သူနဲ့ကင်းနိုင်သမျှကင်းအောင်နေပေးဘို့လည်းပြောဆိုခဲ့ကြောင်းထွက်ဆိုခဲ့ပါတယ် ။

ရဲအရာရှိများကတော့ နိုင်အရွန်းဟာ ယခုအချိန်မှာ အများကြီးမေးမြန်းလို့မရသေးပေမယ့် သူရဲ့ထွက်ဆိုချက်ကတော့ သားဖြစ်သူဟာဆေးကြောင်ပြီး သူ့ကိုသတ်ဘို့ကြိုးစားလို့ သူမသတ်ရင်သူ့ကိုသတ်မှာမို့ ပြန်လည်ခုခံရင်းသတ်မိခဲ့တယ်လို့ဖြောင့်ချက်ပေးခဲ့ပြီးချွေးမနှင့်ငြိစွန်းခဲ့တဲ့ကိစ္စကိုတော့ ယခုထိစစ်ဆေးမရသေးပါဘူး ။

လောလောဆယ်ရဲစခန်းတွင် လူသတ် ၊အလောင်းဖျောက်မှုဖြင့် အမှုဖွင့်တရားစွဲဆိုထားကြောင်းသတင်းရရှိပါသည် ။

Photo Crd

သတင်း
#SiThuMaung ( ဘာသာပြန် ဆိုသည် )

(Zawgyi)

မေလ ၂၄ ရက်


ရဲတပ်ဖွဲ့၏အမှုစစ်ရဲအရာရှိများ၏စစ်ချက်အရ ဖခင်ဖြစ်သူမှသားဖြစ်သူအားသတ်ပြီးအလောင်းဖျောက်မှု၏ ဇစ်မြစ်အစသည် ချွေးမဖြစ်သူနှင့်တိတ်တိတ်ပုန်းလူမှုရေးဇာတ်လမ်းကအခြေခံသည်ဟုဆိုပါသည် ၊ မိထွေးဖြစ်သူသည်ချွေးမဖြစ်သူအား " နင့်ယောက်ျားကိုအသွားအလာအနေအထိုင်ဆင်ခြင်ဘို့သတိပေးထားပါ ၊ သူ့ကိုသတ်ပြီး နင့်ကိုမယားအဖြစ်သိမ်းပိုက်လိမ့်မယ် " ဟုတိတ်တဆိတ်သတိပေးခဲ့ဖူးသည် ။



ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ဧပြီလ ၃၀ ရက်နေ့ည ၁၀ နာရီအချိန်တွင် သားအဖနှစ်ယောက်ရာဘာခြံထဲတွင် အတူတကွဝင်သွားပြီး ရာဘာခြစ်အပြီး ည ၁၂ နာရီခန့်တွင် ဖခင်ဖြစ်သူသည် ဆိုင်ကယ်အနီးသို့လမ်းလျှောက်လာစဉ် သားဖြစ်သူ နိုင်ချန်ချိုင်း (၂၁) နှစ်သည်နောက်မှလိုက်လာပြီး ဓါးဖြင့်ထိုးဘို့ကြိုးစားသဖြင့် ဖခင်ဖြစ်သူမှသူ၏သားဖြစ်သူလက်ထဲမှဓါးကိုလုယူပြီး လည်ပင်းကိုလှီးလိုက်စဉ်သေဆုံးသွားခဲ့သဖြင့် အိမ်ပြန်ပေါက်တူးယူလာပြီးအလောင်းကိုပီနံအိပ်ထဲထည့်ကာ မြှုပ်ခဲ့သည် ၊ အဲ့ဒီနောက်ပုံမှန်အတိုင်းနေ့စဉ်ရာဘာလာခြစ်နေခဲ့ကြောင်းသိရသည် ။




Photo Crd

သတင်း

Post a Comment

Previous Post Next Post