(Unicode)

မန္တလေးဈေးချိုတော်ကို ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအတွက် ဖေဖော်ဝါရီလကုန်ရက်မှ စတင်ပိတ်ခဲ့ရာ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမရှိသည့် ဧပြီ ၅ ရက်မှ မေ ၅ ရက်ထိမီတာခအဖြစ် ၂၆သိန်းကျော်တောင်းခံလာခြင်းမှာ မီတာဖတ်ရာတွင် တစ်စုံတစ်ခုမှားယွင်းမှုကြောင်ဖြစ်နိုင်သည်ဟု ဈေးချိုတော်လျှပ်စစ်မီးကော်မတီမှ သိရသည်။


ဈေးချိုတော် တိုက်တန်းကြီး မန်းမြန်မာပလာဇာနှင့် ရတနာပုံဈေးတို့ကို ကျန်းမာရေးဌာနညွှန်ကြားချက်များနှင့် အညီ မေ ၂၂ ရက်မှစတင်၍ ဖွင့်လှစ်ခွင့်ပြုခဲ့ရာ ဈေးရောင်းဈေးဝယ်များနှင့် ပုံမှန်လည်ပတ်နေပြီဖြစ်သည်။


“ဈေးပိတ်ရက်မှာ လျှပ်စစ်မီတာခ ၂၆ သိန်းကျော်ကျတော့ ကျွန်တော်တို့မှာအခက်အခဲတွေ့တယ်။အမှားအယွင်း ဖြစ်နိုင်ခြေကို စဉ်းစားတော့ မီတာဖတ်မှားတာလားလို့ သုံးသပ်တယ်။ လက်ရှိမီတာမှာက သူတို့ ဖတ်တာထက် ပိုနေပြန်တယ်။ဧပြီ ၅ ရက်နေ့ကဖတ်သွားတာက သူတို့အခက်အခဲရှိလို့ ခန့်မှန်းဖတ်တာ ဖြစ်နေသလားပေါ့” ဟု ဈေးချိုတော်လျှပ်စစ်မီးကော်မတီမှ ဦးမြတ်ကျော်ဦးက ပြောသည်။

မီတာဖတ်ရာတွင် ပါဝါမီတာနှင့် ရိုးရိုးမီတာဖတ်သူ ၂ ဦးဖြစ်ပြီး လျှပ်စစ်မီတာခအဖြစ် လစဉ်ပေးဆောင်ရသည့် လျှပ်စစ်ဓာတ်အားသုံးစွဲခ(မီတာခ)မှ ပျမ်းမျှအားဖြင့် တစ်လလျှင် ကျပ်သိန်း ၁၂၀ ဝန်းကျင်ရှိခဲ့ပြီး မတ်လက မီတာခတောင်းခံလွှာ၌ ကျပ်သိန်း ၈၀ ကျော်သာရှိခဲ့သဖြင့် ဈေးချိုတွင် တပ်ဆင်သည့် မီတာမှာ မှားယွင်းမှုမရှိနိုင်ဘဲ မီတာဖတ်ခြင်းနှင့် အခြား တစ်စုံတစ်ခုမှားယွင်းမှုရှိနိုင်သည်ဟု ဆိုသည်။

“မီတာခနဲ့ ပတ်သက်လို့ လျှပ်စစ်မီတာရုံးသွားခဲ့တယ်။သူတို့ကတော့ မှားယွင်းမှုဖြစ်နိုင်ခြေတွေကို ရှင်းပြတယ်။နစ်နာမှုရှိရင်လည်းRecover ဖြစ်သွားမှာပါ။သူတို့ဘက်က ပိုကောက်မိရင် ရှေ့လတွေမှာ လျော့သွားမယ်ပေါ့။ ကျွန်တော်တို့အနေနဲ့ မီတာအလေအလွင့်မရှိစေရေးကို သေချာစောင့်ကြည့်တာတွေလုပ်သွားမယ်”ဟု ဆက်လက် ပြောကြားသည်။


ဈေးချိုတော်တွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှု အလေအလွင့်ရှိမရှိ စစ်ဆေးမှုများပြုလုပ်ခဲ့သော်လည်း မတွေ့ခဲ့ကြောင်း၊ အကျိုးတော်ဆောင်အဖွဲ့အနေဖြင့် လာမည့်ရက်ပိုင်းတွင် အစည်းအဝေးပြုလုပ်သွားမည်ဖြစ်ပြီး လျှပ်စစ်မီးကော်မတီကလည်း ဓာတ်အားသုံးစွဲမှု အလေအလွင့်မရှိစေရေးကို စောင့်ကြည့်မှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

(Zawgyi)

မႏၲေလးေဈးခ်ိဳေတာ္ကို ကိုဗစ္ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ေဖေဖာ္ဝါရီလကုန္ရက္မွ စတင္ပိတ္ခဲ့ရာ လွ်ပ္စစ္ဓာတ္အားသုံးစြဲမႈမရွိသည့္ ဧၿပီ ၅ ရက္မွ ေမ ၅ ရက္ထိမီတာခအျဖစ္ ၂၆သိန္းေက်ာ္ေတာင္းခံလာျခင္းမွာ မီတာဖတ္ရာတြင္ တစ္စုံတစ္ခုမွားယြင္းမႈေၾကာင္ျဖစ္ႏိုင္သည္ဟု ေဈးခ်ိဳေတာ္လွ်ပ္စစ္မီးေကာ္မတီမွ သိရသည္။


ေဈးခ်ိဳေတာ္ တိုက္တန္းႀကီး မန္းျမန္မာပလာဇာႏွင့္ ရတနာပုံေဈးတို႔ကို က်န္းမာေရးဌာနၫႊန္ၾကားခ်က္မ်ားႏွင့္ အညီ ေမ ၂၂ ရက္မွစတင္၍ ဖြင့္လွစ္ခြင့္ျပဳခဲ့ရာ ေဈးေရာင္းေဈးဝယ္မ်ားႏွင့္ ပုံမွန္လည္ပတ္ေနၿပီျဖစ္သည္။


“ေဈးပိတ္ရက္မွာ လွ်ပ္စစ္မီတာခ ၂၆ သိန္းေက်ာ္က်ေတာ့ ကြၽန္ေတာ္တို႔မွာအခက္အခဲေတြ႕တယ္။အမွားအယြင္း ျဖစ္ႏိုင္ေျခကို စဥ္းစားေတာ့ မီတာဖတ္မွားတာလားလို႔ သုံးသပ္တယ္။ လက္ရွိမီတာမွာက သူတို႔ ဖတ္တာထက္ ပိုေနျပန္တယ္။ဧၿပီ ၅ ရက္ေန႔ကဖတ္သြားတာက သူတို႔အခက္အခဲရွိလို႔ ခန္႔မွန္းဖတ္တာ ျဖစ္ေနသလားေပါ့” ဟု ေဈးခ်ိဳေတာ္လွ်ပ္စစ္မီးေကာ္မတီမွ ဦးျမတ္ေက်ာ္ဦးက ေျပာသည္။

မီတာဖတ္ရာတြင္ ပါဝါမီတာႏွင့္ ႐ိုး႐ိုးမီတာဖတ္သူ ၂ ဦးျဖစ္ၿပီး လွ်ပ္စစ္မီတာခအျဖစ္ လစဥ္ေပးေဆာင္ရသည့္ လွ်ပ္စစ္ဓာတ္အားသုံးစြဲခ(မီတာခ)မွ ပ်မ္းမွ်အားျဖင့္ တစ္လလွ်င္ က်ပ္သိန္း ၁၂၀ ဝန္းက်င္ရွိခဲ့ၿပီး မတ္လက မီတာခေတာင္းခံလႊာ၌ က်ပ္သိန္း ၈၀ ေက်ာ္သာရွိခဲ့သျဖင့္ ေဈးခ်ိဳတြင္ တပ္ဆင္သည့္ မီတာမွာ မွားယြင္းမႈမရွိႏိုင္ဘဲ မီတာဖတ္ျခင္းႏွင့္ အျခား တစ္စုံတစ္ခုမွားယြင္းမႈရွိႏိုင္သည္ဟု ဆိုသည္။

“မီတာခနဲ႔ ပတ္သက္လို႔ လွ်ပ္စစ္မီတာ႐ုံးသြားခဲ့တယ္။သူတို႔ကေတာ့ မွားယြင္းမႈျဖစ္ႏိုင္ေျခေတြကို ရွင္းျပတယ္။နစ္နာမႈရွိရင္လည္းRecover ျဖစ္သြားမွာပါ။သူတို႔ဘက္က ပိုေကာက္မိရင္ ေရွ႕လေတြမွာ ေလ်ာ့သြားမယ္ေပါ့။ ကြၽန္ေတာ္တို႔အေနနဲ႔ မီတာအေလအလြင့္မရွိေစေရးကို ေသခ်ာေစာင့္ၾကည့္တာေတြလုပ္သြားမယ္”ဟု ဆက္လက္ ေျပာၾကားသည္။


ေဈးခ်ိဳေတာ္တြင္ လွ်ပ္စစ္ဓာတ္အားသုံးစြဲမႈ အေလအလြင့္ရွိမရွိ စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ေသာ္လည္း မေတြ႕ခဲ့ေၾကာင္း၊ အက်ိဳးေတာ္ေဆာင္အဖြဲ႕အေနျဖင့္ လာမည့္ရက္ပိုင္းတြင္ အစည္းအေဝးျပဳလုပ္သြားမည္ျဖစ္ၿပီး လွ်ပ္စစ္မီးေကာ္မတီကလည္း ဓာတ္အားသုံးစြဲမႈ အေလအလြင့္မရွိေစေရးကို ေစာင့္ၾကည့္မႈမ်ားလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Post a Comment

Previous Post Next Post