unicode

အင်းစိန်မြို့နယ်မှာ ပိုးတွေ့လူနာအမှတ် ၁၅၁ ကနေ ဆင့်ပွားကူးစက်လာသူ ၁၈ ဦးအထိ ရှိလာပြီလို့ အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က‌ပြောပါတယ်။ မနေ့ည ၈ နာရီ ကျန်းမာရေးနဲ့ အားကစားဝန် ကြီးဌာနထုတ်ပြန်ချက်ထဲမှာ ပိုးတွေ့လူနာ ၁၄ ဦးရှိပြီး အဲဒီထဲက အင်းစိန်နေသူ ၁၂ ဦးပါဝင်လာတာ‌ကြောင့် ခဝဲခြံ ၂ လမ်းမှာ လတ်တလောအထိ ကူးစက်လူနာမှာ ၁၈ ဦးအထိရှိလာ‌တာလို့ ဆိုပါတယ်။



ခဝဲ ခြံ ၂ လမ်းမှာ ပိုးတွေ့အတည်ပြုလူနာအမှတ် ၁၅၁ ကို ဧပြီ ၃၀ ရက်နေ့မှာ စတင်တွေ့ရှိ ပြီးနောက် မေ ၃ ရက်နေ့မှာ လူနာအမှတ် ၁၅၂၊ ၁၅၃၊ ၁၅၄ စတဲ့ ၃ ဦး ဆက်လက်တွေ့ရှိပြီး မေလ ၄ ရက်နေ့မှာ လူနာအမှတ် ၁၅၇၊ မေ ၇ ရက်နေ့ မနက်ပိုင်းမှာ လူနာအမှတ် ၁၆၂၊ မေ ၇ ရက်နေ့ ညပိုင်းမှာ လူနာအမှတ် ၁၆၅ ကနေ လူနာအမှတ် ၁၇၆ အထိ ၁၂ ဦးအထိ ဆက်လက်ကူးစက်ခဲ့ပါတယ်။



ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ လက်ရှိ ပိုးတွေ့အတည်ပြုလူနာ ၁၃၉ ဦးအထိ ရှိလာပြီး၊ အဲဒီထဲက အင်းစိန်မြို့နယ်မှာ ၄၂ ဦးထိ ရှိလာတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ သိရပါတယ်။ တလမ်းတည်းမှာ ရောဂါပိုးကူးစက်ခံရသူ ၁၈ ဦးအထိရှိလာပြီဖြစ်တဲ့ အင်းစိန်မြို့နယ်က ခဝဲခြံ ၂ လမ်းကို Lock Down လုံခြုံရေးတိုးမြှင့်ချထားဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။



မြန်မာနိုင်ငံမှာ မေလ ၇ ရက်နေ့အထိ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁၇၆ ဦး၊ သေဆုံးသူ ၆ ဦး၊ ပိုးကင်းစင်လာသူ ၆၂ ဦး၊ အဲဒီထဲ ၃၇ ဦးကို ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာတွေမှာ အသွားအလာ ဆက်လက်ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုနေပါတယ်။

zawgyi

အင္းစိန္ၿမိဳ႕နယ္မွာ ပိုးေတြ႕လူနာအမွတ္ ၁၅၁ ကေန ဆင့္ပြားကူးစက္လာသူ ၁၈ ဦးအထိ ရွိလာၿပီလို႔ အင္းစိန္ၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝၿဖိဳးဟန္က‌ေျပာပါတယ္။ မေန႔ည ၈ နာရီ က်န္းမာေရးနဲ႔ အားကစားဝန္ ႀကီးဌာနထုတ္ျပန္ခ်က္ထဲမွာ ပိုးေတြ႕လူနာ ၁၄ ဦးရွိၿပီး အဲဒီထဲက အင္းစိန္ေနသူ ၁၂ ဦးပါဝင္လာတာ‌ေၾကာင့္ ခဝဲၿခံ ၂ လမ္းမွာ လတ္တေလာအထိ ကူးစက္လူနာမွာ ၁၈ ဦးအထိရွိလာ‌တာလို႔ ဆိုပါတယ္။



ခဝဲ ၿခံ ၂ လမ္းမွာ ပိုးေတြ႕အတည္ျပဳလူနာအမွတ္ ၁၅၁ ကို ဧၿပီ ၃၀ ရက္ေန႔မွာ စတင္ေတြ႕ရွိ ၿပီးေနာက္ ေမ ၃ ရက္ေန႔မွာ လူနာအမွတ္ ၁၅၂၊ ၁၅၃၊ ၁၅၄ စတဲ့ ၃ ဦး ဆက္လက္ေတြ႕ရွိၿပီး ေမလ ၄ ရက္ေန႔မွာ လူနာအမွတ္ ၁၅၇၊ ေမ ၇ ရက္ေန႔ မနက္ပိုင္းမွာ လူနာအမွတ္ ၁၆၂၊ ေမ ၇ ရက္ေန႔ ညပိုင္းမွာ လူနာအမွတ္ ၁၆၅ ကေန လူနာအမွတ္ ၁၇၆ အထိ ၁၂ ဦးအထိ ဆက္လက္ကူးစက္ခဲ့ပါတယ္။


ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွာေတာ့ လက္ရွိ ပိုးေတြ႕အတည္ျပဳလူနာ ၁၃၉ ဦးအထိ ရွိလာၿပီး၊ အဲဒီထဲက အင္းစိန္ၿမိဳ႕နယ္မွာ ၄၂ ဦးထိ ရွိလာတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ကထုတ္ျပန္တဲ့ စာရင္းဇယားေတြအရ သိရပါတယ္။ တလမ္းတည္းမွာ ေရာဂါပိုးကူးစက္ခံရသူ ၁၈ ဦးအထိရွိလာၿပီျဖစ္တဲ့ အင္းစိန္ၿမိဳ႕နယ္က ခဝဲၿခံ ၂ လမ္းကို Lock Down လုံၿခဳံေရးတိုးျမႇင့္ခ်ထားဖို႔ စီစဥ္ေဆာင္႐ြက္ေနတယ္လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ ေမလ ၇ ရက္ေန႔အထိ COVID-19 ေရာဂါဓာတ္ခြဲ အတည္ျပဳလူနာ ၁၇၆ ဦး၊ ေသဆုံးသူ ၆ ဦး၊ ပိုးကင္းစင္လာသူ ၆၂ ဦး၊ အဲဒီထဲ ၃၇ ဦးကို ေဆး႐ုံမွဆင္းခြင့္ျပဳခဲ့ၿပီးျဖစ္ကာ သတ္မွတ္ေနရာေတြမွာ အသြားအလာ ဆက္လက္ကန႔္သတ္ၿပီး ေစာင့္ၾကပ္ၾကည့္ရႈေနပါတယ္။

ဒီဗြီဘီ

Post a Comment

Previous Post Next Post