(Unicode)

ဟိုတယ်မှာပဲ Quarantine ဆက်ဝင်နေပါတယ်။COVID 19 ရောဂါကူးစက်ခံခဲ့ရတဲ့ ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားဟာ ဆေးရုံကဆင်းခွင့်ရရှိသွားပြီးနောက် ဟိုတယ်တစ်ခုမှာ Quarantine ဆက်ဝင်နေရတယ်လို့ သိရပါတယ်။နှစ်ချုပ်နဲ့ ငှားရမ်းထားတဲ့ နေအိမ်မှာ Quarantine ဆက်ဝင်ဖို့ စီစဉ်ခဲ့ပေမယ့် ရပ်ကွက်နေ ပြည်သူလူထုက လက်မခံတာကြောင့် ဟိုတယ်တစ်ခုမှာ Quarantine ဝင်နေရတာဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။


ဒေးဗစ်လားနဲ့ ပတ်သက်ပြီးတော့ တောင်ဥက္ကလာပမြို့နယ်ထဲက ဆက်စပ်တဲ့သူတွေအပါအဝင် ဇီဇဝါအိမ်ယာပါ lock down လုပ်ခဲ့ရတာတွေရှိခဲ့တော့ ရပ်ကွက်နေပြည်သူလူထုကလည်း ဒေးဗစ်လားနဲ့ပတ်သက်ပြီး တော်တော်ကြောက်သွားကြတာလည်းပါသလို၊ စိုးရိမ်မှုတွေလည်းရှိနေကြတာဖြစ်ပါတယ်။ အခုဒေးဗစ်လားက ဆေးရုံကဆင်းခွင့်ရပြီး တောင်ဥက္ကလာထဲကသူနှစ်ချုပ်နဲ့ ဌားထားတဲ့ နေအိမ်မှာပဲ (၂၁) ရက် Quarantine ဝင်ပြီး ဆက်နေမယ်ဆိုတော့ ပြည်သူလူထုကလည်း သူတို့လက်မခံနိုင်တဲ့အကြောင်း ကျွန်တော်တို့ကိုတင်ပြတော့ ကျွန်တော်တို့ကလည်း အများဆန္ဒအတိုင်းလိုက်လုပ်ပေးတာပါ” လို့ တောင်ဥက္ကလာပမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့် က ပြောပါတယ်။



ရပ်ကွက်နေပြန်သူလူထုရဲ့ ဆန္ဒကြောင့် ဒေးဗစ်လားကို တောင်ဥက္ကလာပမြို့နယ်က နေအိမ်မှာ နေထိုင်ခွင့်မပြုတော့ဘဲ ဗိုလ်တစ်ထောင်က ဟိုတယ်တစ်ခုမှာပဲ Quarantine(၂၁) ရက်ဆက်ဝင်နေတယ်လို့ ဦးမိုးမြင့် ကပြောပါတယ်။တရားဟောဆရာ ဒေးဗစ်လားက COVID 19 ဖြစ်ပွားစဉ်ကာလအတွင်း နိုင်ငံတော်က ချမှတ်ထားတဲ့ လမ်းညွှန်ချက်ကို ဖောက်ဖျက်ပြီး လူစုလူဝေးနဲ့ ဘာသာရေးပွဲတစ်ခုကိုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဘာသာရေးပွဲကနေတစ်ဆင့် ရောဂါကုးစက်ခံရသူတွေ ဆင့်ပွားဖြစ်ပေါ်ခဲ့ပြီး အင်းစိန်မြို့နယ်တွင်းမှာလည်း ကူးစက်ခံရသူဦးရေဟာ မြင့်တက်လျှက်ရှိပါတယ်။ ဒါကြောင့် စောဒေးဗစ်လားကို နိုင်ငံတော်က ချမှတ်ထားတဲ့ လမ်းညွှန်ချက်ဖောက်ဖျက်မှုနဲ့ မရမ်းကုန်းမြို့နယ်နဲ့ အင်းစိန်မြို့နယ်တို့မှာ အမှုဖွင့်အရေးယူထားတာပါ။လက်ရှိမှာ သူ့ရဲ့ ကျန်းမာရေးအခြေအနေကလည်း ကောင်းမွန်လာပြီဖြစ်သလို Quarantine (၂၁)ရက်ပြည့်ပြီးရင်တော့ အမှုနဲ့ပတ်သက်ပြီး တရားဥပဒေအရ လုပ်ဆောင်စရာတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါလို့ တောင်ဥက္ကလာပမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့် ကပြောပါတယ်။

Credit Duwun

(Zawgyi)


ဟိုတယ္မွာပဲ Quarantine ဆက္ဝင္ေနပါတယ္။COVID 19 ေရာဂါကူးစက္ခံခဲ့ရတဲ့ ခရစ္ယာန္တရားေဟာဆရာ ေစာေဒးဗစ္လားဟာ ေဆး႐ုံကဆင္းခြင့္ရရွိသြားၿပီးေနာက္ ဟိုတယ္တစ္ခုမွာ Quarantine ဆက္ဝင္ေနရတယ္လို႔ သိရပါတယ္။ႏွစ္ခ်ဳပ္နဲ႔ ငွားရမ္းထားတဲ့ ေနအိမ္မွာ Quarantine ဆက္ဝင္ဖို႔ စီစဥ္ခဲ့ေပမယ့္ ရပ္ကြက္ေန ျပည္သူလူထုက လက္မခံတာေၾကာင့္ ဟိုတယ္တစ္ခုမွာ Quarantine ဝင္ေနရတာျဖစ္ေၾကာင္း ေတာင္ဥကၠလာပၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္က ေျပာပါတယ္။

ေဒးဗစ္လားနဲ႔ ပတ္သက္ၿပီးေတာ့ ေတာင္ဥကၠလာပၿမိဳ႕နယ္ထဲက ဆက္စပ္တဲ့သူေတြအပါအဝင္ ဇီဇဝါအိမ္ယာပါ lock down လုပ္ခဲ့ရတာေတြရွိခဲ့ေတာ့ ရပ္ကြက္ေနျပည္သူလူထုကလည္း ေဒးဗစ္လားနဲ႔ပတ္သက္ၿပီး ေတာ္ေတာ္ေၾကာက္သြားၾကတာလည္းပါသလို၊ စိုးရိမ္မႈေတြလည္းရွိေနၾကတာျဖစ္ပါတယ္။ အခုေဒးဗစ္လားက ေဆး႐ုံကဆင္းခြင့္ရၿပီး ေတာင္ဥကၠလာထဲကသူႏွစ္ခ်ဳပ္နဲ႔ ဌားထားတဲ့ ေနအိမ္မွာပဲ (၂၁) ရက္ Quarantine ဝင္ၿပီး ဆက္ေနမယ္ဆိုေတာ့ ျပည္သူလူထုကလည္း သူတို႔လက္မခံႏိုင္တဲ့အေၾကာင္း ကြၽန္ေတာ္တို႔ကိုတင္ျပေတာ့ ကြၽန္ေတာ္တို႔ကလည္း အမ်ားဆႏၵအတိုင္းလိုက္လုပ္ေပးတာပါ” လို႔ ေတာင္ဥကၠလာပၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးမိုးျမင့္ က ေျပာပါတယ္။


ရပ္ကြက္ေနျပန္သူလူထုရဲ႕ ဆႏၵေၾကာင့္ ေဒးဗစ္လားကို ေတာင္ဥကၠလာပၿမိဳ႕နယ္က ေနအိမ္မွာ ေနထိုင္ခြင့္မျပဳေတာ့ဘဲ ဗိုလ္တစ္ေထာင္က ဟိုတယ္တစ္ခုမွာပဲ Quarantine(၂၁) ရက္ဆက္ဝင္ေနတယ္လို႔ ဦးမိုးျမင့္ ကေျပာပါတယ္။တရားေဟာဆရာ ေဒးဗစ္လားက COVID 19 ျဖစ္ပြားစဥ္ကာလအတြင္း ႏိုင္ငံေတာ္က ခ်မွတ္ထားတဲ့ လမ္းၫႊန္ခ်က္ကို ေဖာက္ဖ်က္ၿပီး လူစုလူေဝးနဲ႔ ဘာသာေရးပြဲတစ္ခုကိုျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ အဆိုပါ ဘာသာေရးပြဲကေနတစ္ဆင့္ ေရာဂါကုးစက္ခံရသူေတြ ဆင့္ပြားျဖစ္ေပၚခဲ့ၿပီး အင္းစိန္ၿမိဳ႕နယ္တြင္းမွာလည္း ကူးစက္ခံရသူဦးေရဟာ ျမင့္တက္လွ်က္ရွိပါတယ္။ ဒါေၾကာင့္ ေစာေဒးဗစ္လားကို ႏိုင္ငံေတာ္က ခ်မွတ္ထားတဲ့ လမ္းၫႊန္ခ်က္ေဖာက္ဖ်က္မႈနဲ႔ မရမ္းကုန္းၿမိဳ႕နယ္နဲ႔ အင္းစိန္ၿမိဳ႕နယ္တို႔မွာ အမႈဖြင့္အေရးယူထားတာပါ။လက္ရွိမွာ သူ႔ရဲ႕ က်န္းမာေရးအေျခအေနကလည္း ေကာင္းမြန္လာၿပီျဖစ္သလို Quarantine (၂၁)ရက္ျပည့္ၿပီးရင္ေတာ့ အမႈနဲ႔ပတ္သက္ၿပီး တရားဥပေဒအရ လုပ္ေဆာင္စရာေတြကို ဆက္လက္လုပ္ေဆာင္သြားမွာပါလို႔ ေတာင္ဥကၠလာပၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးမိုးျမင့္ ကေျပာပါတယ္။

Credit Duwun

Post a Comment

Previous Post Next Post