(Unicode)
မန္တလေးတိုင်းဒေသကြီးတွင် လတ်တလော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အခြေအနေများပေါ်မူတည်ကာထုတ်ပြန်ထားသည့် တားမြစ်မိန့်များကိုသက်တမ်းတိုးခြင်း မတိုးခြင်းအား ဆုံးဖြတ်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးယာယီဝန်ကြီးချူပ် ဦးဇာနည်အောင်ကပြောသည်။ “ ကျွန်တော်တို့ မေလ ၁၅ ရက်နေ့ထိအောင်တော့ ပိတ်ထားဆဲ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ဖွင့်မဖွင့် ကတော့အခြေအနေ အရပ်ရပ်ပေါ်မူတည်ပြီး အစိုးရအဖွဲ့က သုံးသပ်ရပါမယ်။ ဗိုင်းရပ်စ်ပိုး ကူးစက်မှုပေါ်လည်း မူတည်တာပေါ့ ” ဟု ၎င်းက ပြောသည်။



ယင်းအပြင် ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်တားဆီးရေး ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်များနှင့် အခြားတိုင်းနှင့် ပြည်နယ်များ၏ အခြေအနေများကို သုံးသပ်ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ဦးဇာနည်အောင်က ပြောသည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဟိုတယ်၊ တည်းခိုခန်း လုပ်ငန်းများ၊ အဝတ်အထည်ဆိုင်များ၊ ခရီးသယ်ပို့ဆောင်ရေးလုပ်ငန်းများနှင့် ယာဉ်လိုင်းများကို ဧပြီလ ၃၀ ရက်နေ့မှ မေလ ၁၅ ရက်နေ့အထိ ယာယီရပ်ဆိုင်းထားရန်အတွက် တားမြစ်မိန့်ထုတ်ပြန်ထားသည်။


တိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအား ကြိုတင်ကာကွယ်နိုင်ရန်အတွက် တားမြစ်မိန့်အား ဧပြီလ ၇ ရက်နေ့က စတင်ထုတ်ပြန်ခဲ့ပြီး သက်တမ်းနှစ်ကြိမ်တိုးပြီးဖြစ်ကာ ယခုလ ၁၅ ရက်နေ့ သက်တမ်းကုန်မည်ဖြစ်သောကြောင့် ၅ ရက်ခန့်သာ ကျန်တော့မည်ဖြစ်သည်။ တိုင်းအစိုးရက လုပ်ငန်းအချို့အား ယာယီပိတ်ထားရန် တားမြစ်ထားသော်လည်း အများပြည်သူအတွက် မရှိမဖြစ်လိုအပ်သော အစားအသောက်နှင့် ပတ်သက်သည့် ဆိုင်များ၊ အလုပ်ရုံများအားလုံး၊ ဘဏ်လုပ်ငန်းများ၊ စက်သုံးဆီလုပ်ငန်းများနှင့် ဆေးဝါးနှင့် ပတ်သက်သည့် လုပ်ငန်းများအားလုံးကို ဖွင့်လှစ်ထားရန် ညွှန်ကြားထားခြင်းဖြစ်ကာ မလိုက်နာပါက တည်ဆဲဥပဒေများအရ အရေးယူမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။



ယင်းအပြင် ယာယီပိတ်ထားသည့် စက်ရုံများအနက် အများပြည်သူနှင့် ပတ်သက်သည့် စက်ရုံများ ပြန်လည်လုပ်ကိုင်နိုင်ရန် အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ရောဂါကြိုတင်ကာကွယ် သည့်နည်းလမ်းများဆောင်ရွက်ထားရှိမှုများကို စစ်ဆေး၍ ပြန်လည်လုပ်ကိုင်ခွင့်ပြုခဲ့သည်။ တိုင်းအစိုးရ ထုတ်ပြန်ချက်များအရ စက်ရုံ ၁၀၀၀ နီးပါး လုပ်ငန်း ပြန်လည် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ မန္တလေးတိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃ ဦးရှိခဲ့ပြီး ၃ ဦးလုံးတွင် ရောဂါပိုး မတွေ့ရှိတော့ဘဲ ကျန်းမာရေးပြန်လည် ကောင်းမွန်လျက်ရှိကြောင်း မန္တလေးအထွေထွေ ရောဂါကု ဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ် ဒေါက်တာခင်ကျော်က ပြောသည်။ “ မတ္တရာမြို့နယ်က လူနာက Negative နှစ်ကြိမ်ပြနေတဲ့အတွက် ကန်တော်နဒီဆေးရုံမှာပဲ ဆက်လက်ပြီးတော့ Facility Quarantine အဖြစ် ဆက်လက်စောင့်ကြည့်နေတာပေါ့။ အဲဒီလိုပဲ ကျန်တစ်ယောက် (လူနာအမှတ် ၈၂ ) ကလည်း မနေ့က စစ်ဆေးချက်ရတယ်။သူလည်း Negative ဖြစ်နေတာပေါ့” ဟု ၎င်းကပြောသည်။

မြန်မာတိုင်းမ်

(Zawgyi)

မႏၲေလးတိုင္းေဒသႀကီးတြင္ လတ္တေလာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ အေျခအေနမ်ားေပၚမူတည္ကာထုတ္ျပန္ထားသည့္ တားျမစ္မိန႔္မ်ားကိုသက္တမ္းတိုးျခင္း မတိုးျခင္းအား ဆုံးျဖတ္မည္ ျဖစ္ေၾကာင္း မႏၲေလးတိုင္းေဒသႀကီးယာယီဝန္ႀကီးခ်ဴပ္ ဦးဇာနည္ေအာင္ကေျပာသည္။ “ ကြၽန္ေတာ္တို႔ ေမလ ၁၅ ရက္ေန႔ထိေအာင္ေတာ့ ပိတ္ထားဆဲ ျဖစ္ပါတယ္။ အဲဒီေနာက္ပိုင္း ဖြင့္မဖြင့္ ကေတာ့အေျခအေန အရပ္ရပ္ေပၚမူတည္ၿပီး အစိုးရအဖြဲ႕က သုံးသပ္ရပါမယ္။ ဗိုင္းရပ္စ္ပိုး ကူးစက္မႈေပၚလည္း မူတည္တာေပါ့ ” ဟု ၎က ေျပာသည္။



ယင္းအျပင္ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါကာကြယ္တားဆီးေရး ဗဟိုေကာ္မတီ၏ ဆုံးျဖတ္ခ်က္မ်ားႏွင့္ အျခားတိုင္းႏွင့္ ျပည္နယ္မ်ား၏ အေျခအေနမ်ားကို သုံးသပ္ဆုံးျဖတ္ရမည္ျဖစ္ေၾကာင္း ဦးဇာနည္ေအာင္က ေျပာသည္။ တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ဟိုတယ္၊ တည္းခိုခန္း လုပ္ငန္းမ်ား၊ အဝတ္အထည္ဆိုင္မ်ား၊ ခရီးသယ္ပို႔ေဆာင္ေရးလုပ္ငန္းမ်ားႏွင့္ ယာဥ္လိုင္းမ်ားကို ဧၿပီလ ၃၀ ရက္ေန႔မွ ေမလ ၁၅ ရက္ေန႔အထိ ယာယီရပ္ဆိုင္းထားရန္အတြက္ တားျမစ္မိန႔္ထုတ္ျပန္ထားသည္။


တိုင္းအတြင္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈအား ႀကိဳတင္ကာကြယ္ႏိုင္ရန္အတြက္ တားျမစ္မိန႔္အား ဧၿပီလ ၇ ရက္ေန႔က စတင္ထုတ္ျပန္ခဲ့ၿပီး သက္တမ္းႏွစ္ႀကိမ္တိုးၿပီးျဖစ္ကာ ယခုလ ၁၅ ရက္ေန႔ သက္တမ္းကုန္မည္ျဖစ္ေသာေၾကာင့္ ၅ ရက္ခန႔္သာ က်န္ေတာ့မည္ျဖစ္သည္။ တိုင္းအစိုးရက လုပ္ငန္းအခ်ိဳ႕အား ယာယီပိတ္ထားရန္ တားျမစ္ထားေသာ္လည္း အမ်ားျပည္သူအတြက္ မရွိမျဖစ္လိုအပ္ေသာ အစားအေသာက္ႏွင့္ ပတ္သက္သည့္ ဆိုင္မ်ား၊ အလုပ္႐ုံမ်ားအားလုံး၊ ဘဏ္လုပ္ငန္းမ်ား၊ စက္သုံးဆီလုပ္ငန္းမ်ားႏွင့္ ေဆးဝါးႏွင့္ ပတ္သက္သည့္ လုပ္ငန္းမ်ားအားလုံးကို ဖြင့္လွစ္ထားရန္ ၫႊန္ၾကားထားျခင္းျဖစ္ကာ မလိုက္နာပါက တည္ဆဲဥပေဒမ်ားအရ အေရးယူမည္ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ထားသည္။



ယင္းအျပင္ ယာယီပိတ္ထားသည့္ စက္႐ုံမ်ားအနက္ အမ်ားျပည္သူႏွင့္ ပတ္သက္သည့္ စက္႐ုံမ်ား ျပန္လည္လုပ္ကိုင္ႏိုင္ရန္ အတြက္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားသည့္ ေရာဂါႀကိဳတင္ကာကြယ္ သည့္နည္းလမ္းမ်ားေဆာင္႐ြက္ထားရွိမႈမ်ားကို စစ္ေဆး၍ ျပန္လည္လုပ္ကိုင္ခြင့္ျပဳခဲ့သည္။ တိုင္းအစိုးရ ထုတ္ျပန္ခ်က္မ်ားအရ စက္႐ုံ ၁၀၀၀ နီးပါး လုပ္ငန္း ျပန္လည္ လုပ္ကိုင္လ်က္ရွိေၾကာင္း သိရသည္။


က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားသည့္ စာရင္းမ်ားအရ မႏၲေလးတိုင္းတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၃ ဦးရွိခဲ့ၿပီး ၃ ဦးလုံးတြင္ ေရာဂါပိုး မေတြ႕ရွိေတာ့ဘဲ က်န္းမာေရးျပန္လည္ ေကာင္းမြန္လ်က္ရွိေၾကာင္း မႏၲေလးအေထြေထြ ေရာဂါကု ေဆး႐ုံႀကီးမွ ဒုတိယေဆး႐ုံအုပ္ ေဒါက္တာခင္ေက်ာ္က ေျပာသည္။ “ မတၱရာၿမိဳ႕နယ္က လူနာက Negative ႏွစ္ႀကိမ္ျပေနတဲ့အတြက္ ကန္ေတာ္နဒီေဆး႐ုံမွာပဲ ဆက္လက္ၿပီးေတာ့ Facility Quarantine အျဖစ္ ဆက္လက္ေစာင့္ၾကည့္ေနတာေပါ့။ အဲဒီလိုပဲ က်န္တစ္ေယာက္ (လူနာအမွတ္ ၈၂ ) ကလည္း မေန႔က စစ္ေဆးခ်က္ရတယ္။သူလည္း Negative ျဖစ္ေနတာေပါ့” ဟု ၎ကေျပာသည္။

ျမန္မာတိုင္းမ္

Post a Comment

Previous Post Next Post