(Unicode)

ရွှေစက်တော် ဘေးမဲ့တော ဧရိယာအတွင်းမှ ရွှေသမင် ကျော့ကွင်းပေါင်း (၁၇၀) ကျော် သိမ်းဆည်ရမိ…

မင်းဘူးခရိုင် ၊ ရွှေစက်တော်ဘေးမဲ့တောဧရိယာ ဧကပေါင်းတစ်သိန်းကျော်အတွင်း၌ ရွှေသမင်များ အဓိက ကျက်စားသည့် ဧက ၄၀၀ ကျော်ရှိပြီး ၂၀၂၀ ခုနှစ် ဧပြီလ နှင့် မေလများအတွင်း သမင် နှင့် တောဝက်များကို ဖမ်းဆီးနိုင်သည့် ကျော့ကွင်းပေါင်း ၁၇၂ ကွင်းကို ဖြုတ်သိမ်းခဲ့ရကြောင်း ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံး မှ သိရသည်။



“ ထွန်စက်တာယာတွေကနေ သံကြိုးထုတ်ပြီးတော့ သမင်းကွင်း ထောင်တာရှိနေတယ်။ ဒေသခံတွေထဲက လုပ်ကြတာပါ။ အဲဒါကလည်း နှစ်ပေါင်းများစွာကြာပါပြီ။ ဓလေ့လို ဖြစ်နေကြတာ။ ရွှေသမင်တွေ သေနတ်နဲ့ ပစ်ခံရတယ်ဆိုတဲ့ အကြားသတင်းတွေ ရှိပေမယ့် သက်သေသက္ကာရ မရှိသေးပါဘူး။ ရှိတဲ့ဝန်ထမ်းအင်အားနဲ့ ကျော့ကွင်းတွေ သိမ်းဆည်းတာ ၊ ကျေးရွာတွေမှာ အသိပညာပေးတာတွေ လုပ်နေပါတယ် ” ဟု ဘေးမဲ့တောအုပ်ချုပ်ရေးမှူး ဦး အောင်စိုးတင့်က ပြောသည်။



ပွင့်ဖြူမြို့နယ် ၊ တပ်မတော် ဝါစိုက်ခင်းအနီးတွင် ရွှေသမင်များ အများဆုံးကျက်စားသည့် ကိုယ်စားပြုဧရိယာမှာ ဧက ၄၀၀ကျော်ရှိပြီး နောက်ဆုံးကောက်ယူတွက်ချက်ရသည့် စာရင်းအရ သမင်ကောင်ရေ ၁၁၀၆ ကောင် ရှိကြောင်း ၊ King Methode အရ မှားနိုင်စွမ်း ၃၆၀ ကောင်ရှိသည့်အတွက် အနှုတ်ဘက်ကတွက်လျင် ကောင်ရေ ၈၀၀ ခန့် ၊ အပေါင်းဘက်က တွက်လျင် ကောင်ရေ ၁၅၀၀ ခန့် ရှိကြောင်း ရွှေစက်တော် ဘေးမဲ့တောအုပ်ချုပ်ရေးမှူး ထံ မှ သိရသည်။



“ ကျွန်တော်ပင်စင်ယူတာ LPR တစ်လပြည့်သွားပြီ။ ပင်စင်မယူခင်မှာ ရွှေသမင်တွေ သေနတ်နဲ့ပစ်ခံရတယ် လို့သတင်းရတယ်။ သေနတ်သမားတစ်ယောက် ညနေမိုးချုပ်ဆို ကားနဲ့လာပြီးပစ်တယ်လို့သတင်းရလို့ သစ်တောရဲတွေနဲ့ နှစ်ည ဆက်တိုက် သွားစောင့်ခဲ့တယ်။ မတွေ့ဘူး ” ဟု ဘေးမဲ့တောရုံး ၊ ဦးစီးအရာရှိ(ငြိမ်း) ဦးသိန်းလွင် က ပြောသည်။



သစ်တောဦးစီးဌာနအနေဖြင့် ရွှေသမင်များကျက်စားရာနေရာများ၌ သီးပင်စားပင် ဧက (၂၀) စိုက်ပျိုးခြင်း ၊ ဆားကျင်းများ ပြုပြင်ခြင်း ၊ အသစ်ပြုလုပ်ခြင်း ၊ ဘေးမဲ့တောဧရိယာအတွင်း သောက်သုံးရေကန်ငယ်(၉)ကန် တူးဖော်ခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ပြီး လတ်တလောတွင် သမင်သောက်ရေကန်များ ရေဖြည့်ခြင်း ၊ ရွှေသမင်များ သတ်ဖြတ်ခြင်း မခံရ စေရန် ကင်းလှည့်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။ ဇေယျတု(မကွေး)


(Zawgyi)

ေရႊစက္ေတာ္ ေဘးမဲ့ေတာ ဧရိယာအတြင္းမွ ေရႊသမင္ ေက်ာ့ကြင္းေပါင္း (၁၇၀) ေက်ာ္ သိမ္းဆည္ရမိ…

မင္းဘူးခ႐ိုင္ ၊ ေ႐ႊစက္ေတာ္ေဘးမဲ့ေတာဧရိယာ ဧကေပါင္းတစ္သိန္းေက်ာ္အတြင္း၌ ေ႐ႊသမင္မ်ား အဓိက က်က္စားသည့္ ဧက ၄၀၀ ေက်ာ္ရွိၿပီး ၂၀၂၀ ခုႏွစ္ ဧၿပီလ ႏွင့္ ေမလမ်ားအတြင္း သမင္ ႏွင့္ ေတာဝက္မ်ားကို ဖမ္းဆီးႏိုင္သည့္ ေက်ာ့ကြင္းေပါင္း ၁၇၂ ကြင္းကို ျဖဳတ္သိမ္းခဲ့ရေၾကာင္း ေဘးမဲ့ေတာ အုပ္ခ်ဳပ္ေရးမႉး႐ုံး မွ သိရသည္။



“ ထြန္စက္တာယာေတြကေန သံႀကိဳးထုတ္ၿပီးေတာ့ သမင္းကြင္း ေထာင္တာရွိေနတယ္။ ေဒသခံေတြထဲက လုပ္ၾကတာပါ။ အဲဒါကလည္း ႏွစ္ေပါင္းမ်ားစြာၾကာပါၿပီ။ ဓေလ့လို ျဖစ္ေနၾကတာ။ ေ႐ႊသမင္ေတြ ေသနတ္နဲ႔ ပစ္ခံရတယ္ဆိုတဲ့ အၾကားသတင္းေတြ ရွိေပမယ့္ သက္ေသသကၠာရ မရွိေသးပါဘူး။ ရွိတဲ့ဝန္ထမ္းအင္အားနဲ႔ ေက်ာ့ကြင္းေတြ သိမ္းဆည္းတာ ၊ ေက်း႐ြာေတြမွာ အသိပညာေပးတာေတြ လုပ္ေနပါတယ္ ” ဟု ေဘးမဲ့ေတာအုပ္ခ်ဳပ္ေရးမႉး ဦး ေအာင္စိုးတင့္က ေျပာသည္။


ပြင့္ျဖဴၿမိဳ႕နယ္ ၊ တပ္မေတာ္ ဝါစိုက္ခင္းအနီးတြင္ ေ႐ႊသမင္မ်ား အမ်ားဆုံးက်က္စားသည့္ ကိုယ္စားျပဳဧရိယာမွာ ဧက ၄၀၀ေက်ာ္ရွိၿပီး ေနာက္ဆုံးေကာက္ယူတြက္ခ်က္ရသည့္ စာရင္းအရ သမင္ေကာင္ေရ ၁၁၀၆ ေကာင္ ရွိေၾကာင္း ၊ King Methode အရ မွားႏိုင္စြမ္း ၃၆၀ ေကာင္ရွိသည့္အတြက္ အႏႈတ္ဘက္ကတြက္လ်င္ ေကာင္ေရ ၈၀၀ ခန႔္ ၊ အေပါင္းဘက္က တြက္လ်င္ ေကာင္ေရ ၁၅၀၀ ခန႔္ ရွိေၾကာင္း ေ႐ႊစက္ေတာ္ ေဘးမဲ့ေတာအုပ္ခ်ဳပ္ေရးမႉး ထံ မွ သိရသည္။


“ ကြၽန္ေတာ္ပင္စင္ယူတာ LPR တစ္လျပည့္သြားၿပီ။ ပင္စင္မယူခင္မွာ ေ႐ႊသမင္ေတြ ေသနတ္နဲ႔ပစ္ခံရတယ္ လို႔သတင္းရတယ္။ ေသနတ္သမားတစ္ေယာက္ ညေနမိုးခ်ဳပ္ဆို ကားနဲ႔လာၿပီးပစ္တယ္လို႔သတင္းရလို႔ သစ္ေတာရဲေတြနဲ႔ ႏွစ္ည ဆက္တိုက္ သြားေစာင့္ခဲ့တယ္။ မေတြ႕ဘူး ” ဟု ေဘးမဲ့ေတာ႐ုံး ၊ ဦးစီးအရာရွိ(ၿငိမ္း) ဦးသိန္းလြင္ က ေျပာသည္။


သစ္ေတာဦးစီးဌာနအေနျဖင့္ ေ႐ႊသမင္မ်ားက်က္စားရာေနရာမ်ား၌ သီးပင္စားပင္ ဧက (၂၀) စိုက္ပ်ိဳးျခင္း ၊ ဆားက်င္းမ်ား ျပဳျပင္ျခင္း ၊ အသစ္ျပဳလုပ္ျခင္း ၊ ေဘးမဲ့ေတာဧရိယာအတြင္း ေသာက္သုံးေရကန္ငယ္(၉)ကန္ တူးေဖာ္ျခင္းမ်ား လုပ္ေဆာင္သြားမည္ျဖစ္ၿပီး လတ္တေလာတြင္ သမင္ေသာက္ေရကန္မ်ား ေရျဖည့္ျခင္း ၊ ေ႐ႊသမင္မ်ား သတ္ျဖတ္ျခင္း မခံရ ေစရန္ ကင္းလွည့္ျခင္းမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရွိရသည္။ ေဇယ်တု(မေကြး)

Post a Comment

Previous Post Next Post