(Unicode)

၃-၅-၂၀၂၀ ရက်နေ့ နေ့လည် ၁၂ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်နေ ဦးလှထွန်း(ခ)မောဂမန် ၃၇ နှစ် (အငှားယာဉ်မောင်း)သည် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း ရပ်အနီးအရောက်တွင် အမည်မသိအမျိုးသား ၁ ဦးမှ မန္တလေးသို့ သွားရောက်ရန်အတွက် ငွေ ၁၇၀၀၀၀ ကျပ်ခန့်ဖြင့် ကားငှားရမ်းခဲ့၍ SHN-DD/xxxx Probox အဖြူရောင်ယာဉ်ဖြင့် ရန်ကုန်-မန္တလေးကား လမ်းအတိုင်း မောင်းနှင်ခဲ့ရာ ည ၇ နာရီခွဲအချိန် အမရပူရမြို့နယ်၊ မြစ်လောင်းကျေးရွာရှိ abc စတိုးဆိုင်ရှေ့အရောက် ဦးလှထွန်း (ခ)မောဂမန်မှ ကားအား သော့တန်းလန်းဖြင့် စက်ရပ်ထားပြီး စတိုးဆိုင်အတွင်း ရေသန့်ဘူးနှင့်မုန့်များဝယ်နေစဉ် ကားပေါ်တွင်ကျန်ခဲ့သော အမည်မသိအမျိုးသားမှ ကားအား ပုလိပ်မြို့ဘက်သို့ ခိုးယူမောင်းနှင်ထွက်ပြေးသွားခဲ့၍ ကားခိုးယူမောင်းနှင်သွားသူ အမည်မသိ အမျိုးသားအား ဥပဒေအရအရေးယူပေးရန် တိုင်တန်းသဖြင့် မြစ်ငယ်နယ်မြေရဲစခန်း(ပ)၁၅၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(ကား)အရအမှုဖွင့်ဆောင်ရွက်ခဲ့ပါသည်။



အမှုမှ မော်တော်ယာဉ်ခိုးယူမောင်းနှင်ထွက်ပြေးသူ သွားလာနိုင်သည့် လမ်းကြောင်းများအား အမရပူရမြို့နယ်ရဲတပ်ဖွဲ့နှင့် စဉ့်ကိုင်မြို့နယ်ရဲတပ်ဖွဲ့တို့ ချိတ်ဆက်၍ မြစ်ငယ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ပုလိပ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ပိတ်ဆို့စုံစမ်း ဆောင်ရွက်စဉ် ၄-၅-၂၀၂၀ ရက်နေ့ နံနက် ၁ နာရီ ၂၀ အချိန် တံတားဦး-ကျောက်ဆည် ခရိုင်ချင်းဆက်လမ်းမပေါ်တွင် တံတားဦးမြို့နယ်၊ သဲမောင်ကန်ကျေးရွာအဝင်တွင် အောင်ဇော်ဦး(ခ) ဘီလာ(၂၈)နှစ်၊ အမှတ်(၄)ရပ်ကွက်၊ မြောင်းမြမြို့နေသူအား ခိုးယူမောင်းနှင်ထွက်ပြေးသွားသည့် ယာဉ်နှင့်အတူ ဖမ်ဆီးရမိခဲ့သဖြင့် အမှုဖြင့်ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသတင်း ရရှိပါသည်။

Mandalay Police

(Zawgyi)

၃-၅-၂၀၂၀ ရက္ေန႔ ေန႔လည္ ၁၂ နာရီအခ်ိန္ ရန္ကုန္တိုင္းေဒသႀကီး၊ သဃၤန္းကြၽန္းၿမိဳ႕နယ္ေန ဦးလွထြန္း(ခ)ေမာဂမန္ ၃၇ ႏွစ္ (အငွားယာဥ္ေမာင္း)သည္ ရန္ကုန္တိုင္းေဒသႀကီး၊ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ေျမနီကုန္း ရပ္အနီးအေရာက္တြင္ အမည္မသိအမ်ိဳးသား ၁ ဦးမွ မႏၲေလးသို႔ သြားေရာက္ရန္အတြက္ ေငြ ၁၇၀၀၀၀ က်ပ္ခန္႔ျဖင့္ ကားငွားရမ္းခဲ့၍ SHN-DD/xxxx Probox အျဖဴေရာင္ယာဥ္ျဖင့္ ရန္ကုန္-မႏၲေလးကား လမ္းအတိုင္း ေမာင္းႏွင္ခဲ့ရာ ည ၇ နာရီခြဲအခ်ိန္ အမရပူရၿမိဳ႕နယ္၊ ျမစ္ေလာင္းေက်း႐ြာရွိ abc စတိုးဆိုင္ေရွ႕အေရာက္ ဦးလွထြန္း (ခ)ေမာဂမန္မွ ကားအား ေသာ့တန္းလန္းျဖင့္ စက္ရပ္ထားၿပီး စတိုးဆိုင္အတြင္း ေရသန္႔ဘူးႏွင့္မုန္႔မ်ားဝယ္ေနစဥ္ ကားေပၚတြင္က်န္ခဲ့ေသာ အမည္မသိအမ်ိဳးသားမွ ကားအား ပုလိပ္ၿမိဳ႕ဘက္သို႔ ခိုးယူေမာင္းႏွင္ထြက္ေျပးသြားခဲ့၍ ကားခိုးယူေမာင္းႏွင္သြားသူ အမည္မသိ အမ်ိဳးသားအား ဥပေဒအရအေရးယူေပးရန္ တိုင္တန္းသျဖင့္ ျမစ္ငယ္နယ္ေျမရဲစခန္း(ပ)၁၅၈/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၉(ကား)အရအမႈဖြင့္ေဆာင္႐ြက္ခဲ့ပါသည္။


အမႈမွ ေမာ္ေတာ္ယာဥ္ခိုးယူေမာင္းႏွင္ထြက္ေျပးသူ သြားလာႏိုင္သည့္ လမ္းေၾကာင္းမ်ားအား အမရပူရၿမိဳ႕နယ္ရဲတပ္ဖြဲ႕ႏွင့္ စဥ့္ကိုင္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕တို႔ ခ်ိတ္ဆက္၍ ျမစ္ငယ္နယ္ေျမရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ား၊ ပုလိပ္နယ္ေျမရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕မွ ပိတ္ဆို႔စုံစမ္း ေဆာင္႐ြက္စဥ္ ၄-၅-၂၀၂၀ ရက္ေန႔ နံနက္ ၁ နာရီ ၂၀ အခ်ိန္ တံတားဦး-ေက်ာက္ဆည္ ခ႐ိုင္ခ်င္းဆက္လမ္းမေပၚတြင္ တံတားဦးၿမိဳ႕နယ္၊ သဲေမာင္ကန္ေက်း႐ြာအဝင္တြင္ ေအာင္ေဇာ္ဦး(ခ) ဘီလာ(၂၈)ႏွစ္၊ အမွတ္(၄)ရပ္ကြက္၊ ေျမာင္းျမၿမိဳ႕ေနသူအား ခိုးယူေမာင္းႏွင္ထြက္ေျပးသြားသည့္ ယာဥ္ႏွင့္အတူ ဖမ္ဆီးရမိခဲ့သျဖင့္ အမႈျဖင့္ဆက္လက္စစ္ေဆးေဆာင္႐ြက္လ်က္ရွိေၾကာင္းသတင္း ရရွိပါသည္။

Mandalay Police

Post a Comment

Previous Post Next Post