(Unicode)

ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားကြီးဖြစ်သော ရွှေတိဂုံစေတီတော်မြတ်ကြီးကို မေလကုန်အထိ အချိန်ပြည့် ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။



ရန်ကုန်မြို့ကြီးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19  ကူးစက်ပြန့်ပွားမှုကို တစ်ဖက်တစ်လမ်းမှ တားဆီးကာကွယ်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ရွှေတိဂုံစေတီတော်မြတ်ကြီးကို မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက်များဖြစ်သော ဧပြီလ ၁၀ ရက်မှ ၁၉ ရက်အထိ အချိန်ပြည့်ပိတ်ထားခဲ့ပြီး ယင်းနောက်တွင်လည်း ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေများကြောင့် အချိန်ပြည့် ဆက်လက်ပိတ်ထားခဲ့သည်။



ယခုတစ်ဖန် နိုင်ငံတော်မှနေ၍ COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်းသည့် ကြိုတင် ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များကို ယခု ၂၀၂၀ ပြည့်နှစ်၊ မေလ ၃၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်သည့်နည်းတူ ရွှေတိဂုံစေတီတော်မြတ်ကြီးကို မေလကုန်အထိ အချိန်ပြည့် ဆက်လက်ပိတ်ထားမည် ဖြစ်ပြီး ယင်းနောက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်မည့်ရက်ကို အများပြည်သူသိရှိစေရန် ကြိုတင်အသိပေး ကြေညာသွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။



ရန်ကုန်မြို့ကြီးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်ခံရသူဦးရေသည် အခြားဒေသ များထက် ပိုမိုများပြားသောကြောင့် တတ်နိုင်သမျှ ကြိုတင်ကာကွယ်သည့်အနေဖြင့် ယခုကဲ့သို့ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆက်လက်ပိတ်ထားရန် သက်ဆိုင်ရာ တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းကာ ဆုံးဖြတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

(ဆောင်းဦး)

(Zawgyi)

ရန္ကုန္ၿမိဳ႕ရွိ တန္ခိုးႀကီးဘုရားႀကီးျဖစ္ေသာ ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးကို ေမလကုန္အထိ အခ်ိန္ျပည့္ ဆက္လက္ပိတ္ထားမည္ျဖစ္ေၾကာင္း ေ႐ႊတိဂုံေစတီေတာ္ ဘ႑ာေတာ္ထိန္း ေဂါပကအဖြဲ႕မွ သိရသည္။



ရန္ကုန္ၿမိဳ႕ႀကီးတြင္ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ COVID-19  ကူးစက္ျပန႔္ပြားမႈကို တစ္ဖက္တစ္လမ္းမွ တားဆီးကာကြယ္ႏိုင္ေစရန္ ရည္႐ြယ္ခ်က္ျဖင့္ ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးကို ျမန္မာႏွစ္သစ္ကူး ႐ုံးပိတ္ရက္မ်ားျဖစ္ေသာ ဧၿပီလ ၁၀ ရက္မွ ၁၉ ရက္အထိ အခ်ိန္ျပည့္ပိတ္ထားခဲ့ၿပီး ယင္းေနာက္တြင္လည္း ျပည္တြင္း၌ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ကူးစက္ျပန႔္ပြားမႈ အေျခအေနမ်ားေၾကာင့္ အခ်ိန္ျပည့္ ဆက္လက္ပိတ္ထားခဲ့သည္။



ယခုတစ္ဖန္ ႏိုင္ငံေတာ္မွေန၍ COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရးႏွင့္ စပ္လ်ဥ္းသည့္ ႀကိဳတင္ ကာကြယ္ေရးဆိုင္ရာ ကန႔္သတ္ခ်က္မ်ားကို ယခု ၂၀၂၀ ျပည့္ႏွစ္၊ ေမလ ၃၁ ရက္ေန႔အထိ တိုးျမႇင့္သတ္မွတ္သည့္နည္းတူ ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးကို ေမလကုန္အထိ အခ်ိန္ျပည့္ ဆက္လက္ပိတ္ထားမည္ ျဖစ္ၿပီး ယင္းေနာက္ပိုင္းတြင္ ျပန္လည္ဖြင့္လွစ္မည့္ရက္ကို အမ်ားျပည္သူသိရွိေစရန္ ႀကိဳတင္အသိေပး ေၾကညာသြားမည္ျဖစ္ေၾကာင္း ေ႐ႊတိဂုံေစတီေတာ္ ဘ႑ာေတာ္ထိန္း ေဂါပကအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။



ရန္ကုန္ၿမိဳ႕ႀကီးတြင္ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ(COVID-19) ကူးစက္ခံရသူဦးေရသည္ အျခားေဒသ မ်ားထက္ ပိုမိုမ်ားျပားေသာေၾကာင့္ တတ္ႏိုင္သမွ် ႀကိဳတင္ကာကြယ္သည့္အေနျဖင့္ ယခုကဲ့သို႔ ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးအား ဆက္လက္ပိတ္ထားရန္ သက္ဆိုင္ရာ တာဝန္ရွိသူမ်ား ေဆြးေႏြးညႇိႏႈိင္းကာ ဆုံးျဖတ္ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း သိရသည္။



(ေဆာင္းဦး)

Post a Comment

Previous Post Next Post