ရန်ကုန်၊ မေ ၇

အင်းစိန်မြို့နယ်တွင် ကိုဗစ်ရောဂါ ထပ်မံကူးစက်ခံရသော လူနာအမှတ် ၁၆၂ သည် ကျောင်းဆရာမ သူနာပြု ၃ဦးနှင့် ထိတွေ့ခဲ့သော အဆောင်အခန်းပိုင်ရှင်ဖြစ်ကြောင်း အင်းစိန်မြို့နယ် ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်ကပြောဆိုသည်။

“ သူသည် လူနာအမှတ် ၁၅၁ အဖွဲ့ရဲ့ အခန်းပိုင်ရှင်ပေါ့။ တစ်ခြားဘာအလုပ်လုပ်တယ်ဆိုတာ ကျွန်တော်တိတိကျကျမသိဘူး။ သူက ၁၅၁ positive ဖြစ်ပြီဆိုတာနဲ့ ၁၅၁ ဘယ်သူတွေ Contact ရှိတုန်းဘာတုန်းဆိုတော့ သူ့အမည်ပါသွားမှာပေါ့။ ပါသွားတော့ သူ့ကို Quarantine ထဲထည့်လိုက်တာပေါ့။ ထည့်ပြီးတဲ့နောက်မှာ သူ့ရဲ့အခြေအနေအရ သံသယဖြစ်တော့ သံသယလူနာပေါ့။ လုပ်ငန်းစဉ်အရ အဲလိုပဲသွားတယ်။ သူနဲ့ထပ်ပြီးတော့ Contacts ဖြစ်တဲ့သူကတော့ သူအခု positive ဖြစ်ပြီဆိုတဲ့အဖြေထွက်မှ သူ့ကိုမေးရမှာ သူ့ကိုမေးရင် သူ့အိမ်သူအိမ်သားကတော့ သေချာပေါက်ပါပြီပေါ့။ ကျန်တဲ့သူကတော့ သူဖြေသလောက်ပေါ့။ သူကအကုန်လုံးဖြေမှ ကျွန်တော်တို့က အကုန်လုံးကိုစောင့်ကြည့်ထည့်ရတာ မဟုတ်ဘဲနဲ့ မသေချာဘဲနဲ့ လျောက်ထည့်ရင် ပြည်သူနဲ့ ကျွန်တော်တို့နဲ့ ထိပ်တိုက်တွေ့မှာလေ” ဟု ၎င်းကပြောဆိုသည်။

အဆိုပါ လူနာအမှတ် ၁၆၂သည် အင်းစိန်မြို့နယ် ကြို့ကုန်းအနောက်ရပ်ကွက်၊ ခဝဲခြံ ၂ လမ်းတွင်နေထိုင်သူဖြစ်ကာ လူနာအမှတ် ၁၅၁၊ လူနာအမှတ် ၁၅၂၊ လူနာအမှတ် ၁၅၃နှင့် လူနာအမှတ် ၁၅၄ တို့တွင် ရောဂါပိုးတွေ့ရှိစဉ်တည်းက အဆိုပါ ခဝဲခြံ ၂ လမ်းသည် Lock down ပြုလုပ်ထားပြီးဖြစ်ပါကြောင်း သိရသည်။

“ အခုမှ သူနဲ့ထိတွေ့ခဲ့တဲ့သူတွေကို ကျန်းမာရေးကော အုပ်ချုပ်ရေးကော သူနဲ့ထိတွေ့ခဲ့တဲ့သူတွေကို မေးမြန်းပြီးတော့ အစောကြီးတည်းကတော့ ထိတွေ့မယ်ထင်ရတဲ့ သူတွေအကုန်လုံးကို ကျွန်တော်တို့ Quarantine ပို့ထားတာရှိပါတယ်။ သူဘာအလုပ်လုပ်ကိုင်တယ်ဆိုတာ ကျွန်တော်လည်း သေချာမသိဘူး” ဟု အင်းစိန်မြို့နယ် ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောဆိုသည်။

မြန်မာနိုင်ငံ၌ လက်ရှိချိန်တွင် COVID-19 အတည်ပြုလူနာ (၁၆၂) ဦးနှင့် သေဆုံးသူ (၆)ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။



Khit Thit Media

(Zawgyi)

ရန္ကုန္၊ ေမ ၇

အင္းစိန္ၿမိဳ႕နယ္တြင္ ကိုဗစ္ေရာဂါ ထပ္မံကူးစက္ခံရေသာ လူနာအမွတ္ ၁၆၂ သည္ ေက်ာင္းဆရာမ သူနာျပဳ ၃ဦးႏွင့္ ထိေတြ႕ခဲ့ေသာ အေဆာင္အခန္းပိုင္ရွင္ျဖစ္ေၾကာင္း အင္းစိန္ၿမိဳ႕နယ္ ရန္ကုန္တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးသာေအာင္ကေျပာဆိုသည္။

“ သူသည္ လူနာအမွတ္ ၁၅၁ အဖြဲ႕ရဲ႕ အခန္းပိုင္ရွင္ေပါ့။ တစ္ျခားဘာအလုပ္လုပ္တယ္ဆိုတာ ကြၽန္ေတာ္တိတိက်က်မသိဘူး။ သူက ၁၅၁ positive ျဖစ္ၿပီဆိုတာနဲ႔ ၁၅၁ ဘယ္သူေတြ Contact ရွိတုန္းဘာတုန္းဆိုေတာ့ သူ႔အမည္ပါသြားမွာေပါ့။ ပါသြားေတာ့ သူ႔ကို Quarantine ထဲထည့္လိုက္တာေပါ့။ ထည့္ၿပီးတဲ့ေနာက္မွာ သူ႔ရဲ႕အေျခအေနအရ သံသယျဖစ္ေတာ့ သံသယလူနာေပါ့။ လုပ္ငန္းစဥ္အရ အဲလိုပဲသြားတယ္။ သူနဲ႔ထပ္ၿပီးေတာ့ Contacts ျဖစ္တဲ့သူကေတာ့ သူအခု positive ျဖစ္ၿပီဆိုတဲ့အေျဖထြက္မွ သူ႔ကိုေမးရမွာ သူ႔ကိုေမးရင္ သူ႔အိမ္သူအိမ္သားကေတာ့ ေသခ်ာေပါက္ပါၿပီေပါ့။ က်န္တဲ့သူကေတာ့ သူေျဖသေလာက္ေပါ့။ သူကအကုန္လုံးေျဖမွ ကြၽန္ေတာ္တို႔က အကုန္လုံးကိုေစာင့္ၾကည့္ထည့္ရတာ မဟုတ္ဘဲနဲ႔ မေသခ်ာဘဲနဲ႔ ေလ်ာက္ထည့္ရင္ ျပည္သူနဲ႔ ကြၽန္ေတာ္တို႔နဲ႔ ထိပ္တိုက္ေတြ႕မွာေလ” ဟု ၎ကေျပာဆိုသည္။

အဆိုပါ လူနာအမွတ္ ၁၆၂သည္ အင္းစိန္ၿမိဳ႕နယ္ ႀကိဳ႕ကုန္းအေနာက္ရပ္ကြက္၊ ခဝဲၿခံ ၂ လမ္းတြင္ေနထိုင္သူျဖစ္ကာ လူနာအမွတ္ ၁၅၁၊ လူနာအမွတ္ ၁၅၂၊ လူနာအမွတ္ ၁၅၃ႏွင့္ လူနာအမွတ္ ၁၅၄ တို႔တြင္ ေရာဂါပိုးေတြ႕ရွိစဥ္တည္းက အဆိုပါ ခဝဲၿခံ ၂ လမ္းသည္ Lock down ျပဳလုပ္ထားၿပီးျဖစ္ပါေၾကာင္း သိရသည္။

“ အခုမွ သူနဲ႔ထိေတြ႕ခဲ့တဲ့သူေတြကို က်န္းမာေရးေကာ အုပ္ခ်ဳပ္ေရးေကာ သူနဲ႔ထိေတြ႕ခဲ့တဲ့သူေတြကို ေမးျမန္းၿပီးေတာ့ အေစာႀကီးတည္းကေတာ့ ထိေတြ႕မယ္ထင္ရတဲ့ သူေတြအကုန္လုံးကို ကြၽန္ေတာ္တို႔ Quarantine ပို႔ထားတာရွိပါတယ္။ သူဘာအလုပ္လုပ္ကိုင္တယ္ဆိုတာ ကြၽန္ေတာ္လည္း ေသခ်ာမသိဘူး” ဟု အင္းစိန္ၿမိဳ႕နယ္ ရန္ကုန္တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝၿဖိဳးဟန္က ေျပာဆိုသည္။

ျမန္မာႏိုင္ငံ၌ လက္ရွိခ်ိန္တြင္ COVID-19 အတည္ျပဳလူနာ (၁၆၂) ဦးႏွင့္ ေသဆုံးသူ (၆)ဦး ရွိၿပီျဖစ္ေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

Khit Thit Media

Post a Comment

Previous Post Next Post