(Unicode)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျောင်းများပိတ်ထားတာများရင် ကလေးတွေအနေနဲ့ ပညာသင်ချင်စိတ်လျော့နည်းသွားမှာဖြစ်ကြောင်း မေလ (၁၉) ရက်နေ့က ကျောင်းများပြန်လည်ဖွင့်လှစ်ရန် အပြန်အလှန်ဆွေးနွေးရာမှာ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။လက်ရှိအချိန်မှာ အခြေခံပညာအထက်ကျောင်းများကို ဇူလိုင်လအစောပိုင်းတွင် ဖွင့်လှစ်ရန် ရည်မှန်းထားနေခဲ့တာပါ။ နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေးဟာ ရပ်ထာလို့ မရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားခဲ့တာပါ။



“နိုင်ငံတစ်နိုင်ငံရဲ့ပညာရေးဆိုတာ ရပ်ထားလို့မရဘူး။ ခလေးတွေဟာ ကျောင်းနဲ့ကင်းကွာသွားတဲ့အခါ ပညာသင်ချင်တဲ့စိတ်ကနည်းနည်းလျော့သွားတယ်။ ကျောင်းတွေပိတ်တာများရင် ပညာရေးဘက်ကို တကယ်အထိနာပါတယ်။ နောက်ကျမှ မြန်မြန်ဆန်ဆန်အောင်တဲ့သူတွေများအောင်လို့ဆိုပြီး ဖြတ်လမ်းနည်းနဲ့ သင်ပေးလိုက်တာကလည်း ဘွဲ့တော့ရသွားတာပေါ့။ ဘွဲ့ရရုံနဲ့ ပညာတတ်တာမှဘမဟုတ်ဘဲ။



ကျွန်မတို့သိတဲ့ပညာရေးက ဘွဲ့ရရုံပညာရေးမျိုးမဟုတ်ဘူး။ တကယ်ကို ကိုယ့်အတွက်ရော၊ ကိုယ့်ပတ်ဝန်းကျင်အတွက်ရော၊ ကိုယ့်နိုင်ငံ ကိုယ့်ကမ္ဘာကြီးအတွက်ရော အကျိုးပြုနိုင်မယ့် ပညာရေးမျိုးကို နိုင်ငံကိုပေးချင်တာပါ။ အခု Covid ကိုရင်ဆိုင်တဲ့အခါမှာလည်း ပညာတစ်ခုပဲလို့ ကျွန်မကတော့ စဉ်းစားစေချင်တယ်”လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားခဲ့တာပါ။



ဒါ့အပြင် ကလေးတွေကို ကျောင်း ကြို၊ ပို့ပြုလုပ်တဲ့အခါမျိုးမှာဆိုရင် အသက်အရွယ်ကြီးရင့်တဲ့ ဘိုးဘွားများအနေနဲ့ မပြုလုပ်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က မှာကြားသွားခဲ့ပါတယ်။

မိုမိုလေး

(Zawgyi)

ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂိၢဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေက်ာင္းမ်ားပိတ္ထားတာမ်ားရင္ ကေလးေတြအေနနဲ႔ ပညာသင္ခ်င္စိတ္ေလ်ာ့နည္းသြားမွာျဖစ္ေၾကာင္း ေမလ (၁၉) ရက္ေန႔က ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ရန္ အျပန္အလွန္ေဆြးေႏြးရာမွာ ထည့္သြင္း ေျပာၾကားသြားခဲ့ပါတယ္။လက္ရွိအခ်ိန္မွာ အေျခခံပညာအထက္ေက်ာင္းမ်ားကို ဇူလိုင္လအေစာပိုင္းတြင္ ဖြင့္လွစ္ရန္ ရည္မွန္းထားေနခဲ့တာပါ။ ႏိုင္ငံတစ္ႏုိင္ငံရဲ႕ ပညာေရးဟာ ရပ္ထာလို႔ မရေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားသြားခဲ့တာပါ။



“ႏိုင္ငံတစ္ႏိုင္ငံရဲ႕ပညာေရးဆိုတာ ရပ္ထားလို႔မရဘူး။ ခေလးေတြဟာ ေက်ာင္းနဲ႔ကင္းကြာသြားတဲ့အခါ ပညာသင္ခ်င္တဲ့စိတ္ကနည္းနည္းေလ်ာ့သြားတယ္။ ေက်ာင္းေတြပိတ္တာမ်ားရင္ ပညာေရးဘက္ကို တကယ္အထိနာပါတယ္။ ေနာက္က်မွ ျမန္ျမန္ဆန္ဆန္ေအာင္တဲ့သူေတြမ်ားေအာင္လို႔ဆိုၿပီး ျဖတ္လမ္းနည္းနဲ႔ သင္ေပးလိုက္တာကလည္း ဘြဲ႕ေတာ့ရသြားတာေပါ့။ ဘြဲ႕ရ႐ုံနဲ႔ ပညာတတ္တာမွဘမဟုတ္ဘဲ။



ကြၽန္မတို႔သိတဲ့ပညာေရးက ဘြဲ႕ရ႐ုံပညာေရးမ်ိဳးမဟုတ္ဘူး။ တကယ္ကို ကိုယ့္အတြက္ေရာ၊ ကိုယ့္ပတ္ဝန္းက်င္အတြက္ေရာ၊ ကိုယ့္ႏိုင္ငံ ကိုယ့္ကမာၻႀကီးအတြက္ေရာ အက်ိဳးျပဳႏိုင္မယ့္ ပညာေရးမ်ိဳးကို ႏိုင္ငံကိုေပးခ်င္တာပါ။ အခု Covid ကိုရင္ဆိုင္တဲ့အခါမွာလည္း ပညာတစ္ခုပဲလို႔ ကြၽန္မကေတာ့ စဥ္းစားေစခ်င္တယ္”လို႔ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂိၢဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာဆုိသြားခဲ့တာပါ။



ဒါ့အျပင္ ကေလးေတြကို ေက်ာင္း ႀကိဳ၊ ပို႕ျပဳလုပ္တဲ့အခါမ်ိဳးမွာဆုိရင္ အသက္အရြယ္ႀကီးရင့္တဲ့ ဘိုးဘြားမ်ားအေနနဲ႔ မျပဳလုပ္ဖို႔လည္း ေဒၚေအာင္ဆန္းစုၾကည္က မွာၾကားသြားခဲ့ပါတယ္။

မိုမိုေလး

Post a Comment

Previous Post Next Post