(Unicode)

ရွှေဖီမြေ၊ မေလ ၂၃ ရက်၊ မန်တုံ

မေလ ၂၃ ရက်နဲ့ မေလ ၁၂ ရက်က မန်တုံကနေ မူးယစ်ဆေးတင်ဆောင်လာသူကို မန်တုံ-မိုးမိတ်လမ်းမှာ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မူးယစ်ဆေးတန်ဖိုး ငွေကျပ် သိန်း ၃ ထောင်ကျော်(၃,၃၆၀ သိန်း)ကို မေလ ၂၃ ရက် မွန်းလွဲ ၂ နာရီမှာ မန်တုံကနေ မိုးမိတ်ဘက်ကို မောင်းနှင်လာတဲ့ မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်နေ ယောဆပ်(၂၂ နှစ်) စီးနင်းလာတဲ့ ကားကိုရပ်တန့်စစ်ဆေးရှာဖွေရာမှာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၈,၀၀၀ ပြားကို တွေ့ရှိသိမ်းဆည်းရမိခဲ့တာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၂ ရက် မနက် ၃ နာရီခွဲကလည်း မန်တုံ-မိုးမိတ်သွားတဲ့လမ်းမှာ မန်တုံကနေ မိုးမိတ်မြို့ဘက်ကို မန်တုံမြို့နယ် လွယ်ကန်ကျေးရွာနေ လှငွေ (၃၁ နှစ်)နဲ့ ရွှေလေး စီးနင်းမောင်းနှင်လာတဲ့ ဆိုင်ကယ်ကို စစ်ဆေးရာမှာ သိန်း ၁၆,ဝဝဝ တန်ဖိုးရှိ မူးယစ်ဆေးကို ဖမ်းဆီးရမိခဲ့ပါတယ်။


စစ်ဆေးဖို့ ရပ်တန့်ခိုင်းရာမှာ ရွှေလေးမှ ဆိုင်ကယ်ကို လှဲချပြီး ထွက်ပြေးသွား​ပြီး လှငွေ
စီးနင်းမောင်းနှင်လာတဲ့ ဆိုင်ကယ်ပေါ်မှာ တင်ဆောင်လာတဲ့ ပီနံအိတ် ၂ အိတ်အတွင်းကနေ စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်းပြားနဲ့ ရွှေလေး လှဲချထားခဲ့တဲ့ ဆိုင်ကယ်ပေါ်မှာ တင်ဆောင်လာတဲ့ ပီနံအိတ်အတွင်းကနေ စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်းပြားကို ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

#မူးယစ်ဆေး #မန်တုံ #မူးယစ်ရဲတပ်ဖွဲ့ #မိုးမိတ်
#ဓာတ်ပုံ- မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့
https://m.facebook.com/story.php?story_fbid=705017160314418&id=451214215694715

(Zawgyi)

ေ႐ႊဖီေျမ၊ ေမလ ၂၃ ရက္၊ မန္တုံ

ေမလ ၂၃ ရက္နဲ႔ ေမလ ၁၂ ရက္က မန္တုံကေန မူးယစ္ေဆးတင္ေဆာင္လာသူကို မန္တုံ-မိုးမိတ္လမ္းမွာ ဖမ္းဆီးရမိခဲ့ေၾကာင္း မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားပါတယ္။

မူးယစ္ေဆးတန္ဖိုး ေငြက်ပ္ သိန္း ၃ ေထာင္ေက်ာ္(၃,၃၆၀ သိန္း)ကို ေမလ ၂၃ ရက္ မြန္းလြဲ ၂ နာရီမွာ မန္တုံကေန မိုးမိတ္ဘက္ကို ေမာင္းႏွင္လာတဲ့ မန္တုံၿမိဳ႕ ေအာင္ခ်မ္းသာရပ္ကြက္ေန ေယာဆပ္(၂၂ ႏွစ္) စီးနင္းလာတဲ့ ကားကိုရပ္တန္႔စစ္ေဆးရွာေဖြရာမွာ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၆၈,၀၀၀ ျပားကို ေတြ႕ရွိသိမ္းဆည္းရမိခဲ့တာပဲ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေမလ ၁၂ ရက္ မနက္ ၃ နာရီခြဲကလည္း မန္တုံ-မိုးမိတ္သြားတဲ့လမ္းမွာ မန္တုံကေန မိုးမိတ္ၿမိဳ႕ဘက္ကို မန္တုံၿမိဳ႕နယ္ လြယ္ကန္ေက်း႐ြာေန လွေငြ (၃၁ ႏွစ္)နဲ႔ ေ႐ႊေလး စီးနင္းေမာင္းႏွင္လာတဲ့ ဆိုင္ကယ္ကို စစ္ေဆးရာမွာ သိန္း ၁၆,ဝဝဝ တန္ဖိုးရွိ မူးယစ္ေဆးကို ဖမ္းဆီးရမိခဲ့ပါတယ္။


စစ္ေဆးဖို႔ ရပ္တန္႔ခိုင္းရာမွာ ေ႐ႊေလးမွ ဆိုင္ကယ္ကို လွဲခ်ၿပီး ထြက္ေျပးသြား​ၿပီး လွေငြ
စီးနင္းေမာင္းႏွင္လာတဲ့ ဆိုင္ကယ္ေပၚမွာ တင္ေဆာင္လာတဲ့ ပီနံအိတ္ ၂ အိတ္အတြင္းကေန စိတ္ႂကြ႐ူးသြပ္ေဆးျပား ၄ သိန္းျပားနဲ႔ ေ႐ႊေလး လွဲခ်ထားခဲ့တဲ့ ဆိုင္ကယ္ေပၚမွာ တင္ေဆာင္လာတဲ့ ပီနံအိတ္အတြင္းကေန စိတ္ႂကြ႐ူးသြပ္ေဆးျပား ၄ သိန္းျပားကို ဖမ္းဆီးရမိခဲ့တယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

#မူးယစ္ေဆး #မန္တုံ #မူးယစ္ရဲတပ္ဖြဲ႕ #မိုးမိတ္
#ဓာတ္ပုံ- မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕
https://m.facebook.com/story.php?story_fbid=705017160314418&id=451214215694715

Post a Comment

Previous Post Next Post