(Unicode)

တရားရုံးက အမိန့်ချမှတ်ပြီး အင်းစိန်ထောင်ကို ပို့ဆောင်ခဲ့တာပါ။ရန်ကုန်မြို့မှာ ဧပြီလ ၂၃ရက် ကနေ မေလ ၁၄ရက်နေ့အထိ ညမထွက်ရ ဥပဒေဖောက်ဖျက်မှုကြောင့် ဖမ်းဆီးအရေးယူမှု (၁၅၆) မှုရှိပြီး (၄၀၃) ဦးကို ပြစ်ဒဏ်ချမှတ်ထားတယ်လို့ ရန်ကုန်တိုင်း မှုခင်းစာရင်းဌာန အချက်အလက်အရသိရပါတယ်။


အဆိုပါ ၄၀၃ ဦးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လိုအပ်ချက်အရ ထုတ်ပြန်တဲ့ဒေသန္တအမိန့် အရ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ နဲ့ အရေးယူခဲ့ပြီး သက်ဆိုင်ရာမြို့နယ်တရားရုံးတွေက အလုပ်နဲ့ထောင်ဒဏ် တစ်လအမိန့်ချမှတ်ကာ အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ မှုခင်းစာရင်းဌာန မှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက Duwun ကိုပြောပါတယ်။



“ ကျွန်တော်တို့က အလုပ်ကိစ္စ အကြောင်းပြချက် ခိုင်လုံတယ်၊ ထောက်ခံချက်ပါတယ်ဆိုရင်တော့ ခွင့်ပြုပေးပါတယ်။ဒါပေမယ့် အကြောင်းပြချက် မခိုင်လုံဘဲ အပြင်ထွက်တာမျိုးဆိုရင်တော့ မရပါဘူး။ အဓိကက ထွေအုပ်က ဖမ်းတယ်။ ညဘက်ဖမ်းတယ်ဆိုရင် မနက်ဘက် တရားရုံးကိုပို့တာပါ။” လို့ အဆိုပါ ရဲအရာရှိက ပြောပါတယ်။



ဖမ်းဆီးခဲ့တဲ့မြို့နယ်တွေကတော့ မင်္ဂလာတောင်ညွှန့်၊ အင်းစိန်၊ တာမွေ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ ကမာရွတ်၊ ကျောက်တန်း၊ တွံတေး၊ ကွမ်းခြံကုန်း၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ ဒလ၊ သုံးခွ၊ တိုက်ကြီး၊ ဆိတ်ကြီးခနောင်တို၊ ခရမ်း၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ ကော့မှူးစတဲ့မြို့နယ်တွေဖြစ်ပါတယ်။ဒီလို ညမထွက်ရအမိန့်ရှိနေပေမယ့်လည်း ရံဖန်ရံခါမှာ မိသားစုအရေးပေါ်ကိစ္စ၊ အလုပ်ကိစ္စတွေကြောင့် လမ်းပေါ်ကို ခေတ္တခဏထွက်လာသူတွေပါ ဖမ်းဆီးအရေးယူခံရမှုတွေရှိနေပြီး အလုပ်နဲ့ ထောင်ဒဏ် တစ်လချမှတ်လိုက်တာက မျှတမှုမရှိဘူးလို့ ဖမ်းဆီးခံရသူအချို့ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

“ ကျွန်မမောင်လေးက ရုံးမှာပဲ နေနေတာပေါ့။ တစ်ရက် သူက ည၁၀ နာရီ ၁၀ မိနစ်လောက်ကျော်သွားတဲ့အချိန်မှာ ရုံးအပြင်ဘက်ကို ခဏထွက်လိုက်တယ်။ အဲဒီမှာ ရဲက ရောက်လာပြီးတော့ ခေါ်သွားတယ်။ တာမွေရဲစခန်းမှာ တစ်ညအိပ်ပြီး မနက်ရောက်တော့ တရားရုံးမှာ တစ်လ အမိန့်ချလိုက်ပါတယ်။ ကျွန်မတို့ မိသားစုဝင်တွေလည်း မတွေ့ရဘူး။ ပြစ်ဒဏ် ချတာဆိုပေမယ့် အလုပ်နဲ့ ထောင်ဒဏ်တစ်လဆိုတာက များလွန်းတယ်။ ဒီပြစ်ဒဏ်ကို တစ်ပတ်၊ ဆယ်ရက်လောက်ဖြစ်ဖြစ် လျှော့စေချင်ပါတယ်” လို့ ဖမ်းဆီးခံရသူတစ်ဦးရဲ့ အစ်မတော်စပ်သူ မသီတာက ပြောပြပါတယ်။ဒါ့အပြင် မေလ ၁၃ ရက်က နေ စတင်ပြီး ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေအရ နှာခေါင်းစည်းမပါဘဲ အပြင်ထွက်လာသူတွေကို ဒဏ်ငွေ ၅၀၀၀ ဒဏ်ကြေးကောက်ခဲ့ရာမှာ မေလ ၁၄ ရက်နေ့အထိ အမှုပေါင်း ၁၇၉ မှုရှိခဲ့ပြီး လူဦးရေ ၂၈၀ ကို ဒဏ်ကြေးကောက်ခံခဲ့တယ်လို့လည်းသိရပါတယ်။

ဓူဝံ

(Zawgyi)

တရား႐ုံးက အမိန႔္ခ်မွတ္ၿပီး အင္းစိန္ေထာင္ကို ပို႔ေဆာင္ခဲ့တာပါ။ရန္ကုန္ၿမိဳ႕မွာ ဧၿပီလ ၂၃ရက္ ကေန ေမလ ၁၄ရက္ေန႔အထိ ညမထြက္ရ ဥပေဒေဖာက္ဖ်က္မႈေၾကာင့္ ဖမ္းဆီးအေရးယူမႈ (၁၅၆) မႈရွိၿပီး (၄၀၃) ဦးကို ျပစ္ဒဏ္ခ်မွတ္ထားတယ္လို႔ ရန္ကုန္တိုင္း မႈခင္းစာရင္းဌာန အခ်က္အလက္အရသိရပါတယ္။


အဆိုပါ ၄၀၃ ဦးကို အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက လိုအပ္ခ်က္အရ ထုတ္ျပန္တဲ့ေဒသႏၲအမိန႔္ အရ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၁၈၈ နဲ႔ အေရးယူခဲ့ၿပီး သက္ဆိုင္ရာၿမိဳ႕နယ္တရား႐ုံးေတြက အလုပ္နဲ႔ေထာင္ဒဏ္ တစ္လအမိန႔္ခ်မွတ္ကာ အင္းစိန္အက်ဥ္းေထာင္မွာ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားတယ္လို႔ မႈခင္းစာရင္းဌာန မွ တာဝန္ရွိ ရဲအရာရွိတစ္ဦးက Duwun ကိုေျပာပါတယ္။


“ ကြၽန္ေတာ္တို႔က အလုပ္ကိစၥ အေၾကာင္းျပခ်က္ ခိုင္လုံတယ္၊ ေထာက္ခံခ်က္ပါတယ္ဆိုရင္ေတာ့ ခြင့္ျပဳေပးပါတယ္။ဒါေပမယ့္ အေၾကာင္းျပခ်က္ မခိုင္လုံဘဲ အျပင္ထြက္တာမ်ိဳးဆိုရင္ေတာ့ မရပါဘူး။ အဓိကက ေထြအုပ္က ဖမ္းတယ္။ ညဘက္ဖမ္းတယ္ဆိုရင္ မနက္ဘက္ တရား႐ုံးကိုပို႔တာပါ။” လို႔ အဆိုပါ ရဲအရာရွိက ေျပာပါတယ္။


ဖမ္းဆီးခဲ့တဲ့ၿမိဳ႕နယ္ေတြကေတာ့ မဂၤလာေတာင္ၫႊန႔္၊ အင္းစိန္၊ တာေမြ၊ သဃၤန္းကြၽန္း၊ ေတာင္ဥကၠလာ၊ ကမာ႐ြတ္၊ ေက်ာက္တန္း၊ တြံေတး၊ ကြမ္းၿခံကုန္း၊ ေတာင္ဒဂုံ၊ ဒဂုံဆိပ္ကမ္း၊ ဒလ၊ သုံးခြ၊ တိုက္ႀကီး၊ ဆိတ္ႀကီးခေနာင္တို၊ ခရမ္း၊ ေ႐ႊျပည္သာ၊ မဂၤလာဒုံ၊ ေကာ့မႉးစတဲ့ၿမိဳ႕နယ္ေတြျဖစ္ပါတယ္။ဒီလို ညမထြက္ရအမိန႔္ရွိေနေပမယ့္လည္း ရံဖန္ရံခါမွာ မိသားစုအေရးေပၚကိစၥ၊ အလုပ္ကိစၥေတြေၾကာင့္ လမ္းေပၚကို ေခတၱခဏထြက္လာသူေတြပါ ဖမ္းဆီးအေရးယူခံရမႈေတြရွိေနၿပီး အလုပ္နဲ႔ ေထာင္ဒဏ္ တစ္လခ်မွတ္လိုက္တာက မွ်တမႈမရွိဘူးလို႔ ဖမ္းဆီးခံရသူအခ်ိဳ႕ရဲ႕ မိသားစုဝင္ေတြက ေျပာပါတယ္။

“ ကြၽန္မေမာင္ေလးက ႐ုံးမွာပဲ ေနေနတာေပါ့။ တစ္ရက္ သူက ည၁၀ နာရီ ၁၀ မိနစ္ေလာက္ေက်ာ္သြားတဲ့အခ်ိန္မွာ ႐ုံးအျပင္ဘက္ကို ခဏထြက္လိုက္တယ္။ အဲဒီမွာ ရဲက ေရာက္လာၿပီးေတာ့ ေခၚသြားတယ္။ တာေမြရဲစခန္းမွာ တစ္ညအိပ္ၿပီး မနက္ေရာက္ေတာ့ တရား႐ုံးမွာ တစ္လ အမိန႔္ခ်လိုက္ပါတယ္။ ကြၽန္မတို႔ မိသားစုဝင္ေတြလည္း မေတြ႕ရဘူး။ ျပစ္ဒဏ္ ခ်တာဆိုေပမယ့္ အလုပ္နဲ႔ ေထာင္ဒဏ္တစ္လဆိုတာက မ်ားလြန္းတယ္။ ဒီျပစ္ဒဏ္ကို တစ္ပတ္၊ ဆယ္ရက္ေလာက္ျဖစ္ျဖစ္ ေလွ်ာ့ေစခ်င္ပါတယ္” လို႔ ဖမ္းဆီးခံရသူတစ္ဦးရဲ႕ အစ္မေတာ္စပ္သူ မသီတာက ေျပာျပပါတယ္။ဒါ့အျပင္ ေမလ ၁၃ ရက္က ေန စတင္ၿပီး ကူးစက္ေရာဂါမ်ားကာကြယ္ႏွိမ္နင္းေရးဥပေဒအရ ႏွာေခါင္းစည္းမပါဘဲ အျပင္ထြက္လာသူေတြကို ဒဏ္ေငြ ၅၀၀၀ ဒဏ္ေၾကးေကာက္ခဲ့ရာမွာ ေမလ ၁၄ ရက္ေန႔အထိ အမႈေပါင္း ၁၇၉ မႈရွိခဲ့ၿပီး လူဦးေရ ၂၈၀ ကို ဒဏ္ေၾကးေကာက္ခံခဲ့တယ္လို႔လည္းသိရပါတယ္။

ဓူ၀ံ

Post a Comment

Previous Post Next Post