(Unicode)

ရန်ကုန်၊ မေ ၃၁ ရက်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ထာလ်မွာလ်ကျေးရွာနှင့် တွီးထန် တံတားကြားတွင် ယနေ့ (မေ ၃၁ ရက်) နံနက် အစောပိုင်း၌ ဆန်အိတ်များ တင်ဆောင် လာသော မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက် ပေ (၁၀၀) ခန့် ချောက်ထဲသို့ ထိုးကျသွားခဲ့ရာ ယာဉ်ပေါ်ပါ လူ(၂) ဦး သေဆုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။



ကလေးမြို့မှ ထာလ်မွာလ်ကျေးရွာသို့ ဆန်အိတ်များ တင်ဆောင်လာသော မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဝဲဘက် ပေ (၁၀၀) ခန့် ချောက်ထဲသို့ ထိုးကျခဲ့ကြောင်း၊ အဆိုပါ ချောက်အတွင်း ထိုးကျသွားသော ကုန်တင်ယာဉ်အား တီးတိန်မြို့နယ် မီးသတ်စခန်းနှင့် တွီးထန်နယ်မြေ မီးသတ်စခန်းရှိ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


ယင်း ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသွားသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ကျား (၂ ) ဦး အား SHALOM လူငယ် လူမှုကူညီရေး အသင်းပိုင်ယာဉ်ဖြင့် တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Source – Xinhua

(Zawgyi)

ရန္ကုန္၊ ေမ ၃၁ ရက္

ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္၊ ထာလ္မြာလ္ေက်း႐ြာႏွင့္ တြီးထန္ တံတားၾကားတြင္ ယေန႔ (ေမ ၃၁ ရက္) နံနက္ အေစာပိုင္း၌ ဆန္အိတ္မ်ား တင္ေဆာင္ လာေသာ ေမာ္ေတာ္ယာဥ္သည္ အရွိန္မထိန္းႏိုင္ဘဲ လမ္း၏ဝဲဘက္ ေပ (၁၀၀) ခန႔္ ေခ်ာက္ထဲသို႔ ထိုးက်သြားခဲ့ရာ ယာဥ္ေပၚပါ လူ(၂) ဦး ေသဆုံးခဲ့ေၾကာင္း မီးသတ္ဦးစီးဌာနထံမွ သိရသည္။


ကေလးၿမိဳ႕မွ ထာလ္မြာလ္ေက်း႐ြာသို႔ ဆန္အိတ္မ်ား တင္ေဆာင္လာေသာ ေမာ္ေတာ္ယာဥ္သည္ အရွိန္မထိန္းႏိုင္ဘဲ လမ္း၏ ဝဲဘက္ ေပ (၁၀၀) ခန႔္ ေခ်ာက္ထဲသို႔ ထိုးက်ခဲ့ေၾကာင္း၊ အဆိုပါ ေခ်ာက္အတြင္း ထိုးက်သြားေသာ ကုန္တင္ယာဥ္အား တီးတိန္ၿမိဳ႕နယ္ မီးသတ္စခန္းႏွင့္ တြီးထန္နယ္ေျမ မီးသတ္စခန္းရွိ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္မ်ားက ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား သြားေရာက္ကူညီေဆာင္႐ြက္ ေပးခဲ့ေၾကာင္း သိရသည္။


ယင္း ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ေသဆုံးသြားသည့္ ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္ က်ား (၂ ) ဦး အား SHALOM လူငယ္ လူမႈကူညီေရး အသင္းပိုင္ယာဥ္ျဖင့္ တီးတိန္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Source – Xinhua

Post a Comment

Previous Post Next Post