(Unicode)

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် မော်တော်ယာဉ် လိုင်စင်အတုများနှင့် လိုင်စင်အတုပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မှုခင်းရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၄ ရက် ညနေ ၅ နာရီတွင် လူမှု ကွန်ရက်စာမျက်နှာ၌ အောင်ချမ်းသာအကောင့်ဖြင့် မော်တော်ယာဉ်နှင့် ပတ်သက်၍ လိုင်စင်/ နံပါတ်ပြားများ အတု ပြုလုပ်ရောင်းချနေကြောင်း သတင်းအရ မဟာ အောင်မြေမြို့နယ်၊ သိပ္ပံလမ်းနှင့် (၇၃)လမ်းထောင့်၌ အသွင်ယူဖမ်းဆီးခဲ့ရာ ချမ်းမြသာစည်မြို့နယ် ညောင်ကန် ကျောင်းတိုက်နေ ထွန်းလင်းအောင်(၂၄နှစ်) အား မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်၊ ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ်၊ ဘီးခွန်၊ မှန်ကပ်စတေကာ၊ နံပါတ်ပြား၊ ပရီမီယံ ပေးသွင်းမှုမှတ်တမ်းစာအုပ်အတုများ ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း ၁၀ မျိုးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။



၎င်းအား စစ်မေးရာ ယင်းပစ္စည်းများအား စစ်ကိုင်း မြို့နယ် ဝါးချက်ကျေးရွာအုပ်စု စစ်ကိုင်းတောင်ရိုးရှိ အောင်မြေရတနာ ဘုန်းကြီးကျောင်းတွင် ကျော်ရဲအောင်ပါ လေးဦးနှင့်အတူ ပြုလုပ်ခဲ့ကြောင်း သိရှိရသဖြင့် သွားရောက် ရှာဖွေရာ အောင်မြေရတနာဘုန်းကြီးကျောင်း အောက်ထပ် သစ်သားကွပ်ပျစ်ပေါ်၌ ယာဉ်အမှတ်မျိုးစုံပါ ယာဉ်နံပါတ်ပြားအတု ၅၁ ချပ်၊ ဆေးမသုတ်ရသေးသည့် ယာဉ်နံပါတ်ပြား အတု ၁၇ ချပ်၊ ကညနတံဆိပ်ပါ ယာဉ်မှတ်ပုံတင်သက်သေခံ လက်မှတ်အတု ၅၅ ခု၊ ဘီးခွန်စာရွက်အတု ၁၆ ရွက်၊ ယာဉ်မောင်းလိုင်စင်အတု ခြောက်ခု၊ နံပါတ်မျိုးစုံပါ မော်တော်ယာဉ် မှတ်ပုံတင်စာအုပ်အတု ၁၅ အုပ်၊ ပရီမီယံပေးသွင်းမှု မှတ်တမ်းစာအုပ်အတု ၁၁၅ အုပ်၊ မင်နှိပ်တံဆိပ်တုံး မျိုးစုံ ၂၅ ခု၊ စက်/ဘောင်အမှတ်များ ခြစ်ရာတွင် အသုံးပြုသည့် အက္ခရာ/နံပါတ်များပါသော ဆပ်ပြာတုံး ခြောက်တုံး၊ lenovo အမျိုးအစား laptop တစ်လုံးနှင့် မော်တော်ယာဉ် လိုင်စင်အတုပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိခဲ့ပြီး မေ ၂၅ ရက် ည ၁၂ နာရီ ၅၅ မိနစ်က ထွန်းလင်းအောင် (မိ) နှင့် ကျော်ရဲအောင်ပါ လေးဦး (မမိ)တို့အား မဟာအောင်မြေ မြို့မရဲစခန်း (ပ) ၃၇၅/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၄၂၀/ ၄၆၈/၄၇၁ ဖြင့် အမှုဖွင့်ပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#TheMandalayNewsJournal

(Zawgyi)

မႏၲေလးတိုင္းေဒသႀကီး၊ မဟာေအာင္ေျမၿမိဳ့နယ္တြင္ ေမာ္ေတာ္ယာဥ္ လိုင္စင္အတုမ်ားႏွင့္ လိုင္စင္အတုျပဳလုပ္ရာတြင္ အသုံးျပဳသည့္ ဆက္စပ္ပစၥည္းမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ မွုခင္းရဲတပ္ဖြဲ႕မွ ရဲတပ္ဖြဲ႕မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ေမ ၂၄ ရက္ ညေန ၅ နာရီတြင္ လူမွု ကြန္ရက္စာမ်က္ႏွာ၌ ေအာင္ခ်မ္းသာအေကာင့္ျဖင့္ ေမာ္ေတာ္ယာဥ္ႏွင့္ ပတ္သက္၍ လိုင္စင္/ နံပါတ္ျပားမ်ား အတု ျပဳလုပ္ေရာင္းခ်ေနေၾကာင္း သတင္းအရ မဟာ ေအာင္ေျမၿမိဳ့နယ္၊ သိပၸံလမ္းႏွင့္ (၇၃)လမ္းေထာင့္၌ အသြင္ယူဖမ္းဆီးခဲ့ရာ ခ်မ္းျမသာစည္ၿမိဳ့နယ္ ေညာင္ကန္ ေက်ာင္းတိုက္ေန ထြန္းလင္းေအာင္(၂၄ႏွစ္) အား ေမာ္ေတာ္ယာဥ္မွတ္ပုံတင္စာအုပ္၊ ယာဥ္မွတ္ပုံတင္ သက္ေသခံ လက္မွတ္၊ ဘီးခြန္၊ မွန္ကပ္စေတကာ၊ နံပါတ္ျပား၊ ပရီမီယံ ေပးသြင္းမွုမွတ္တမ္းစာအုပ္အတုမ်ား ျပဳလုပ္ရာတြင္ အသုံးျပဳသည့္ ဆက္စပ္ပစၥည္း ၁၀ မ်ိဳးႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။



၎အား စစ္ေမးရာ ယင္းပစၥည္းမ်ားအား စစ္ကိုင္း ၿမိဳ့နယ္ ဝါးခ်က္ေက်းရြာအုပ္စု စစ္ကိုင္းေတာင္ရိုးရွိ ေအာင္ေျမရတနာ ဘုန္းႀကီးေက်ာင္းတြင္ ေက်ာ္ရဲေအာင္ပါ ေလးဦးႏွင့္အတူ ျပဳလုပ္ခဲ့ေၾကာင္း သိရွိရသျဖင့္ သြားေရာက္ ရွာေဖြရာ ေအာင္ေျမရတနာဘုန္းႀကီးေက်ာင္း ေအာက္ထပ္ သစ္သားကြပ္ပ်စ္ေပၚ၌ ယာဥ္အမွတ္မ်ိဳးစုံပါ ယာဥ္နံပါတ္ျပားအတု ၅၁ ခ်ပ္၊ ေဆးမသုတ္ရေသးသည့္ ယာဥ္နံပါတ္ျပား အတု ၁၇ ခ်ပ္၊ ကညနတံဆိပ္ပါ ယာဥ္မွတ္ပုံတင္သက္ေသခံ လက္မွတ္အတု ၅၅ ခု၊ ဘီးခြန္စာရြက္အတု ၁၆ ရြက္၊ ယာဥ္ေမာင္းလိုင္စင္အတု ေျခာက္ခု၊ နံပါတ္မ်ိဳးစုံပါ ေမာ္ေတာ္ယာဥ္ မွတ္ပုံတင္စာအုပ္အတု ၁၅ အုပ္၊ ပရီမီယံေပးသြင္းမွု မွတ္တမ္းစာအုပ္အတု ၁၁၅ အုပ္၊ မင္ႏွိပ္တံဆိပ္တုံး မ်ိဳးစုံ ၂၅ ခု၊ စက္/ေဘာင္အမွတ္မ်ား ျခစ္ရာတြင္ အသုံးျပဳသည့္ အကၡရာ/နံပါတ္မ်ားပါေသာ ဆပ္ျပာတုံး ေျခာက္တုံး၊ lenovo အမ်ိဳးအစား laptop တစ္လုံးႏွင့္ ေမာ္ေတာ္ယာဥ္ လိုင္စင္အတုျပဳလုပ္ရာတြင္ အသုံးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားအား ထပ္မံသိမ္းဆည္းရမိခဲ့ၿပီး ေမ ၂၅ ရက္ ည ၁၂ နာရီ ၅၅ မိနစ္က ထြန္းလင္းေအာင္ (မိ) ႏွင့္ ေက်ာ္ရဲေအာင္ပါ ေလးဦး (မမိ)တို့အား မဟာေအာင္ေျမ ၿမိဳ့မရဲစခန္း (ပ) ၃၇၅/၂၀၂၀၊ ရာဇသတ္ႀကီး ပုဒ္မ ၄၂၀/ ၄၆၈/၄၇၁ ျဖင့္ အမွုဖြင့္ၿပီး ကြင္းဆက္ျပစ္မွုက်ဴးလြန္သူ ဖမ္းဆီးရမိေရး ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
#TheMandalayNewsJournal

Post a Comment

Previous Post Next Post