(Unicode)

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ COVID-19 ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာ ၁ ဦး စစ်ဆေးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ည ထုတ်ပြန်ပါတယ်။အဆိုပါလူနာသစ်ဟာ မလေးရှားက ပြန်လာတဲ့ အသက် ၃၅ နှစ်အရွယ်အမျိုးသား တဦးဖြစ်ပြီး အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့တာမရှိပေမဲ့ သံတွဲမြို့နယ်မှာ အသွားအလာကန့်သတ် စောင့်ကြည့်ခံထားရသူ ဖြစ်ပါတယ်။



ဒီကနေ့ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၁၇၀) ခုနဲ့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၁၈၈) ခု၊ စုစုပေါင်း (၃၅၈) ခုတို့အား စစ်ဆေးပြီးစီးခဲ့ရာမှာ လူနာသစ် ၁ ဦးတွေ့ရှိရတာပါ။



မေလ ၁၈ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၈၈ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၁၀၁ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၈၈ ဦး ရှိတယ်လို ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီဗွီဘီ

(Zawgyi)

ရခိုင္ျပည္နယ္၊ သံတြဲၿမိဳ႕နယ္မွာ COVID-19 ေရာဂါကူးစက္ခံရတဲ့ အတည္ျပဳလူနာ ၁ ဦး စစ္ေဆးေတြ႕ရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီကေန႔ည ထုတ္ျပန္ပါတယ္။အဆိုပါလူနာသစ္ဟာ မေလးရွားက ျပန္လာတဲ့ အသက္ ၃၅ ႏွစ္အ႐ြယ္အမ်ိဳးသား တဦးျဖစ္ၿပီး အတည္ျပဳလူနာေတြနဲ႔ ထိေတြ႕ခဲ့တာမရွိေပမဲ့ သံတြဲၿမိဳ႕နယ္မွာ အသြားအလာကန႔္သတ္ ေစာင့္ၾကည့္ခံထားရသူ ျဖစ္ပါတယ္။


ဒီကေန႔ ေဆးသုေတသနဦးစီးဌာန (DMR) မွ ဓာတ္ခြဲနမူနာ (၁၇၀) ခုနဲ႔ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) (NHL) မွ ပထမအသုတ္အျဖစ္ ဓာတ္ခြဲနမူနာ (၁၈၈) ခု၊ စုစုေပါင္း (၃၅၈) ခုတို႔အား စစ္ေဆးၿပီးစီးခဲ့ရာမွာ လူနာသစ္ ၁ ဦးေတြ႕ရွိရတာပါ။


ေမလ ၁၈ ရက္ ည ၈ နာရီအထိ ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါ ဓာတ္ခြဲ အတည္ျပဳလူနာ ၁၈၈ ဦး၊ ေသဆုံးသူ ၆ ဦး၊ ေရာဂါပိုးကင္းစင္လာသူ ၁၀၁ ဦး၊ ေဆး႐ုံမွ ဆင္းခြင့္ျပဳခဲ့သူ ၈၈ ဦး ရွိတယ္လို က်န္းမာေရးဌာန ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ဒီဗီြဘီ

Post a Comment

Previous Post Next Post