(Unicode)

ပါကစ္စတန်နိုင်ငံမှာ သစ်ပင် ၁၀ဘီလီယံ ဆူနာမီ စီမံကိန်း 10 Billion Tree Tsunami project လုပ်နေ ပါတယ်။ ယခုအခါ အလုပ်လက်မဲ့ဖြစ်ရသူ ခြောက်သောင်းသုံးထောင်ကို အလုပ်ပေးထားပြီး အဆိုပါ အပင်များ လိုက်လံ စိုက်ပျိုးနေစေလျက် ရှိပါတယ်။

ပါကစ္စတန်မှာ COVID-19 ကြောင့် ပိတ်ဆို့ထိန်းချုပ်မှု lockdown များ လုပ်ထားတာမို့ အလုပ်မရှိသူများဟာ ကိုယ့်ရပ်ရွာထဲမှာပဲ အပင်တွေ စိုက်နေကြပါတယ်။


တစ်နေ့လုပ်တစ်နေ့စား အများအပြားကို အစိုးရက သစ်ပင်စိုက်ခိုင်းထားပြီး တစ်ရက်ကို ရူပီး ၅၀ဝ ပေးပါတယ်။ ဒါဟာ မြန်မာငွေ ငါးထောင် လောက်ရှိပါတယ်။

“ကျွန်တော် ဒီက ရတဲ့ ငွေလေးနဲ့ မိသားစု စားဝတ်နေရေး ဖြေရှင်းပါတယ်” လို့ တစ်နေ့လုပ်တစ်နေ့စား တစ်ဦးဖြစ်သူ ရာမန် က Reuters သတင်းဌာနကို ပြောကြားပါတယ်။



ပါကစ္စတန်ဝန်ကြီးချုပ် အင်မရမ်ခန်း က တစ်တိုင်းပြည်လုံးကို သစ်ပင်အရေအတွက် ၁၀ ဘီလီယံ စိုက်ပျိုးမယ်လို့ စီမံကိန်းချထားတာ ဖြစ်ပါတယ်။

အပင်ပေါက်များ ပျိုးခြင်း၊ ရေလောင်းခြင်း၊ စိုက်ပျိုးခြင်းများကို နေ့စဉ်လုပ်ဆောင်နေပြီး ရူပီး ၅၀ဝ ကနေ ရူပီး ၈၀ဝ ကြား ပေးပါသတဲ့။

#GoodNewsInternational

(Zawgyi)

ပါကစၥတန္ႏိုင္ငံမွာ သစ္ပင္ ၁၀ဘီလီယံ ဆူနာမီ စီမံကိန္း 10 Billion Tree Tsunami project လုပ္ေန ပါတယ္။ ယခုအခါ အလုပ္လက္မဲ့ျဖစ္ရသူ ေျခာက္ေသာင္းသုံးေထာင္ကို အလုပ္ေပးထားၿပီး အဆိုပါ အပင္မ်ား လိုက္လံ စိုက္ပ်ိဳးေနေစလ်က္ ရွိပါတယ္။

ပါကစၥတန္မွာ COVID-19 ေၾကာင့္ ပိတ္ဆို႔ထိန္းခ်ဳပ္မႈ lockdown မ်ား လုပ္ထားတာမို႔ အလုပ္မရွိသူမ်ားဟာ ကိုယ့္ရပ္႐ြာထဲမွာပဲ အပင္ေတြ စိုက္ေနၾကပါတယ္။


တစ္ေန႔လုပ္တစ္ေန႔စား အမ်ားအျပားကို အစိုးရက သစ္ပင္စိုက္ခိုင္းထားၿပီး တစ္ရက္ကို ႐ူပီး ၅၀ဝ ေပးပါတယ္။ ဒါဟာ ျမန္မာေငြ ငါးေထာင္ ေလာက္ရွိပါတယ္။

“ကြၽန္ေတာ္ ဒီက ရတဲ့ ေငြေလးနဲ႔ မိသားစု စားဝတ္ေနေရး ေျဖရွင္းပါတယ္” လို႔ တစ္ေန႔လုပ္တစ္ေန႔စား တစ္ဦးျဖစ္သူ ရာမန္ က Reuters သတင္းဌာနကို ေျပာၾကားပါတယ္။



ပါကစၥတန္ဝန္ႀကီးခ်ဳပ္ အင္မရမ္ခန္း က တစ္တိုင္းျပည္လုံးကို သစ္ပင္အေရအတြက္ ၁၀ ဘီလီယံ စိုက္ပ်ိဳးမယ္လို႔ စီမံကိန္းခ်ထားတာ ျဖစ္ပါတယ္။

အပင္ေပါက္မ်ား ပ်ိဳးျခင္း၊ ေရေလာင္းျခင္း၊ စိုက္ပ်ိဳးျခင္းမ်ားကို ေန႔စဥ္လုပ္ေဆာင္ေနၿပီး ႐ူပီး ၅၀ဝ ကေန ႐ူပီး ၈၀ဝ ၾကား ေပးပါသတဲ့။

#GoodNewsInternational

Post a Comment

Previous Post Next Post