(Unicode)

ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့တာပါ။ဒီကနေ့ မေလ ၁၅ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ မီတာခတွေ အဆမတန် ကျသင့်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းရာ သုံးစွဲနေသူတွေရဲ့ Rate ကြောင့် မီတာခတွေ တက်တာ ဖြစ်နိုင်သလို မီတာဖတ်သူတွေ ရဲ့ အားနည်းချက်ကြောင့်လည်း ဖြစ်နိုင်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနရဲ့ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်(လျှပ်စစ်) က ပြောကြားသွားခဲ့ပါတယ်။

“”ကျွန်တော်တို့ မီတာသမားတွေရဲ့ အားနည်းချက်တွေ ရှိခဲ့ပါတယ်။ ရှိခဲ့လို့လည်း တစ်ဖက်က သူတို့ကို ပြန်ကြည့်ရင် သူတို့ကို အရေးယူမယ့် အပိုင်းကို ပြန်ကြည့်ရင် သူတို့က ဝန်နဲ့အားနဲ့ မမျှဘူး။ အိမ် ၈၀၀ ကို တစ်ယောက်ကောက်ရမယ့်ဟာ အိမ် ၂၀၀၀ ကို တစ်ယောက်တည်း လိုက်ကောက်ရတယ်။ နောက်ပီး ရက်ကန့်သတ်ချက်အတိုင်း ကောက်ရတယ်။ မကောက်နိုင်ရင် ဘေလ်မဝင်နိုင်ဘူး။ ဒီတော့ မီတာသမားတွေရဲ့ အားနည်းချက်တွေလည်း ရှိခဲ့ပါတယ်။ နောက်လတွေမှာဆိုရင် ဒီလိုတွေမဖြစ်သွားအောင်စီစဉ်ဆောင်ရွက်ပေးသွားပါမယ်” လို့ သူက ပြောသွားခဲ့ပါတယ်။တခြားတစ်ဖက်မှာလည်း ပြည်သူလူထုက အသုံးများသွားပြီး ထပ်တိုးသွားတဲ့ သုံးစွဲမှုက နှုန်းထားမြင့်တဲ့အထဲကို ပါသွားတာကြောင့်လည်း မီတာခ များသွားတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။



“တစ်ဖက်ကသုံးသပ်တဲ့အခါမှာ ငွေဘာကြောင့်များသွားတယ်လို့ဖြစ်သွားလဲဆိုရင် ကျွန်တော်က ၃ဝဝ ယူနစ် သုံးလိုက်တယ်ဆိုပါစို့၊ ဆိုရင်ကျွန်တော်တို့က တစ်ယူနစ်က ၃ဝထိ ၃၅ကျပ် နှုန်းနဲ့ ၃ဝယူနစ် ကိုပိုင်းခြားလိုက်တယ်။ ၃၁ကနေ ၅၀ ထိ၊ ၅ဝနှုန်း၊ ၅၁ယူနစ်ကနေ ၇၅အထိ က ၇ဝနှုန်း၊ ၇၆ယူနစ်က၁၀၀ အထိက ၉ဝနှုန်း၊၁၀၁ကနေ ၁၁၀ အထိက ၁၅ဝနှုန်းနဲ့၊ ၁၅၁ အထက်သုံးတာမှန်သမျှက ၁၂ဝနှုန်းနဲ့ဆောင် ရမှာဖြစ်တယ်။ ဆိုလိုတဲ့သဘောက ကျွန်တော်အဲယားကွန်းဖွင့်လိုက်မိတယ်။ အရင်ကအဲကွန်း တစ်လုံးပဲ သုံးတယ်။ နှစ်လုံးဖွင့်တယ်။ ဘယ် rate ထဲကိုပါသွားမလဲ။ ၁၅၁ယူနစ်ထဲပါသွားတဲ့အတွက်၁၂ဝနှုန်းနဲ့ပါသွားတယ်။ဒါကိုသုံးစွဲသူတွေက သတိချပ်ဖို့လိုပါတယ်။ မီတာသုံးတာကိုခြိုးခြံစေချင်တယ်။” လို့ သူက ဆက်ပြောပါတယ်။”



Covid-19 ကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး အရေးကြီးကာလအတွင်း ပြည်သူတွေအဆင်ပြေစေဖို့အတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု(၁၅၀) ယူနစ် ကင်းလွတ်ခွင့် ဧပြီလကုန်အထိ ပေးမှာဖြစ်တဲ့အကြောင်း အစိုးရက ကြေညာခဲ့ပြီးတဲ့နောက် မီတာခတွေ အဆမတန် တက်လာခဲ့တာကြောင့် ပြည်သူလူထုကြား မကျေနပ်မှုတွေ များပြားလာကြပါတယ်။ ဒီလို ဖြစ်ပေါ်လာမှုတွေအပေါ် ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ရှင်းလင်းပြောကြားလာတာ ဖြစ်ပါတယ်။Covid-19 ကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး အရေးကြီးကာလအတွင်း ပြည်သူတွေအဆင်ပြေစေဖို့အတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု(၁၅၀) ယူနစ် ကင်းလွတ်ခွင့် ဧပြီလကုန်အထိ ပေးမှာဖြစ်တဲ့အကြောင်း အစိုးရက ဧပြီလ ၆ ရက်နေ့က ကြေညာခဲ့တာဖြစ်ပါတယ်။ ထပ်မံပြီး ယခု မေလအတွက်လည်း ပြည်သူတွေရဲ့ အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၇၅ ယူနစ်လျှော့ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Credit Duwun

(Zawgyi)

ဒီကေန႔ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားခဲ့တာပါ။ဒီကေန႔ ေမလ ၁၅ရက္ေန႔မွာ က်င္းပျပဳလုပ္တဲ့ လွ်ပ္စစ္ႏွင့္စြမ္းအင္ ဝန္ႀကီးဌာနရဲ႕ သတင္းစာရွင္းလင္းပြဲမွာ မီတာခေတြ အဆမတန္ က်သင့္ေနတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး ေမးျမန္းရာ သုံးစြဲေနသူေတြရဲ႕ Rate ေၾကာင့္ မီတာခေတြ တက္တာ ျဖစ္ႏိုင္သလို မီတာဖတ္သူေတြ ရဲ႕ အားနည္းခ်က္ေၾကာင့္လည္း ျဖစ္ႏိုင္ေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္ ဝန္ႀကီးဌာနရဲ႕ ဒုတိယ အၿမဲတမ္းအတြင္းဝန္ ဦးစိုးျမင့္(လွ်ပ္စစ္) က ေျပာၾကားသြားခဲ့ပါတယ္။

“”ကြၽန္ေတာ္တို႔ မီတာသမားေတြရဲ႕ အားနည္းခ်က္ေတြ ရွိခဲ့ပါတယ္။ ရွိခဲ့လို႔လည္း တစ္ဖက္က သူတို႔ကို ျပန္ၾကည့္ရင္ သူတို႔ကို အေရးယူမယ့္ အပိုင္းကို ျပန္ၾကည့္ရင္ သူတို႔က ဝန္နဲ႔အားနဲ႔ မမွ်ဘူး။ အိမ္ ၈၀၀ ကို တစ္ေယာက္ေကာက္ရမယ့္ဟာ အိမ္ ၂၀၀၀ ကို တစ္ေယာက္တည္း လိုက္ေကာက္ရတယ္။ ေနာက္ပီး ရက္ကန႔္သတ္ခ်က္အတိုင္း ေကာက္ရတယ္။ မေကာက္ႏိုင္ရင္ ေဘလ္မဝင္ႏိုင္ဘူး။ ဒီေတာ့ မီတာသမားေတြရဲ႕ အားနည္းခ်က္ေတြလည္း ရွိခဲ့ပါတယ္။ ေနာက္လေတြမွာဆိုရင္ ဒီလိုေတြမျဖစ္သြားေအာင္စီစဥ္ေဆာင္႐ြက္ေပးသြားပါမယ္” လို႔ သူက ေျပာသြားခဲ့ပါတယ္။တျခားတစ္ဖက္မွာလည္း ျပည္သူလူထုက အသုံးမ်ားသြားၿပီး ထပ္တိုးသြားတဲ့ သုံးစြဲမႈက ႏႈန္းထားျမင့္တဲ့အထဲကို ပါသြားတာေၾကာင့္လည္း မီတာခ မ်ားသြားတာ ျဖစ္ႏိုင္တယ္လို႔ သုံးသပ္ေျပာၾကားခဲ့ပါတယ္။


“တစ္ဖက္ကသုံးသပ္တဲ့အခါမွာ ေငြဘာေၾကာင့္မ်ားသြားတယ္လို႔ျဖစ္သြားလဲဆိုရင္ ကြၽန္ေတာ္က ၃ဝဝ ယူနစ္ သုံးလိုက္တယ္ဆိုပါစို႔၊ ဆိုရင္ကြၽန္ေတာ္တို႔က တစ္ယူနစ္က ၃ဝထိ ၃၅က်ပ္ ႏႈန္းနဲ႔ ၃ဝယူနစ္ ကိုပိုင္းျခားလိုက္တယ္။ ၃၁ကေန ၅၀ ထိ၊ ၅ဝႏႈန္း၊ ၅၁ယူနစ္ကေန ၇၅အထိ က ၇ဝႏႈန္း၊ ၇၆ယူနစ္က၁၀၀ အထိက ၉ဝႏႈန္း၊၁၀၁ကေန ၁၁၀ အထိက ၁၅ဝႏႈန္းနဲ႔၊ ၁၅၁ အထက္သုံးတာမွန္သမွ်က ၁၂ဝႏႈန္းနဲ႔ေဆာင္ ရမွာျဖစ္တယ္။ ဆိုလိုတဲ့သေဘာက ကြၽန္ေတာ္အဲယားကြန္းဖြင့္လိုက္မိတယ္။ အရင္ကအဲကြန္း တစ္လုံးပဲ သုံးတယ္။ ႏွစ္လုံးဖြင့္တယ္။ ဘယ္ rate ထဲကိုပါသြားမလဲ။ ၁၅၁ယူနစ္ထဲပါသြားတဲ့အတြက္၁၂ဝႏႈန္းနဲ႔ပါသြားတယ္။ဒါကိုသုံးစြဲသူေတြက သတိခ်ပ္ဖို႔လိုပါတယ္။ မီတာသုံးတာကိုၿခိဳးၿခံေစခ်င္တယ္။” လို႔ သူက ဆက္ေျပာပါတယ္။”

Covid-19 ကာကြယ္ထိန္းခ်ဳပ္ေရးနဲ႔ ပတ္သက္ၿပီး အေရးႀကီးကာလအတြင္း ျပည္သူေတြအဆင္ေျပေစဖို႔အတြက္ အိမ္သုံးအမ်ိဳးအစား လွ်ပ္စစ္ဓာတ္အားသုံးစြဲမႈ(၁၅၀) ယူနစ္ ကင္းလြတ္ခြင့္ ဧၿပီလကုန္အထိ ေပးမွာျဖစ္တဲ့အေၾကာင္း အစိုးရက ေၾကညာခဲ့ၿပီးတဲ့ေနာက္ မီတာခေတြ အဆမတန္ တက္လာခဲ့တာေၾကာင့္ ျပည္သူလူထုၾကား မေက်နပ္မႈေတြ မ်ားျပားလာၾကပါတယ္။ ဒီလို ျဖစ္ေပၚလာမႈေတြအေပၚ ဒီကေန႔ သတင္းစာ ရွင္းလင္းပြဲမွာ ရွင္းလင္းေျပာၾကားလာတာ ျဖစ္ပါတယ္။Covid-19 ကာကြယ္ထိန္းခ်ဳပ္ေရးနဲ႔ ပတ္သက္ၿပီး အေရးႀကီးကာလအတြင္း ျပည္သူေတြအဆင္ေျပေစဖို႔အတြက္ အိမ္သုံးအမ်ိဳးအစား လွ်ပ္စစ္ဓာတ္အားသုံးစြဲမႈ(၁၅၀) ယူနစ္ ကင္းလြတ္ခြင့္ ဧၿပီလကုန္အထိ ေပးမွာျဖစ္တဲ့အေၾကာင္း အစိုးရက ဧၿပီလ ၆ ရက္ေန႔က ေၾကညာခဲ့တာျဖစ္ပါတယ္။ ထပ္မံၿပီး ယခု ေမလအတြက္လည္း ျပည္သူေတြရဲ႕ အိမ္သုံးအမ်ိဳးအစား လွ်ပ္စစ္ဓာတ္အားသုံးစြဲမႈ ၇၅ ယူနစ္ေလွ်ာ့ေပးသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

Credit Duwun

Post a Comment

Previous Post Next Post