(Unicode)


ပေါင်မြို့နယ်အတွင်း ကျပ်သိန်း ၃၅၀၀ တန်ဖိုးရှိ သစ်ခွဲသားပုံကြီးသည် တရားမဝင်သစ်များဖြစ်နေ၍ မေလ ၂၈ ရက်နေ့ စစ်ဘက်နှင့် သစ်တောဦးစီးဌာနက ဖမ်းဆီးခဲ့ကြောင်းနှင့် ပိုင်ရှင်ကိုတော့ ဆက်လက်စုံစမ်းနေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။

မွန်ပြည်နယ် ပေါင်မြို့နယ် ကြက်တူရွေးတေင်ကျေးရွာ၏ အရှေ့ဘက် မီတာ ၁၀၀ ခန့်အကွာ ဒုံသမိချောင်းအနီး၌ စုပုံထားသော ပိတောက်သစ်ခွဲသားဆိုင်ဒ်စုံ တန် ၁၀၀ ခန့်ရှိကို သတင်းပေးတိုင်တန်းချက်အရ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။




ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ မွန်ပြည်နယ်ဘက်မှာ လုပ်နေတာကြာပြီဗျ၊ ဒီပိတောက်သစ်တွေနဲ့ပတ်သက်ပြီး လုပ်နေတာကြာပြီ။ သတင်းရတဲ့အတွက်ကြောင့် ကျွန်တော်တို့ နယ်မြေခံလုံခြုံရေးအဖွဲ့တွေနဲ့ သစ်တောဦးစီး ရယ် သွားပြီးတော့ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကြက်တူရွေးတောင်နားလေးမှာ လုံခြုံရေးအရ သွားပြီးတော့ ကြည့်တယ်။ အဲဒီနေရာကို သွားပြီးတော့ ရှာဖွေတယ်” ဟုဆိုသည်။

” သစ်တန်ချိန် ၁၀၀ ကာလတန်ဖိုးကတော့ သိန်း ၃၅၀၀ သတ်မှတ် ထားတာပေါ့လေ၊ အဲဒါတွေမိခဲ့တယ်။ အဲဒီဘက်က ပိတောက်ခွဲသား မိနေကြပါ၊ ဒါပေမယ့် ဒီဟာ မိ တာက ခွဲသားပဲ တန် ၁၀၀ လောက်ဆိုတော့ ပမာဏတော်တော်များတဲ့ အရေအတွက်ဖြစ်နေတယ်” ဟု သူက ဆက်ပြောသည်။

တရားမဝင် ဖမ်းဆီးမိသည့် သစ်များရှိသည့် နေရာသို့ သွားရောက်စစ်ဆေးနေသည့် သထုံရဲစခန်းမှ စခန်းမှူး ရဲအုပ် နိုင်လင်းအောင်က သစ်တောအဖွဲ့များက သစ်များကို တိုင်တာ တွက်ချက်နေကြောင်း၊ ဖမ်းဆီးရမိ သော သစ်များကို မော်လမြိုင်သစ်တောဦးစီးဌာနသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။


(Zawgyi)

ေပါင္ၿမိဳ႕နယ္အတြင္း က်ပ္သိန္း ၃၅၀၀ တန္ဖိုးရွိ သစ္ခြဲသားပုံႀကီးသည္ တရားမဝင္သစ္မ်ားျဖစ္ေန၍ ေမလ ၂၈ ရက္ေန႔ စစ္ဘက္ႏွင့္ သစ္ေတာဦးစီးဌာနက ဖမ္းဆီးခဲ့ေၾကာင္းႏွင့္ ပိုင္ရွင္ကိုေတာ့ ဆက္လက္စုံစမ္းေနေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ထုတ္ျပန္သည္။

မြန္ျပည္နယ္ ေပါင္ၿမိဳ႕နယ္ ၾကက္တူေ႐ြးေတင္ေက်း႐ြာ၏ အေရွ႕ဘက္ မီတာ ၁၀၀ ခန႔္အကြာ ဒုံသမိေခ်ာင္းအနီး၌ စုပုံထားေသာ ပိေတာက္သစ္ခြဲသားဆိုင္ဒ္စုံ တန္ ၁၀၀ ခန႔္ရွိကို သတင္းေပးတိုင္တန္းခ်က္အရ သြားေရာက္စစ္ေဆးခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။


ပိုင္ရွင္မဲ့ ဧရာမ သစ္ခြဲသားပုံႀကီးကို သိမ္းဆည္းရမိ
ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက “ မြန္ျပည္နယ္ဘက္မွာ လုပ္ေနတာၾကာၿပီဗ်၊ ဒီပိေတာက္သစ္ေတြနဲ႔ပတ္သက္ၿပီး လုပ္ေနတာၾကာၿပီ။ သတင္းရတဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္တို႔ နယ္ေျမခံလုံၿခဳံေရးအဖြဲ႕ေတြနဲ႔ သစ္ေတာဦးစီး ရယ္ သြားၿပီးေတာ့ မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္၊ ၾကက္တူေ႐ြးေတာင္နားေလးမွာ လုံၿခဳံေရးအရ သြားၿပီးေတာ့ ၾကည့္တယ္။ အဲဒီေနရာကို သြားၿပီးေတာ့ ရွာေဖြတယ္” ဟုဆိုသည္။

” သစ္တန္ခ်ိန္ ၁၀၀ ကာလတန္ဖိုးကေတာ့ သိန္း ၃၅၀၀ သတ္မွတ္ ထားတာေပါ့ေလ၊ အဲဒါေတြမိခဲ့တယ္။ အဲဒီဘက္က ပိေတာက္ခြဲသား မိေနၾကပါ၊ ဒါေပမယ့္ ဒီဟာ မိ တာက ခြဲသားပဲ တန္ ၁၀၀ ေလာက္ဆိုေတာ့ ပမာဏေတာ္ေတာ္မ်ားတဲ့ အေရအတြက္ျဖစ္ေနတယ္” ဟု သူက ဆက္ေျပာသည္။

တရားမဝင္ ဖမ္းဆီးမိသည့္ သစ္မ်ားရွိသည့္ ေနရာသို႔ သြားေရာက္စစ္ေဆးေနသည့္ သထုံရဲစခန္းမွ စခန္းမႉး ရဲအုပ္ ႏိုင္လင္းေအာင္က သစ္ေတာအဖြဲ႕မ်ားက သစ္မ်ားကို တိုင္တာ တြက္ခ်က္ေနေၾကာင္း၊ ဖမ္းဆီးရမိ ေသာ သစ္မ်ားကို ေမာ္လၿမိဳင္သစ္ေတာဦးစီးဌာနသို႔ ပို႔ေဆာင္သြားမည္ျဖစ္ေၾကာင္း ေျပာသည္။

Post a Comment

Previous Post Next Post