(Unicode)

ကိုဗစ်အလွန် ဆိုတာကို ကမ္ဘာသူကမ္ဘာသားတွေ သိပ်မျှော်ကြပါတယ်..။ ပညာရှင်တွေရဲ့ အဆိုအရ ကိုဗစ်က ရှိနေတော့မှာပါ..။ သွားလိုက်လာလိုက်ပါပဲ..။ ကိုဗစ်မလွန်ပါဘူး… ကိုဗစ်ကို တတ်နိုင်သမျှ ရှောင်ရှားပြီး နေထိုင်သွားရမှာပါ..။ ကမ္ဘာမြေရဲ့ ဧည့်သည်ကြီးကိုဗစ်ကို “မင်းကဧည့်သည် ငါကအိမ်ရှင်” ဆိုပြီးဘယ်သူကမှ နှင်မထုတ်နိုင်သေးပါဘူး..။

ကြွယ်ဝလှပါတယ် ဆိုတဲ့ ရေနံသူဌေး အာရပ်စော်ဘွားကြီးများလဲ ကိုဗစ်ရဲ့ ဒဏ်ကို လည်စင်း ခံနေကြရပါတယ်..။ တိုးတက်လှချည်ရဲ့ ကမ္ဘာပေါ်မှာ ငါသာ အင်အားအကြီးဆုံး ဆိုတဲ့ အမေရိကန် ပြည်ထောင်စုကြီးဟာလဲ ကိုဗစ်နဲ့တွေ့တော့ ကျောကော့နေအောင် ခံနေရပါတယ်..။ နည်းပညာ တိုးတက်တဲ့ နိုင်ငံတွေ ဆေးပညာတိုးတက်တဲ့ နိုင်ငံတွေ အားလုံးဟာ လတ်တလောမှာ ကိုဗစ်ကို လက်မြှောက်ထားရပါတယ်..။ ဒါဟာ ဘယ်သူမှ မငြင်းနိုင်တဲ့ အင်မတန်ခါးသီးလှတဲ့ အမှန်တရားပါ..။ ကမ္ဘာ့ကြိုးဝိုင်းအလယ်မှာ ပြိုင်ဖက်မရှိပဲ အောင်ပွဲခံနေတဲ့ ကိုဗစ်ကို ဖြိုလှဲဖို့က နောက်ထပ် နှစ်နှစ် ကြာပါမယ်လို့ ထိပ်သီးပညာရှင်တွေ ခန့်မှန်းကြပါတယ်..။



သုတေသီအကျော်အမော်တွေကလဲ နေ့မအား ညမနား သုတေသနလုပ်ပြီး အဖြေရှာနေကြပါတယ်.။ ဒါပေမယ့် သုတေသန တို့ရဲ့ သဘာဝအတိုင်း ချက်ချင်း အဖြေမထွက်ပါဘူး..။ ဇီဝသိပ္ပံပညာရပ်ရဲ့ သဘာဝကိုက စမ်းသပ်ရတာ ကြာပါတယ်..။ ဗီဇမှန်ကို တွေ့အောင် သရုပ်ခွဲတတ်ရုံနဲ့လဲ မရပါဘူး..။ ရပြီဆိုပြန်တော့ အဲဒီ ဗီဇကို ပျက်စီးသွားအောင် ပျောက်ပျက်သွားအောင် ဒါမှမဟုတ် ပြောင်းလဲ ယဉ်ပါးသွားအောင် ဘယ်အရာက စွမ်းဆောင်နိုင်သလဲ ဆိုတာ စမ်းသပ်ရှာဖွေရပြန်ပါတယ်..။ ဒါကြောင့် အချိန်နှစ်နှစ်ဆိုတာ နည်းတောင်နည်းနေပါသေးတယ်..။

အဲဒီ ဘုမသိ ဘမသိ ကိုဗစ်ကို “ထွက်သွား” “အလိုမရှိ” လို့ အော်နေမယ့်အစား သူနဲ့ အနီးဆုံးမှာ ရှောင်ကွင်းနေထိုင်တတ်ဖို့ သင်ယူလေ့ကျင့် ကြိုးစားကြရမှာပါ..။ ကိုယ့်ကိုယ်ကို အသွင်ပြောင်းရမှာပါ..။ အခုကို တော်တော် ကျင့်သားရလာကြပါပြီ..။ ခပ်ခွါခွါ နေဖို့ တို့ လက်ခဏခဏ ဆေးဖို့တို့ .. အပြင်သိပ်မထွက်ဖို့.. လူတွေအချင်းချင်း ရောရောနှောနှော မနေဖို့ တို့ ပင်မအသက်ရှူလမ်းကြောင်းကို တတ်နိုင်သမျှ ဖုံးအုပ်ကာကွယ်ဖို့တို့.. ကိုယ့်ကျန်းမာရေးကို ကိုယ်ကိုယ်တိုင် ဂရုစိုက်ဖို့ တို့ ဆိုတာတွေဟာ တော်တော်ကို ယဉ်ပါးလာကြပြီလို့ ဆိုနိုင်ပါတယ်..။

“အသက်ရှူရတာခက်တယ်” “လက်က အိမ်ကဆေးခဲ့ပြီးသား” “ကိုယ်ကြိုက်တာ ကိုယ်ရွေးဝယ်ချင်တာ တောင် ရွေးလို့မရဘူးလား” “လက်ရေတပြင်တည်းစားရအောင်” “လက်ဖက်ပွဲထဲ ဇွန်းတစ်ချောင်းထဲ တပ်ထားတာ ဘာဖြစ်တုန်း” တို့ ဆိုတာတွေကနေ ရုန်းထွက် နိုင်ခဲ့ကြပါပြီ..။

အရက်သောက်ခြင်းက ကိုဗစ်ကို ကာကွယ်နိုင်တယ် ဆိုပေမယ့် ဘယ်အရက်သမားမှ ခွက်လှည့် မသောက်ကြတော့ပါဘူး..။ “တစ်ဝိုင်းထဲထိုင်သောက်ရမှ ဇိမ်ရှိတာ” ဆိုတာလဲ ပျောက်ပြီး ကိုယ့်ပုလင်း ကိုယ့်ခွက်နဲ့ ကိုယ့်အိမ်မှာပဲ လမ်းမကြီးကို မျှော်ကြည့်ပြီး သောက်တတ်နေကြပါပြီ။



ဒွန်တွဲလာတဲ့ အကောင်းနဲ့ အဆိုးကြောင့် ကိုဗစ်ကို မုန်းတီးကြသလို ကိုဗစ်ကြောင့်ပဲ တစ်အိမ်ထဲနေ တစ်အိုးထဲစားကြသူတွေ ပိုပြီး နီးစပ်ချစ်ခင်လာတာကိုလဲ တွေ့နိုင်ပါတယ်..။ မမျှော်မှန်းနိုင်တဲ့ အချိန်ကာလကြောင့် ရှိသမျှကို ခြွေတာ တတ်လာကြပါတယ်..။ ဝင်ငွေနည်းပါးသွားတာနဲ့ အမျှ ထွက်ငွေကို ပိုပြီးစိစစ်တတ်လာပါတယ်..။

ချမ်းသာပိုလျှံနေသူများဟာ နိုင်ငံ့လူဦးရေနဲ့စာလိုက်ရင် တကယ့်ကို နည်းနည်းလေးပါ..။ မရှိမရှားလူလတ်တန်းစားနဲ့ ဘာမှမရှိတဲ့ ဆင်းရဲသားက အများစုပါ..။

မကြာခင်မှာတော့ အဲဒီ လူလတ်တန်းစားတွေနဲ့ မနင်းခင်က ပြားနေကြတဲ့ ဆင်သွားလမ်းပေါ်က နှီးယပ်တောင်လို လူဆင်းရဲတွေ အတွက် ကိုဗစ်နဲ့ အတူ ယှဉ်တွဲနေမလား ရှောင်ကွင်း နေမလား ဆိုတဲ့ အဖြေကို ကမ္ဘာ့သုတေသန ပညာရှင်တွေက ထုတ်ပေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်.. ဗျာ။

ချစ်ခင်စွာဖြင့် – ကောင်းလွန်း

(Zawgyi)

ကိုဗစ္အလြန္ ဆိုတာကို ကမာၻသူကမာၻသားေတြ သိပ္ေမွ်ာ္ၾကပါတယ္..။ ပညာရွင္ေတြရဲ႕ အဆိုအရ ကိုဗစ္က ရွိေနေတာ့မွာပါ..။ သြားလိုက္လာလိုက္ပါပဲ..။ ကိုဗစ္မလြန္ပါဘူး… ကိုဗစ္ကို တတ္ႏိုင္သမွ် ေရွာင္ရွားၿပီး ေနထိုင္သြားရမွာပါ..။ ကမာၻေျမရဲ႕ ဧည့္သည္ႀကီးကိုဗစ္ကို “မင္းကဧည့္သည္ ငါကအိမ္ရွင္” ဆိုၿပီးဘယ္သူကမွ ႏွင္မထုတ္ႏိုင္ေသးပါဘူး..။

ႂကြယ္ဝလွပါတယ္ ဆိုတဲ့ ေရနံသူေဌး အာရပ္ေစာ္ဘြားႀကီးမ်ားလဲ ကိုဗစ္ရဲ႕ ဒဏ္ကို လည္စင္း ခံေနၾကရပါတယ္..။ တိုးတက္လွခ်ည္ရဲ႕ ကမာၻေပၚမွာ ငါသာ အင္အားအႀကီးဆုံး ဆိုတဲ့ အေမရိကန္ ျပည္ေထာင္စုႀကီးဟာလဲ ကိုဗစ္နဲ႔ေတြ႕ေတာ့ ေက်ာေကာ့ေနေအာင္ ခံေနရပါတယ္..။ နည္းပညာ တိုးတက္တဲ့ ႏိုင္ငံေတြ ေဆးပညာတိုးတက္တဲ့ ႏိုင္ငံေတြ အားလုံးဟာ လတ္တေလာမွာ ကိုဗစ္ကို လက္ေျမႇာက္ထားရပါတယ္..။ ဒါဟာ ဘယ္သူမွ မျငင္းႏိုင္တဲ့ အင္မတန္ခါးသီးလွတဲ့ အမွန္တရားပါ..။ ကမာၻ႔ႀကိဳးဝိုင္းအလယ္မွာ ၿပိဳင္ဖက္မရွိပဲ ေအာင္ပြဲခံေနတဲ့ ကိုဗစ္ကို ၿဖိဳလွဲဖို႔က ေနာက္ထပ္ ႏွစ္ႏွစ္ ၾကာပါမယ္လို႔ ထိပ္သီးပညာရွင္ေတြ ခန႔္မွန္းၾကပါတယ္..။


သုေတသီအေက်ာ္အေမာ္ေတြကလဲ ေန႔မအား ညမနား သုေတသနလုပ္ၿပီး အေျဖရွာေနၾကပါတယ္.။ ဒါေပမယ့္ သုေတသန တို႔ရဲ႕ သဘာဝအတိုင္း ခ်က္ခ်င္း အေျဖမထြက္ပါဘူး..။ ဇီဝသိပၸံပညာရပ္ရဲ႕ သဘာဝကိုက စမ္းသပ္ရတာ ၾကာပါတယ္..။ ဗီဇမွန္ကို ေတြ႕ေအာင္ သ႐ုပ္ခြဲတတ္႐ုံနဲ႔လဲ မရပါဘူး..။ ရၿပီဆိုျပန္ေတာ့ အဲဒီ ဗီဇကို ပ်က္စီးသြားေအာင္ ေပ်ာက္ပ်က္သြားေအာင္ ဒါမွမဟုတ္ ေျပာင္းလဲ ယဥ္ပါးသြားေအာင္ ဘယ္အရာက စြမ္းေဆာင္ႏိုင္သလဲ ဆိုတာ စမ္းသပ္ရွာေဖြရျပန္ပါတယ္..။ ဒါေၾကာင့္ အခ်ိန္ႏွစ္ႏွစ္ဆိုတာ နည္းေတာင္နည္းေနပါေသးတယ္..။

အဲဒီ ဘုမသိ ဘမသိ ကိုဗစ္ကို “ထြက္သြား” “အလိုမရွိ” လို႔ ေအာ္ေနမယ့္အစား သူနဲ႔ အနီးဆုံးမွာ ေရွာင္ကြင္းေနထိုင္တတ္ဖို႔ သင္ယူေလ့က်င့္ ႀကိဳးစားၾကရမွာပါ..။ ကိုယ့္ကိုယ္ကို အသြင္ေျပာင္းရမွာပါ..။ အခုကို ေတာ္ေတာ္ က်င့္သားရလာၾကပါၿပီ..။ ခပ္ခြါခြါ ေနဖို႔ တို႔ လက္ခဏခဏ ေဆးဖို႔တို႔ .. အျပင္သိပ္မထြက္ဖို႔.. လူေတြအခ်င္းခ်င္း ေရာေရာေႏွာေႏွာ မေနဖို႔ တို႔ ပင္မအသက္ရႉလမ္းေၾကာင္းကို တတ္ႏိုင္သမွ် ဖုံးအုပ္ကာကြယ္ဖို႔တို႔.. ကိုယ့္က်န္းမာေရးကို ကိုယ္ကိုယ္တိုင္ ဂ႐ုစိုက္ဖို႔ တို႔ ဆိုတာေတြဟာ ေတာ္ေတာ္ကို ယဥ္ပါးလာၾကၿပီလို႔ ဆိုႏိုင္ပါတယ္..။

“အသက္ရႉရတာခက္တယ္” “လက္က အိမ္ကေဆးခဲ့ၿပီးသား” “ကိုယ္ႀကိဳက္တာ ကိုယ္ေ႐ြးဝယ္ခ်င္တာ ေတာင္ ေ႐ြးလို႔မရဘူးလား” “လက္ေရတျပင္တည္းစားရေအာင္” “လက္ဖက္ပြဲထဲ ဇြန္းတစ္ေခ်ာင္းထဲ တပ္ထားတာ ဘာျဖစ္တုန္း” တို႔ ဆိုတာေတြကေန ႐ုန္းထြက္ ႏိုင္ခဲ့ၾကပါၿပီ..။

အရက္ေသာက္ျခင္းက ကိုဗစ္ကို ကာကြယ္ႏိုင္တယ္ ဆိုေပမယ့္ ဘယ္အရက္သမားမွ ခြက္လွည့္ မေသာက္ၾကေတာ့ပါဘူး..။ “တစ္ဝိုင္းထဲထိုင္ေသာက္ရမွ ဇိမ္ရွိတာ” ဆိုတာလဲ ေပ်ာက္ၿပီး ကိုယ့္ပုလင္း ကိုယ့္ခြက္နဲ႔ ကိုယ့္အိမ္မွာပဲ လမ္းမႀကီးကို ေမွ်ာ္ၾကည့္ၿပီး ေသာက္တတ္ေနၾကပါၿပီ။


ဒြန္တြဲလာတဲ့ အေကာင္းနဲ႔ အဆိုးေၾကာင့္ ကိုဗစ္ကို မုန္းတီးၾကသလို ကိုဗစ္ေၾကာင့္ပဲ တစ္အိမ္ထဲေန တစ္အိုးထဲစားၾကသူေတြ ပိုၿပီး နီးစပ္ခ်စ္ခင္လာတာကိုလဲ ေတြ႕ႏိုင္ပါတယ္..။ မေမွ်ာ္မွန္းႏိုင္တဲ့ အခ်ိန္ကာလေၾကာင့္ ရွိသမွ်ကို ေႁခြတာ တတ္လာၾကပါတယ္..။ ဝင္ေငြနည္းပါးသြားတာနဲ႔ အမွ် ထြက္ေငြကို ပိုၿပီးစိစစ္တတ္လာပါတယ္..။

ခ်မ္းသာပိုလွ်ံေနသူမ်ားဟာ ႏိုင္ငံ့လူဦးေရနဲ႔စာလိုက္ရင္ တကယ့္ကို နည္းနည္းေလးပါ..။ မရွိမရွားလူလတ္တန္းစားနဲ႔ ဘာမွမရွိတဲ့ ဆင္းရဲသားက အမ်ားစုပါ..။

မၾကာခင္မွာေတာ့ အဲဒီ လူလတ္တန္းစားေတြနဲ႔ မနင္းခင္က ျပားေနၾကတဲ့ ဆင္သြားလမ္းေပၚက ႏွီးယပ္ေတာင္လို လူဆင္းရဲေတြ အတြက္ ကိုဗစ္နဲ႔ အတူ ယွဥ္တြဲေနမလား ေရွာင္ကြင္း ေနမလား ဆိုတဲ့ အေျဖကို ကမာၻ႔သုေတသန ပညာရွင္ေတြက ထုတ္ေပးႏိုင္ၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္.. ဗ်ာ။

ခ်စ္ခင္စြာျဖင့္ – ေကာင္းလြန္း

Post a Comment

Previous Post Next Post