Unicode

မနေ့ မေလ ၂၇ ရက် မနက်ပိုင်း ၁၀ နာရီမှာ အောက်နမ့်ဟွယ်ကျေးရွာအတွင်းက အောင်ပန်(တိမ်းရှောင်နေသူ)နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ အိမ်ခန်းအတွင်းက ကြိုးဆွဲလက်ပစ်ဗုံး ၂ လုံး၊ အမ်-၂၂ ကျည် ၈ ထောင့်ကို ဖမ်းဆီးရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အောက်နမ့်ဟွယ်ကျေးရွာရှိ ဇော်ဦးရဲ့ နေအိမ်အတွင်းရှိ ဘုရားစင်ကွပ်ပျစ်အောက်မှာ ပီနံအိတ်နဲ့ ထုတ်ပိုးထားတဲ့ အမ် ၂၂ သေနတ် ၂ လက်နဲ့ ကျည် ၁၀၈ ထောင့်၊ ကျည် ၁၂ ခု၊ လက်ပစ်ဗုံး ၅ လုံး၊ လွယ်ကြိုး ၂ ချောင်းတို့ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။



နမ့်ဟွယ်အပေါ်ကျေးရွာမှာရှိတဲ့ အိုက်ပီးနေအိမ်ကို ထက်မံဝင်ရောက်ရှာဖွေရာမှာ ခြံဝန်းအတွင်းရှိ ကောက်ရိုးပုံအတွင်း ကြွပ်ကြွပ်အိပ်နဲ့ ထုတ်ပိုးထားတဲံ ခြောက်လုံးပြူးသေနတ် ၁ လက်၊ ကျည် ၆ ထောင့်၊ TNLA ယူနီဖောင်း ၁ စုံ၊ ပြောက်ကျားဦးထုပ် ၁ လုံးနဲ့ လက်ထိပ် ၁ ခုတို့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဖမ်းဆီးရမိသူတွေနဲ့ လက်နက်ခဲယမ်းတွေကို သက်ဆိုင်ရာကို အပ်နှံပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ချက်ထားပါတယ်။

#လက်နက်ခဲယမ်း #မူဆယ် #တပ်မတော်
#ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံ

Zawgyi






#ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Post a Comment

Previous Post Next Post