(Unicode)

ဘဘဆီကဖိနပ်တွေအကုန်ဝယ်လာပါပြီ ဖိနပ်ဖိုး စုစုပေ့ါင်း၆၁၅၀၀ ကညီမလေး စိုးစန္ဒာ နမ့်တော့ကပါ ဖွေးက ၁၀၀၀၀ ; မပန်းအိ ၃၀၀၀၀ ; မဟန်နီကလည်း ၃၀၀၀၀ ထပ်လှူပေးပါတယ်

လေးစားဖို့ကောင်းလိုက်တာဗျာ…………….ဖိနပ်သည်အဘဆီက အကုန်ယူလိုက်တာတဲ့လေ..

ဘဘတို့အိမ်က ဂန့်ဂေါကျောင်းမျက်နှာချင်းဆိုင်လမ်းမှာ အိမ်ငှားနေတာပါ လမ်းညွှန်ပေးကြတဲ့သူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်

အားလုံးသာဓူခေါ်ခဲ့ကြပါအုံးရှင့်



ဖြစ်စဉ်က………………..

အဖိုးရဲ့ ဖိနပ်ဆိုင်လေး ပြန်ဖွင့်တာ ၃ ရက်ရှိပါပြီ အဖိုးက Mask မတပ်ထားတာ တွေ့လို့ Mask သွားပေးရင်း အဖိုးနဲ့ စကားလက်ဆုံ ကြဖြစ်ခဲ့ပါတယ်။

အဘိုးဘာလို့ Mask မတပ်တာလဲလို့ မေးလိုက်တော့ အဘိုးက သူရဲ့ဘေးမှာချထားတဲ့ အိမ်တွင်းလုပ် နှာခေါင်းစည်းလေးကို ပြရင်း နားရွက်တွေနာလို့ ခဏချွတ်ထားလို့ ဆိုပါတယ်။



” အိမ်မှာချုပ်တာဆိုတော့ ဘယ်နေရာလိုသွားလို့လဲ မသိဘူး တပ်ရတာနားရွက်နာတယ် ငါ့မြေးလာပေးတဲ့ နှာခေါင်းစည်းမျိုး ကြတော့လဲ အဖိုးဝယ်ပြီးတပ်နိုင်ပါဘူးကွယ် ”



အဘိုးရဲ့ စကားဆုံးသွားချိန် ခင်းထားတဲ့ ဖိနပ်တွေကိုကြည့်လိုက်တော့ တစ်ခုခုလိုနေသလို ခံစားမိလိုက်ရပါတယ် အရင်ကဆို မိုးကာနဲ့အပြည့် ဖိနပ်တွေကို ခင်းထားတာပါ အခုတော့ မိုးကာအပြည့် မခင်းနိုင်တော့တဲ့အပြင် ဒီဖိနပ်တွေက နောက်ဆုံးလက်ကျန် ဖိနပ်တွေဆိုတာကို သိလိုက်ရပါတော့တယ်။



” သင်္ကြန် မတိုင်ခင်ကတည်းက ဆိုင်ပိတ်လိုက်ရတာ စားစရာမရှိတော့လို့ နောက်ဆုံးကျန်တဲ့ ဖိနပ်တွေနဲ့ ဆိုင် ပြန်ဖွင့်တာ ဖိနပ်အသစ်တွေပြန်လုပ်ဖို့ ပစ္စည်းတွေက မန်လေးမှာ ကိုယ်တိုင်သွားဝယ်ရတာ အခုကားခက အသွားအပြန် သုံးသောင်းလောက်ဆိုတော့ သွားဝယ်ဖို့ အဆင်မပြေတော့ဘူး မုံရွာမှာက ဝယ်လို့ရပေမယ့် ပစ္စည်းက အစုံမရှိဘူး”



အဖိုးရဲ့ အသက်က ၈၅ နှစ်ရှိပါပြီ ဖိနပ်လုပ်ငန်းကို ၁၀ စုနှစ်တစ်ခုကျော်ကြာ လုပ်ကိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ် လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ဇနီးဖြစ်သူနဲ့ အတူဆိုင်ဖွင့်ခဲ့ပေမယ့် အခုဆိုရင် ဇနီးသည် လည်း ဆုံးပါးသွားခဲ့ပြီမို့ အဖိုးတစ်ယောက်ထဲသာ ဆက်လက်ဆိုင်ဖွင့်နေတာပါ။

အဖိုးရဲ့ ကတ္တီပါ ဖိနပ်တွေက ဒီဇိုင်းလဲဆန်းသလို ခိုင်ခံမှုလဲရှိပါတယ် ကလေးစီး၊ ကျား/မ ဖိနပ်ဆိုဒ်မျိုးစုံရှိပြီး ဈေနှုန်းကလဲ တစ်ထောင်ကနေ သုံးထောင်အထိသာရှိပါတယ်။



” အဘိုးက မန်းလေးသားစစ် အသက် ၄၅ နှစ်လောက်မှ မုံရွာကိုပြောင်းခဲ့တာ ဒီကိုပြောင်းလာတော့ ဒုက္ခတော်တော်ရောက်ခဲ့တာ စီးပွားက အဆင်မပြေဘူး ကုန်အရောင်း အဝယ်လုပ်တာလဲ အဆင်မပြေ နောက်ဆုံး ဘယ်အလုပ်မှ အဆင်မပြေလို့ ဒီဖိနပ်လုပ်ငန်းကို လုပ်ဖြစ်သွားတာ ”

ဒီကာလမှာ လူတိုင်းစီးပွားရေး အကြပ်အတည်းကို ရင်ဆိုင်နေပေမယ့် အဘိုးလို အသက်ကြီးရွယ်အိုတွေက ဝမ်းစာအတွက် လှုပ်ရှားရုန်းကန်ရတာ ပိုမိုခက်ခဲလိမ့်မယ်လို့ ထင်မိပါတယ်။



အကယ်၍များ လမ်းသင့်လို့ အဖိုးရဲ့ဖိနပ်ဆိုင်လေးရှိရာ မုံရွာ အ.ထ.က ၂ ကျောင်းအနီး ဆေးရုံလမ်းကို ရောက်ခဲ့ရင် ဖိနပ်လေးတွေ ဝယ်ယူအားပေးခဲ့ကြပါလို့ တိုက်တွန်းရင်း ဒီစာကို အဆုံးသတ် လိုက်ပါရစေ…။

(Zawgyi)

ဘဘဆီကဖိနပ္ေတြအကုန္ဝယ္လာပါၿပီ ဖိနပ္ဖိုး စုစုေပ့ါင္း၆၁၅၀၀ ကညီမေလး စိုးစႏၵာ နမ့္ေတာ့ကပါ ေဖြးက ၁၀၀၀၀ ; မပန္းအိ ၃၀၀၀၀ ; မဟန္နီကလည္း ၃၀၀၀၀ ထပ္လႉေပးပါတယ္

ေလးစားဖို႕ေကာင္းလိုက္တာဗ်ာ…………….ဖိနပ္သည္အဘဆီက အကုန္ယူလိုက္တာတဲ့ေလ..

ဘဘတို႔အိမ္က ဂန႔္ေဂါေက်ာင္းမ်က္ႏွာခ်င္းဆိုင္လမ္းမွာ အိမ္ငွားေနတာပါ လမ္းၫႊန္ေပးၾကတဲ့သူေတြအားလုံးကိုလည္းေက်းဇူးတင္ပါတယ္

အားလံုးသာဓူေခၚခဲ့ၿကပါအံုးရွင့္



ျဖစ္စဥ္က………………..

အဖိုးရဲ႕ ဖိနပ္ဆိုင္ေလး ျပန္ဖြင့္တာ ၃ ရက္ရွိပါၿပီ အဖိုးက Mask မတပ္ထားတာ ေတြ႕လို႔ Mask သြားေပးရင္း အဖိုးနဲ႔ စကားလက္ဆုံ ၾကျဖစ္ခဲ့ပါတယ္။

အဘိုးဘာလို႔ Mask မတပ္တာလဲလို႔ ေမးလိုက္ေတာ့ အဘိုးက သူရဲ႕ေဘးမွာခ်ထားတဲ့ အိမ္တြင္းလုပ္ ႏွာေခါင္းစည္းေလးကို ျပရင္း နား႐ြက္ေတြနာလို႔ ခဏခြၽတ္ထားလို႔ ဆိုပါတယ္။



” အိမ္မွာခ်ဳပ္တာဆိုေတာ့ ဘယ္ေနရာလိုသြားလို႔လဲ မသိဘူး တပ္ရတာနား႐ြက္နာတယ္ ငါ့ေျမးလာေပးတဲ့ ႏွာေခါင္းစည္းမ်ိဳး ၾကေတာ့လဲ အဖိုးဝယ္ၿပီးတပ္ႏိုင္ပါဘူးကြယ္ ”



အဘိုးရဲ႕ စကားဆုံးသြားခ်ိန္ ခင္းထားတဲ့ ဖိနပ္ေတြကိုၾကည့္လိုက္ေတာ့ တစ္ခုခုလိုေနသလို ခံစားမိလိုက္ရပါတယ္ အရင္ကဆို မိုးကာနဲ႔အျပည့္ ဖိနပ္ေတြကို ခင္းထားတာပါ အခုေတာ့ မိုးကာအျပည့္ မခင္းႏိုင္ေတာ့တဲ့အျပင္ ဒီဖိနပ္ေတြက ေနာက္ဆုံးလက္က်န္ ဖိနပ္ေတြဆိုတာကို သိလိုက္ရပါေတာ့တယ္။



” သၾကၤန္ မတိုင္ခင္ကတည္းက ဆိုင္ပိတ္လိုက္ရတာ စားစရာမရွိေတာ့လို႔ ေနာက္ဆုံးက်န္တဲ့ ဖိနပ္ေတြနဲ႔ ဆိုင္ ျပန္ဖြင့္တာ ဖိနပ္အသစ္ေတြျပန္လုပ္ဖို႔ ပစၥည္းေတြက မန္ေလးမွာ ကိုယ္တိုင္သြားဝယ္ရတာ အခုကားခက အသြားအျပန္ သုံးေသာင္းေလာက္ဆိုေတာ့ သြားဝယ္ဖို႔ အဆင္မေျပေတာ့ဘူး မုံ႐ြာမွာက ဝယ္လို႔ရေပမယ့္ ပစၥည္းက အစုံမရွိဘူး”



အဖိုးရဲ႕ အသက္က ၈၅ ႏွစ္ရွိပါၿပီ ဖိနပ္လုပ္ငန္းကို ၁၀ စုႏွစ္တစ္ခုေက်ာ္ၾကာ လုပ္ကိုင္ခဲ့သူတစ္ဦးလည္း ျဖစ္ပါတယ္ လြန္ခဲ့တဲ့ ၂ ႏွစ္ေက်ာ္က ဇနီးျဖစ္သူနဲ႔ အတူဆိုင္ဖြင့္ခဲ့ေပမယ့္ အခုဆိုရင္ ဇနီးသည္ လည္း ဆုံးပါးသြားခဲ့ၿပီမို႔ အဖိုးတစ္ေယာက္ထဲသာ ဆက္လက္ဆိုင္ဖြင့္ေနတာပါ။

အဖိုးရဲ႕ ကတၱီပါ ဖိနပ္ေတြက ဒီဇိုင္းလဲဆန္းသလို ခိုင္ခံမႈလဲရွိပါတယ္ ကေလးစီး၊ က်ား/မ ဖိနပ္ဆိုဒ္မ်ိဳးစုံရွိၿပီး ေစ်ႏႈန္းကလဲ တစ္ေထာင္ကေန သုံးေထာင္အထိသာရွိပါတယ္။



” အဘိုးက မန္းေလးသားစစ္ အသက္ ၄၅ ႏွစ္ေလာက္မွ မုံ႐ြာကိုေျပာင္းခဲ့တာ ဒီကိုေျပာင္းလာေတာ့ ဒုကၡေတာ္ေတာ္ေရာက္ခဲ့တာ စီးပြားက အဆင္မေျပဘူး ကုန္အေရာင္း အဝယ္လုပ္တာလဲ အဆင္မေျပ ေနာက္ဆုံး ဘယ္အလုပ္မွ အဆင္မေျပလို႔ ဒီဖိနပ္လုပ္ငန္းကို လုပ္ျဖစ္သြားတာ ”

ဒီကာလမွာ လူတိုင္းစီးပြားေရး အၾကပ္အတည္းကို ရင္ဆိုင္ေနေပမယ့္ အဘိုးလို အသက္ႀကီး႐ြယ္အိုေတြက ဝမ္းစာအတြက္ လႈပ္ရွား႐ုန္းကန္ရတာ ပိုမိုခက္ခဲလိမ့္မယ္လို႔ ထင္မိပါတယ္။

အကယ္၍မ်ား လမ္းသင့္လို႔ အဖိုးရဲ႕ဖိနပ္ဆိုင္ေလးရွိရာ မုံ႐ြာ အ.ထ.က ၂ ေက်ာင္းအနီး ေဆး႐ုံလမ္းကို ေရာက္ခဲ့ရင္ ဖိနပ္ေလးေတြ ဝယ္ယူအားေပးခဲ့ၾကပါလို႔ တိုက္တြန္းရင္း ဒီစာကို အဆုံးသတ္ လိုက္ပါရေစ…။

Post a Comment

Previous Post Next Post